💞 10 💞

197 38 18
                                    

Baekhyun တစ်ယောက်နံနက်ခင်းကတည်းကမှိုင်နေတာကို Kyung Soo သတိထားမိသည်...

စာကိုလည်းစိတ်မဝင်စားဘူး...ကျွန်တော်ခေါ်ရင်လည်းတော်တော်နဲ့မကြား....နှစ်ခွန်းသုံးခွန်းလောက်မှပြန်ထူးသည်..

Baek ဒီလိုစဖြစ်တာ သူကိုကိုနဲ့ အကြောင်းကိုစပြောပြပြီးကတည်းက...အဲ့ဒါကြောင့်ဆိုရင်တော့သူတကယ် အားနာမိပါသည်..

ဘာလို့လည်းဆိုတော့ သူနဲ့ကျွန်တော် ဆယ်တန်းမပြီးမချင်းရည်းစားမထားကျေးလို့ ကတိထားခဲ့ခြင်းကြောင့်ပင်...

အခုလည်းကျွန်တော်တို့ မုန့်ဆိုင်မှာမုန့်လာစားနေခြင်းဖြစ်သည်...ကျွန်တော်Baek ကိုခေါ်နေတာ ငါးခွန်းလောက်ရှိပြီ..ပြန်မထူးသေးတာကြောင့်

Soo:"Baekရေ....Baekလို့..."

Baek:"အမ်..ဟမ်..ဟမ်..အေးKyung Soo ဘာလို့ခေါ်တာလဲ..."

Soo:"မင်းကလည်းငါခေါ်နေတာကြာနေပြီ ပြန်လည်းမထူးဘူး နံနက်ခင်းကတည်းက ဒီလိုဖြစ်နေတာ ဘာလဲငါ့ကို စိတ်ဆိုးနေသေးတာလား.."

Baek:"မဆိုး...မဆိုးပါဘူး..."

Soo:"မဆိုးရင်လည်း အရင်လိုပဲပျော်ပျော်လေးနေပါ..."

Baek:"အင်းပါ..."

အင်းပါလို့သာပြောတယ်Baek က ကျောင်းဆင်းချိန်တောင်ရောက်နေပြီ မျက်နှာကလန်းမလာ ကျွန်တော်လည်း အိမ်ကကားကလာကြိုနေပြီမို့ ပြန်ရတော့မည်ဖြစ်သည်....

Soo:"Baek မင်းကကွာ..ခုချိန်ထိစိတ်ဆိုးမပြေသေးဘူးလား..."

Baek:"ငါ့မှာစိတ်ဆိုးပိုင်ခွင့်ရောရှိလို့လား..."

Soo:"ငါတကယ်တောင်းပန်ပါတယ်ကွာ....ငါငယ်သေးတာငါသိပေမဲ့..ငါလည်းသူ့ကိုတကယ်ချစ်မိသွားတာကွ...ဒါပေမဲ့ ငါပညာဘက်ကိုလည်း အားမနည်းအောင်ကြိုးစားသွားမှာပါ..ငါ့သူငယ်ချင်းလေးက ငါ့ကိုနှမြောတာသိပေမဲ့ ခွင့်လွှတ်ပေးပါကွာ..."

မျက်နှာလေးကိုငိုမဲ့မဲ့လေးလုပ်ကာပြောနေသော Kyung Soo ရယ်ပါ....အဲ့လိုလေးပြောနေတော့လည်း ကျွန်တော်ဘယ်ကြာကြာစိတ်ဆိုးနိုင်မှာလည်း...

Baek:"အင်းပါ..မင်းလာကြိုနေပြီမလား..ပြန်လိုက်တော့လေ..ငါကတော့အိမ်ကကားကိုစောင့်လိုက်အုံးမယ်..."

🐯ကိုကိုချစ်ရပါသောသဲငယ်🐧Where stories live. Discover now