Part-85(cloverက ခွင့်ပြုမယ်မလားဟင်)

Start from the beginning
                                    

"ကိုကို"

ဒီရေလှိုင်း ဖုန်းမျက်နှာပြင်မှအကြည့်ကိုတစ်ချက်ခွာ
ကာအသံလာရာသို့ ​မော့ကြည့်လိုက်သည်။အလှပြင်
ပစ္စည်းများကိုကောင်းကောင်းအသုံးချထားသောသူမ
ကဆံပင်ခွေလိမ်လေးများဖြင့်ဖြစ်ပြီးပေါင်လည်ခန့်ရှိ
သောစကတ်လေးကိုဝတ်ထားသည်။ဒီရေလှိုင်းသူမကို
မသိသောကြောင့် သူ့ဖုန်းကိုသာ ပြန်ကြည့်နေလိုက်
သည်။

ဒီရေလှိုင်းသူမကိုအရေးမစိုက်တော့..သူမ၏ပန်းရောင်
နှုတ်ခမ်းလေးကထော်လာတော့သည်။သူမကမကျေမ
နပ်ဖြင့် ​ခြေစောင့်ကာဆူစောင့်စောင့်လေးဖြင့်ဒီရေလှိုင်းကိုပြောလာသည်။

"ကိုကို..ဆိုတာ ဒီကကိုကိုကိုခေါ်နေတာ"

အခြားသူများဆိုပါက ချစ်စရာကောင်းသောသူမလေး
ကိုကျိန်းသေပင် အရေးပေးကြမည်ဖြစ်သော်လည်း
ဒီရေလှိုင်းကတော့ စကားတစ်ခွန်းဖြင့်သာတုန့်ပြန်
သည်။

"ငါမင်းကိုမသိဘူး"

ဒီရေလှိုင်းစကားကြောင့်သူမလေးကစိတ်ဆိုးသွား
သော်လည်း လွယ်လွယ်လက်လျော့ချင်ပုံတော့မရ။
သူမကထပ်ပြောလာသည်။

"ကိုကိုတစ်ယောက်ထဲလာတာလား..တစ်ယောက်ထဲဆိုပျင်းနေမှာပေါ့..ဟိုဘက်မှာ မိုင်မိုင်းတို့သူငယ်ချင်း
ျတွပါတယ်။ကိုကို..မိုင်မိုင်းတို့အဖွဲ့နဲ့တူတူjoinပါ
လားဟင်"

"No"

ဒီရေလှိုင်း စိတ်ရှုပ်လာသောကြောင့် မျက်ခုံးထင်းထင်းများမှာစုကြုံ့လာတော့၏။ဒီရေလှိုင်းဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲပြန်ထည့်လိုက်ကာ ​ခြေတံရှည်ကြီးများဖြင့် ဆိုင်ကယ်ပေါ်တက်လိုက်ပြီးနေရာမှမောင်းထွက်လိုက် သည်။အနောက်မှကိုကို..ကိုကိုဆိုကာခေါ်နေသော
ကောင်မလေးအသံကိုကြားသော်လည်း လစ်လျူရှု
ထားလိုက်သည်။ သူ့ကိုကိုမဟုတ်ဘဲကိုကိုလာခေါ်
နေသောထိုကောင်မလေးကို ဒီရေလှိုင်းသဘောမကျ
ပေ။

ဒီရေလှိုင်း***Clubနှင့်အတန်ငယ်လှမ်းသောနေရာအထိဆိုင်ကယ်ကိုမောင်းလာလိုက်ကာလူအရမ်းမများ
သောနေရာတွင်ဆိုင်ကယ်ကိုရပ်လိုက်သည်။လင်းနေ
ဆီသို့သူရှိနေသောနေရာကို မက်ဆေ့ခ်ျပို့လိုက်ကာ
စောင့်နေလိုက်၏။

Clover your'e my clover[Completed]Where stories live. Discover now