လင်းယွီ့က တိတ်ဆိတ်သွားသည် ။ သူသာ နယ်စပ်ကိုသွားပါက မြို့တော်တွင် ဝမ်ရယ်အိမ်တော်၏ အခြေအနေသည် ဘာဖြစ်မှန်းမသိ စိုးရိမ်ရသည် ။ မသွားပြန်ရင်လည်း သူရဲ့ အနှစ်နှစ်အလလ ကြိုးစားခဲ့ရသည့် အိမ်မက်က ပျက်စီးသွားမည် ဖြစ်သည် ။
" စစ်သူကြီး!! မြန်မြန်လေး တောင်းပန်လိုက်လေ.. " လင်းယွီ့က ခပ်တိုးတိုးပြောလာသည့် အသံအား လစ်လျုရှုလိုက်သည် ။ သူက လက်နှစ်ဖက်ကို ယှက်လိုက်ကာ ဗိုက်နားတွင် ကပ်လိုက်ပြီး ခါးကို မတ်လိုက်သည် ။ " ကျွန်တော်မျိုးက .. ဝမ်ရယ်ရဲ့ ကြင်ယာတော် တစ်ယောက်မို့ .. တာဝန်ကို ပျက်ကွက်လို့ မဖြစ်ပါဘူး .. အရှင်မင်းကြီးရဲ့ အမိန့်အတိုင်းပါ.. ကျားတံဆိပ်ကို အိမ်တော်ပြန်ရောက်ရောက်ချင်း လွဲပေးလိုက်ပါမယ် .."
" ဟက်.. စစ်သူကြီးတစ်ယောက်ရဲ့ တာဝန်ကို လစ်လျုရှုပြီး ကြင်ယာတော်ရဲ့ တာဝန်ကို လုပ်မယ်ပေါ့ .. ဇယ်ရီရဲ့ အိပ်ရာထက်က စွမ်းရည်က တော်တော်ကောင်းတဲ့ ပုံဘဲ .. ဟားးဟားး " အန်းမူ၏ အထင်တသေး ပြောဆိုမှုများအား လင်းယွီက အဖက်မလုပ်တော့ပေ ။ နယ်စပ်တွင် အရေးပေါ်အခြေအနေ အမှန်ရှိပါက သူက အန်းဇယ်ရီကို ခေါ်ပြီး ချက်ချင်း သွားမည် ဖြစ်သည် ။ အိမ်တော်၏ အာဏာကို အဆုံးရှုံးခံလိုက်မည် ဖြစ်သည် ။ သို့သော် ဒီလူများက သူ့ကို ပထုတ်ချင်ရုံသာ .. တိကျတဲ့ သတင်းအချက်အလက် မပေးနိုင်ကြပေ ။
ညီလာခံမှ ထွက်ခွာသွားသည့် လင်းယွီ့အား ခိုး၍သော်လည်းကောင်း ပေါ်တင်သော်လည်းကောင်း လှောင်ပြောင်နေကြသည် ။ ကျန်ရှိနေသေးသည့် ဘက်တော်သားများမှာလည်း စိတ်မကောင်းဖြစ်ပြီး ခေါင်းခါရုံသာ တတ်နိုင်ကြသည် ။
ခပ်ဖြေးဖြေးပွင့်လာသည့် တံခါးနှစ်ချပ်ကို ကြည့်ရင်း လင်းယွီ့က အနည်းငယ် ဝမ်းနည်းသလို ခံစားရသည် ။ သူ့ရဲ့ ငယ်စဉ်ကတည်းက မက်လာခဲ့သည့် တိုင်းပြည်ကာကွယ်မယ်ဆိုတဲ့ အိမ်မက်က ဒီတံခါးကို ဖြတ်ပြီးတာနဲ့ သွားပြီ မဟုတ်ပါလား ..။ သို့သော် ထိုဝမ်းနည်းမှုက လျင်မြန်စွာပင် ပျောက်သွားခဲ့သည် ။ ဒီတခဏ သူစိတ်ထဲတွင် ထိုလူသားသည် သူ့အိမ်မက်ထက်ပင် ပိုအရေးကြီးနေကြောင်း သေချာသွားခဲ့သည် ။