Part (26) Uni/Zawgyi

11.9K 301 20
                                    

မင်းကြိုက်သလိုချစ်
အပိုင်း(26)
"တေဇ"
"ဘာလဲကွာ မသာကောင် က လူအိပ်ချိန်ကွ နားလည်လား"
လင်းယောင်သည် ညသန်းခေါင်ကြီးဖြစ်သည်ကိုပင် သတိမထားမိလိုက်ပဲတေဇအား ဖုန်းခေါ်မိလိုက်သည်။
"ဟေ့ကောင် မင်းက မင်းအစ်မ လိုပဲ ငါ့ကို ခွဲတာလား ဟုတ်လား "
"ဟင်   မင်း အသံ နားထောင်ရတာ အခြေအနေက သိပ်မဟန်ဘူး မင်း မူးနေပြီမလား "
"ဟက် မင်းလည်း တူတူပဲလား ဟေ့ကောင် ဟဟဟ "
"လင်းယောင် ဘာတွေလဲကွာ မစ္စဟန် နဲ့က ဘာဖြစ်တာလဲ"
"အီး ဟက်  မင်းအစ်မက ငါ့ကို ပြတ်ပြီတဲ့ကွ  ဖြစ်သင့်လားကွာ သူတွဲလို့အားရတော့ ပြတ်ပြီတဲ့"
"ဘာ? အာ...... သူတောင်းစား နောက်စရာလား မူးနေရင်လည်း အိပ်ကွာ အဝေးမှာတောင် မင်းဒဏ်ခံနေရပါလား "
"ငါ သေရင် ကောင်းမလား "
အသံက လည်း မပီမသ ဖြင့် အတော်မူးနေပုံရ၏ ။
"မင်းကဘယ်မှာလဲ "
"bar မှာ "
"ဟာကွာ ပြန်စမ်းပါ "
"ပြန်ဘူးကွာ မင်းလည်း မင်းအစ်မလိုပဲ "
"မဟုတ်ပါဘူးကွာ ငါအိပ်ချင်နေလို့ပါ ပြီးတော့ မင်းပြောတာလည်း ကောင်းကောင်းနားမလည်ဘူး အစ်မ က စိတ်ကောက်လို့ပြောလိုက်တာနေမှာပါ "
တေဇ အိပ်ချင်မူးတူး မျက်လုံးများတောင် သူ့ကိုဖြောင်းဖျရင်း ပြူးကျယ်လာပြီ
"ဟေ့ ဟေ့ကောင် လင်းယောင် လင်းယောင် ဟေ့ အိပ်ပျော်နေတာလား "
တစ်ဖက်က ဘာမှပြန်ပြောသံမကြားရတာကြောင့်
"ဟေ့ ချီးကောင် "
တေဇ ဖုန်းချ ပစ်လိုက်သည်။
ပြန်အိပ်ဖို့စိတ်ကူးပေမယ့် စိတ်မချနိုင်သဖြင့်
"ကျစ် မဖြစ်သေးပါဘူးကွာ"
တေဇ စောင်ခြုံကာ ပြန်အိပ်ဖို့ ပြုသော်လည်း မအိပ်နိုင်ပဲ အစ်မဆီဖုန်းဆက်မေးမိပြန်၏ ။
"ဟေ့ မစ္စဟန် "
"ဘာတုန်းဟယ် ညသန်းခေါင်ကြီး "
"နင့်ရည်းစား သူတောင်းစားကောင်က မူးရူးကွဲပြဲနေပြီဟ သူဖုန်းဆက်နှိုးလို့ ဒီမှာအိပ်ရေးပျက်ပြီ "
ဆဲနည်းပေါင်းစုံမို့ တေဇ အတော်စိတ်တိုနေပုံရ၏ ။
"ဘာကိုလဲ နင်ပြောတာဘာမှန်းကိုမသိတာ"
"ဟာ နင့်အချစ်ဆုံး  'မောင်´ ဆိုတဲ့ ကောင် မူးရူးနေတယ်လို့ ဘာဖြစ်ကြတာလဲ နင် စိတ်ကောက်တာလား "
"ငါနဲ့လင်းယောင် ပြီးပြီ တေဇ သူနဲ့ပတ်သတ်ပြီး ငါ့ကိုလာမပြောနဲ့ "
"ဟမ်? အဲ့တာဆို သူပြောတာ တကယ်ပေါ့ အစ်မ တကယ် ပြတ်ပြီလို့ပြောတာလား နင် ဘာတွေဖြစ်နေတာလဲ လင်းယောင် barမှာ မူးပြီးမှောက်နေပြီ "
"တော်ပြီဟာ ဒါတွေပြောမယ်ဆိုရင် ငါအိပ်ပြီ "
ဟန်ခေ ဖုန်းကို စက်ပါပိတ်ပစ်လိုက်၏။
ထို့နောက် သူမရဲ့ ခေါင်းအုံးလေးလည်း မျက်ရည်များဖြင့်သာ စိုရွှဲစွာ
တောင်းပန်ပါတယ် မောင်ရယ်
မောင် မုန်းသွားမှာကြောက်လို့ပါ
မောင် မုန်းသွားမှ လမ်းခွဲတာမျိုး မလိုချင်လို့ အရင်ဆုံး အဆုံးသတ်လိုက်မိတာပါ ခေ့ရင်တွေ ဘယ်လောက်နာကျင်နေလဲ ဆိုတာ မောင် မသိရင်တောင် မောင် သိပ်ခံစားရမယ်ဆိုတာ သိသိကြီးနဲ့ လုပ်ရပ်နိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် တောင် မုန်းပစ်ချင်တယ်မောင်ရယ်

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now