အခန်း (၂၂၈) ဆေးပညာ လေ့ကျင့်ခြင်း

177 8 0
                                    

ရဲ့ချန်၏အချော့အမော့ ကောင်းမှုကြောင့် နောက်ဆုံးတော့ လျှို့ယွဲ့တစ်ယောက် ရယ်ချင်ချင် ဖြစ်သွားလေသည်။ “ ခစ်ခစ်ခစ် …. ယောက်ျား၊ နင်က စကားလုံးချိုချိုလေးတွေ အရမ်းပြောတတ်တာပဲ၊ နင့်အပြောအောက်မှာ မိန်းကလေးတွေ ကျမယ်ဆိုလည်း ကျလောက်ပါတယ် “ လျှို့ယွဲ့က တခစ်ခစ် ရယ်မောနေ၏။ ယခုတော့ သူမက ရဲ့ချန်ကို နောက်ချင်စိတ် ပေါက်သွား၏။ ရဲ့ချန်ကို စိတ်ဆိုးရမည့်အစား သူ၏ချီးကျူးမှုများကို နှစ်သက်သွားမည်ဟု သူမလည်း ထင်မထားခဲ့ချေ။
“ အကိုကြီးရဲ့ချန်၊ အစားအစာတွေက အဆင်သင့် ဖြစ်နေပြီး၊ ကောင်းမကောင်း မြည်းကြည့်ပါဦး “ ရှောင်လုလုက သူမ လက်စွမ်းပြထားသည့် စားစရာများကို မြည်းစမ်းခိုင်းလိုက်သည်။
ရဲ့ချန် စားပွဲခုံပေါ် တစ်ချက် ကြည့်လိုက်သည်။ ရှောင်လုလုက အသားစွပ်ပြုပ်အပြင် အရံဟင်း အမြောက်အမြားကိုလည်း ချက်ထား၏။ ဟင်းပွဲအားလုံးသည် အရသာရှိပြီး စားကောင်းမည့်ပုံ ပေါ်နေ၏။
ရဲ့ချန်သည် ရှောင်လုလု ချက်ထားသည့် စားစရာများကို မြည်းကြည့်လိုက်သည်။ သူမချက်ထားသည့် စားစရာများက အလွန်တရာ အရသာရှိလှပေသည်။ ကြယ်အဆင့် ဟိုတယ်က စားဖိုမှူးထက် လုံး၀ မနိမ့်ကျပေ။
“ အရသာ ရှိလိုက်တာ “ ရဲ့ချန်က ရှောင်လုလု ချက်ထားသည့် စားစရာများကို စိတ်ထဲရှိသည့်အတိုင်း ချီးမွမ်းလိုက်သည်။
ရဲ့ချန်၏ချီးကျူးမှုကို ရရှိလိုက်သောကြောင့် ရှောင်လုလု၏မျက်နှာက ပန်းသီးကဲ့သို့ ရဲရဲနီသွားလေသည်။
သို့သော် သူမစိတ်ထဲကနေတော့ တိတ်တိတ်လေး ပျော်ရွှင်နေမိသည်။ သူမ ဟင်းချက်ပညာကို ကြိုးကြိုးစားစား သင်လာသည့် ရလဒ်က နောက်ဆုံးတော့ ကျေနပ်စရာ ကောင်းသော ရလဒ်တစ်ခု ထွက်လာခဲ့ပြီ ဖြစ်၏။
ယခုတော့ သူမက ဤမိသားစုအတွက် ကောင်းမွန်သော အစားအစာများကို ချက်ပေးနိုင်တော့မည် ဖြစ်၏။
“ မင်းလည်း ထိုင်လေ၊ ဒီမှာ ၀င်စား၊ မတ်တတ်ရပ်နေတာက ကောင်းတဲ့အရာမှ မဟုတ်တာ “ ရဲ့ချန်က ရှောင်လုလုက အစားအစာ အတူတူ ၀င်စားရန် ပြောလိုက်သည်။
“ ဟုတ်တယ်၊ ဒီကိုလာ၊ အမတို့နဲ့ အတူတူ ၀င်စား “ လျှို့ယွဲ့ကလည်း ရှောင်လုလုကို အစားအတူ စားရန် ခေါ်လိုက်သည်။
ရှောင်လုလုက တုံ့ဆိုင်းဆိုင်းနှင့် လျှို့ယွဲ့၏ဘေးတွင် ၀င်ထိုင်လိုက်သည်။
ထို့နောက် လူတိုင်းက ရှောင်လုလု ချက်ထားသည့် စားစရာများကို စားလိုက်ကြသည်။
“ ယွဲ့၊ နင့်ရဲ့ကုမ္ပဏီရော အနေခြေ ဘယ်လိုရှိလဲ “ ရဲ့ချန်က လျှို့ယွဲ့၏ကုမ္ပဏီ အကြောင်းကို မေးမြန်းလိုက်သည်။
“ အားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါပြီ “ လျှို့ယွဲ့က အရာအားလုံး ပုံမှန်ဖြစ်သွားကြောင်း ပြောပြလိုက်၏။
“ ဒါဆို ဂျမ်ကျင်းရဲ့ကုမ္ပဏီကိုရော ပညာပေးပြီးပြီလား “ ရဲ့ချန်သည် ဂျမ်ကျင်းနှင့် ဂျမ်မော့ရှီတို့ ပိုင်ဆိုင်သည့် ကုမ္ပဏီကို မည်သို့ လုပ်လိုက်ကြောင်း မေးလိုက်၏။
