💞 4 💞

239 43 6
                                    

Chanyeol ကားပေါ်မှာ ကားမောင်းနေရင်းပြုံးနေမိသည်....

အမှန်ဆိုရင် ပါးပါးက ချာတိတ်တို့အိမ်ကိုသွားခိုင်းတုန်းက ကျွန်တော်မသွားချင်ဒယ်ဒီက အတင်းသွားခိုင်းခြင်းသာ ....... အခုတော့ သူသွားခဲ့တာကိုကမှန်သလိုလိုပင်....

ဘာလို့လဲဆိုတော့ ချာတိတ်နဲ့တွေ့ခဲ့ရလို့လေ....ဘာလို့လဲမသိ အမြဲတည်တည်ငြိမ်ငြိမ်နေတတ်တဲ့ကျွန်တော်ကချာတိတ်နဲ့တွေ့ရင် ဘယ်လိုဖြစ်သွားမှန်းမသိဘူး......

ကျွန်တော်တော်တွေးရင်းနဲ့ကားမောင်းလာတာ ဒယ်ဒီ့ဆီတောင်ရောက်တော့မယ်...

ဒယ်ဒီက အဲ့ကအပြန်သူ့ဆီဝင်ခဲ့အုံးဆိုလို ဒယ်ဒီ့ကုပ္ပဏီဆီမောင်းနေခြင်းပင်....ဒယ်ဒီက ကျွန်တော့်ကို ကုပ္ပဏီတစ်ခုသပ်သပ်ဖွင့်ပေးထားတာလေ....

ကျွန်တော် ကားပါကင်မှာကားထိုးရပ်လိုက်ပြီး ဒယ်ဒီဆီ သွားလိုက်တယ်...ကျွန်တော်အခန်းတံခါးခေါက်တော့...

"ဝင်ခဲ့..."

ကျွန်တော်လည်းဝင်သွားလိုက်သည်....

"ဘယ်လိုလည်း....တွေ့ခဲ့လား..."

"ဟုတ်ပါးပါး...ပါးပါးတို့ကငယ်သူငယ်ချင်းတွေဆို....."

"ဟုတ်တယ်သား....suhoကပြောပြတာလား..."

"ဟုတ်...ဒယ်ဒီ..."

"ပါးပါးတို့ကငယ်သူငယ်ချင်းတွေလေ....phone number လေးဘာလေးမတောင်းခဲ့ဘူးလား..."

"သားလည်းမေ့နေတာ .... မတောင်းခဲ့ရဘူး...."

"ရပါတယ်....Yi Xing ကစီးပွားရေးလောကမှာနာမည်ကြီးပဲ သူ့ဆီပဲ ဆက်သွယ်လိုက်တော့မယ်....."

"ဟုတ်ပါးပါး..."

"ဒါနဲ့..မင်းပါးပါးပြောထားတဲ့ကိစ္စဘယ်လိုသဘောရလဲ..."

"ဘာကိုပြောတာလဲပါးပါး...."

"မင်းကို လက်ထပ်ပေးမယ်ဆိုတာကိုလေ ... "

"သား..Ji Eun ကို သူငယ်ချင်းတစ်ယောက်ထက်မပိုနိုင်ဘူးပါးပါး..."

"အင်းပါ...သားစဥ်းစားပါ ပါးပါးကတော့ လက်ခံစေချင်တယ်..."

"ဟုတ်သားစဥ်းစားပါမယ်...."

"......."

"ဒါနဲ့ပါးပါး သားသွားတော့မယ် ဒီနေ့ ကုပ္ပဏီမှာ အရေးကြီးအစည်းအဝေးရှိလို့...."

🐯ကိုကိုချစ်ရပါသောသဲငယ်🐧Kde žijí příběhy. Začni objevovat