အပိုင်း ၂၈

Start from the beginning
                                    

စောင်အောက်မှာ အတူရှိနေတဲ့ ခြေဖျားသေးသေးလေးနဲ့ ထိကပ်မိသွားတော့ အေးစက်မှုကို Chanyeol ခံစားလိုက်ရလေရဲ့။

" ကလေးလေး ၊ ခြေဖျားတွေကို ကိုယ့်ခြေထောက်ကြား ညှပ်ထားလှည့်... လာ ၊ အေးစက်နေတာပဲ "

ခြေတံအရှည်ကြီးနှစ်ဖက်ကြားကို ရောက်ရှိသွားတဲ့ Baekhyun ရဲ့ခြေဖျားအေးအေးလေးတွေဟာ မကြာခင်မှာပဲ အပူရှိန်တစ်ခုနဲ့အတူ တဖြည်းဖြည်းနွေးလာတော့တာပဲ။

ခပ်နွေးနွေး လက်ဖဝါးကြီးတွေဟာ တစ်ဖက်ကတော့ Baekhyun ရဲ့ ခေါင်းလုံးလုံးလေးကို နောက်ကနေ ပင့်အုပ်ကိုင်ထားပြီး ကျန်တစ်ဖက်ကတော့ ကျောပြင်သေးသေးလေးကို စုန်ချည်ဆန်ချည်ခပ်ဖွဖွ ပွတ်ပေးလို့နေတယ်။

" နေရတာအဆင်ပြေရဲ့လား ၊
အများကြီးအန်ထားတာ ၊
ကိုယ့်ကလေးလေး မောနေမယ်ထင်တယ် "

နွေးနွေးထွေးထွေး ထွက်ပေါ်လာတဲ့ သြရှရှအမေးကို Baekhyun ခေါင်းလေး ငြိမ့်ပြရင်းနဲ့ပဲ တုန့်ပြန်လိုက်တယ်။ နှာဖျားကို ဒီ ကိုယ်သင်းနံ့နွေးနွေး တိုးဝင်လာတော့မှာပဲ သူ့နှလုံးသားက လုံခြုံမှုရသွားသလို ခံစားရပြီး မျက်တောင်လေးတွေ စင်းကျလာလေရဲ့။

" မနက်ဖြန်ကစပြီး ကိုယ်မင်းကို အသေချာဂရုစိုက်ပေးမယ်၊ ဘာမှကြောက်နေစရာမလိုဘူးနော်၊ ကိုယ်မင်းကို ဘာမှအဖြစ်မခံနိုင်တာ သိတယ်မလား "

Baekhyun ထပ်ပြီး ခေါင်းလေးငြိမ့်ပြလိုက်တယ်။ ခုချိန် ဝမ်းနည်း ဝမ်းသာခံစားနေရပြီး မျက်ရည်တွေဝဲနေတာမို့ အသံတစ်စက်မှမထွက်ဘဲ ဒီရင်ခွင်ကျယ်ကြီးထဲမှာ မျက်နှာအပ်ထားချင်တာပဲ သိတော့တယ်။

Chanyeol ကတော့ စောင်ထူထူကိုပိုလို့ လုံအောင်ဆွဲပြင်ခြုံပေးလိုက်ပြီး ရင်ခွင်ထဲက တစ်စွန်းတစ်စမြင်နေရတဲ့ ပါးလေးကို မြတ်မြတ်နိုးနိုး တိုးဝင်နမ်းရှိုက်လိုက်လေရဲ့။ နားရွက်လေးအပေါ်ထက်ရော ၊ ငယ်ထိပ်လေး အပေါ်ထက်ကိုရော နမ်းပြီးတဲ့နောက်မှာတော့ Chanyeol ရင်ခွင်ထဲကကိုယ်လေးကို ပွေ့ဖက်ပြီး သိမ်းထားလိုက်တော့တယ်။

ဒီနေ့ကစပြီး ကိုယ်မင်းဆီက တစ်ဖဝါးမှ မခွာဘူး။

မင်းကို ကာကွယ်စောင့်ရှောက်ပေးသွားမယ် ကိုယ့်ကလေးလေး။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now