ထိုအကြောင်းကြောင့် တဖက်ကကြည့်လျှင် လင်းယွီ့သည် လွတ်လပ်နေသည့် စစ်တပ်၏ အာဏာကို ပိုင်ဆိုင်ထားခြင်းပင် ။ စစ်တပ်သည် နယ်စပ်ကို အင်အားသုံးကာ စောင့်စရာမလိုသဖြင့် ဆင့်ခေါ်သည့်အခါ အလျင်အမြန်ရောက်လာနိုင်သည် ။
" အတင့်ရဲ့လိုက်တာ !!! ငါ့အမိန့်ကို ပြန်မေးခွန်းထုတ်နေတာလား .." ဧကရာဇ်က သဝံလွှာတချို့ကို ‌ကြမ်းပြင်ပေါ်သို့ ဒေါသတကြီး ပစ်ပေါက်လိုက်ကာ ပြောလိုက်သည် ။
" ဒီငယ်သားက မဝံ့ရဲပါဘူး !! " လင်းယွီ့၏ အကြည့်က မာထန်သွားသော်လည်း အမှုအရာကိုထိန်းသိမ်းထားတုန်းပင် ။ သူက အရိုအသေပေးလျက် " ဝမ်ရယ်က အခု နေမကောင်းဖြစ်ပါတယ်.. အရေးမကြီးရင် ကျွန်တော်မျိုး သွားတဲ့ရက်ကို ရွေ့ဆိုင်းလို့များ ရမလား .."
" စစ်သူကြီးလင်း!!!! ခများက ဧကရာဇ်ရဲ့ အမိန့်ကို ဖိဆန်နေတာလား .. ခများက နယ်စပ်စစ်တပ်ကို ချုပ်ကိုင်ထားတဲ့လူလေ .. နောက်ကျမှသွားလို့ ကျွန်တော်တို့ ပြည်သူတွေ ဒုက္ခရောက်ကုန်ရင် ဘယ်လိုလုပ်မလဲ .."
" မှန်တယ်!! စစ်သူကြီး သွားသင့်တယ် .."
လင်းယွီ့က အံကြိတ်လိုက်ကာ " ဒါဆိုရင် .. နယ်စပ်မှာ ဘာတြွေဖစ်နေတယ်ဆိုတာ .. ပြောပြပေးပါ .. ဒီငယ်သားက . အခုချက်ချင်း စစ်ထွက်ဖို့ ဆန္ဒရှိပါတယ် .."
ညီလာခံတွင် ထွက်ပေါ်နေသည့် တစ်ယောက်တစ်ပေါက်အသံများ တိတ်သွားခဲ့သည် ။ ဒုတိယမင်းသား က ရှေ့ထွက်လာကာ " နယ်စပ်မှာ ဘာတြွေဖစ်နေလဲ မသိလို့ . စစ်သူကြီးကို သွားစစ်ဆေးစေချင်တာပါ .."
လင်းယွီ့၏ အေးစက်သည့် အကြည့်က အန်းမူထံသို့ ခက်ထန်စွာ ရောက်သွားခဲ့သည် ။ " အရှင့်သား မှားနေတာလား .. အဲ့ဒါ ဘုရင့်အထောက်တော်တွေရဲ့ တာဝန်..."
" စစ်သူကြီးလင်းက .. ဆန္ဒမရှိရင်.. တစ်ယောက်ယောက်ကို လွှတ်လိုက်ရုံဘဲ .. " ဧကရာဇ်က လက်ဝှေ့ယမ်းလိုက်ကာ " လာကြစမ်း .. လင်းယွီ့ကို ဘုရင့်အမိန့် ဖိဆန်မှုနဲ့ .. ပထမအဆင့်စစ်သူကြီး ရာထူးကနေ ဖြုတ်လိုက်ပြီ.. အခုချက်ချင်း အိမ်တော်ကို သွားပြီး ကျားတံဆိပ်ကို သွားယူစေ "