💞 2 💞

259 48 6
                                    

Chanyeol ထိုကလေးကို မုန့်လိုက်ဝယ်ပေးပြီးတော့မှ ပြေးလာလိုက်တယ်...

ဟုတ်သည်လေ..သူအရမ်းအရေးကြီးနေပြီ ... company က အရေးကြီးအစည်းအဝေးရှိလို့ ဖုန်းလှမ်းဆက်ခြင်းကြောင့် ညီမလေးကိုတောင်ထားခဲ့ပြီး ပြေးလာခဲ့ရသည်.......

အဲ့ဒါကို ဟိုချာတိတ်ကရစ်နေသေးတယ်...

Chanyeol ဆိုသည်မှာ ငယ်ငယ်ရွယ်နဲ့ပင် အောင်မြင်နေသော CEO ပေါက်စတစ်ဦးပင် အသက် 24 လို့မထင်ရလောက်အောင် စီးပွားရေးလောကကို ကောင်းကောင်းနားလည်ပြီး .... ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်သူပင်......

Chanyeolတစ်ယောက် company ကိုရောက်တော့ အစည်းအဝေးက ပြီးသွားပြီလေ....Kai ရဲ့ဆူပူခြင်းကို ခံရပေအုံးမည်....

Kaiဆိုတာက ကျွန်တော့်လက်ထောက်ပါဗျ...ငယ်သူငယ်ချင်းတွေဆိုတော့..ညီအကိုတွေလိုဖြစ်နေပြီ...ပြောမနာဆိုမနာတွေလေ...

Kai:"အေးလာ..မင်းကတော့ညိမ့်နေပေါ့..ငါ့မှာတော့ ယားလို့တောင်မကုတ်အားဘူး....တကယ်တည်း... ဖုန်းဆက်ပြီးကြိုပြောရဲ့သားနဲ့.."

Chanyeol:"မင်းပြောပြောချင်းငါပြေးလာတာပဲကွာ...ရုပ်ရှင်ရုံမှာ..."

Kai:"ဘာ..ဘာ​ပြောတယ်..ဒီလောက်မအားတဲ့ကြားက..ရုပ်ရှင်သွားကြည့်နိုင်သေးတယ်ပေါ့.."

ကျွန်တော်ပင်စကားမဆုံးသေး ဖြတ်ပြောလိုက်တဲ့ Kai ကိုကျွန်တော်အော်ပြစ်လိုက်သည်.. 

Chanyeol:"ya...Kim Jongin..ငါပြောတဲ့စကားကိုဆုံးအောင်နားထောင်အုံး.."

Kai:"ပြော..အာ့ဆို..နောက်ကျရတဲ့အကြောင်းအရင်း.."

Chanyeol:"ငါ့ညီမလေး Nam Ji Hyun လေကွာ အဲ့ဒါငါ့ကို ရုပ်ရှင်လိုက်ပြဖို့ရာဂျီတိုက်နေတာနဲ့ .... ခနလေးပဲဆိုပြီးလိုက်ပို့လိုက်တာ..."

Kai:"အော်...မင်းညီမတဝမ်းကွဲလား"

Chanyeol:"အေးဟုတ်တယ်.."

Kai:"ပြောပါအုံး.."

Chanyeol:" ရုပ်ရှင်ရုံထဲ မှာ မင်းဖုန်းဆက်တော့ငါတန်းပြေးလာတာပဲကွ...အဲ့မှာချာတိတ်တစ်ယောက်..ငါ့ကိုဝင်တိုက်ပြီးရစ်နေလို့...ကြာသွားတာ"

Kai:"နေပါအုံးမင်းကဝင်တိုက်တာလား
....အဲ့ချာတိတ်ကဝင်တိုက်တာလား..."

🐯ကိုကိုချစ်ရပါသောသဲငယ်🐧Where stories live. Discover now