“ လုံးလုံးလျားလျားတော့ မပြီးသေးဘူး၊ ဂျမ်ကုမ္ပဏီကို ဒေဝါခံအောင် လုပ်ဖို့ တချို့အရာတွေတော့ လိုနေသေးတယ်၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ရှယ်ယာရှင်တွေကတော့ ဂျမ်ကုမ္ပဏီကနေ တဖြည်းဖြည်း ထွက်သွားကြပြီ၊ မကြာခင်မှာ အဲဒီကုမ္ပဏီက ဒေဝါလီခံရမှာ အသေအချာပဲ၊ အဲဒီအချိန်ကျရင် ငါက အဲဒီကုမ္ပဏီကို တန်ဖိုးနည်းနည်းလေးနဲ့ ၀ယ်လိုရသွားလိမ့်မယ် “ လျှို့ယွဲ့က သူမ သေချာ ပြင်ဆင်ထားသည့် အစီအစဉ်ကို ရှင်းပြလိုက်သည်။
ယင်းသည် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရမည့် အစီအစဉ် ဖြစ်သည်။ များမကြာမီ ဂျမ်ကျင်း နှင့် ဂျမ်မော့ရှီတို့ သားအဖနှစ်ယောက်က အိမ်ယာမဲ့ဘ၀သို့ ရောက်ရှိသွားတော့မည် ဖြစ်သည်။
“ အဲဒါ ကောင်းတယ်၊ နင်လုပ်ထားတဲ့ အစီအစဉ်တွေကို မြန်မြန်အကောင်ထည် ဖော်နိုင်ဖို့ ငါမျှော်လင့်ပါတယ် “ ရဲ့ချန်က လျှို့ယွဲ့၏အစီအစဉ်များ မြန်မြန် ပြီးသွားရန်သာ မျှော်လင့်မိသည်။
ဂျမ်ကျင်း နှင့် ဂျမ်မော့ရှီတို့ နှစ်ယောက်စလုံးက လူကောင်းများ မဟုတ်ကြဘူး မဟုတ်လား။
“ ယောက်ျား၊ နင့်ကို သတင်းကောင်းတစ်ခု ပြောပြရဦးမယ်၊ နင့်ကုမ္ပဏီက နိုင်ငံတကာအဆင့် မှီသွားပြီဟ၊ ကမ္ဘာက နင့်ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို အသိမှတ်ပြုလိုက်တယ်လေ၊ ကြည့်ရတာတော့ မိန်းကလေး ရှားချင်ယုက အလုပ်ကို ကောင်းကောင်းလုပ်ပုံ ရတယ် “ လျှို့ယွဲ့က ချင်းနွီကုမ္ပဏီနှင့် ပတ်သက်သည့် သတင်းကောင်းကို ပြောပြလိုက်သည်။
ချုးချူ အလှဆီ နှင့် အလှအပ ခရင်တို့သည် စျေးကွက်ထဲတွင် အလွန်တရာ ပေါက်နေပြီ ဖြစ်၏။ လူတိုင်းသည် ထိုထုတ်ကုန်နှစ်မျိုးက အသုံးပြုပြီးနောက် အခြားအကျိုးဆက်များ မရှိဘဲ လျင်လျင်မြန်မြန် သက်ရောက်နိုင်စွမ်း ရှိသောကြောင့် အမှန်တကယ် နှစ်သက်ကြပေသည်။
“ အရမ်း ကောင်းတယ် “ ရဲ့ချန်သည် သူ၏ကုမ္ပဏီက အချိန်တိုတိုအတွင်း ကြီးထွားလာသောကြောင့် အတော်လေး ကျေနပ်သွားလေသည်။
“ တခြားထုတ်ကုန်တွေသာ ရှိရင် ဒါက ပိုပြီးတော့တောင် အင်အားကောင်းလာဦးမှာ၊ ဒီတိုင်းဆို မကြာခင် နင့်ကုမ္ပဏီက ငါ့ကုမ္ပဏီကို ကျော်သွားမယ် ထင်တယ် “ လျှို့ယွဲ့က ရဲ့ချန် ကုမ္ပဏီလမ်းကြောင်းကို မှန်းဆနေ၏။ ရဲ့ချန်၏ကုမ္ပဏီက ဤသို့သာ ဆက်လက် လည်ပတ်နေမည်ဆိုလျှင် မကြာခင် လျှို့ယွဲ့၏ကုမ္ပဏီကို ကျော်တက်သွားတော့မှာ သေချာ၏။ ထို့အပြင် နောက်ထပ် ထုတ်ကုန်အသစ်တစ်ခုကိုသာ ထပ်ထုတ်လိုက်လျှင် ချင်းနွီကုမ္ပဏီ၏ဖွံ့ဖြိုး တိုးတက်မှုက မမျှော်မှန်းနိုင်အောင် ဖြစ်သွားပေမည်။
“ ငါ့မှာ ဆေးဝါးတွေ အများကြီး ကျန်ပါသေးတယ်၊ အဲဒါတွေကို ငါ တဖြည်းဖြည်းနဲ့ ထုတ်ရောင်းသွားမှာပါ “ ရဲ့ချန်တွင် ချုချူးအလှဆီ နှင့် အလှအပ ခရင်တို့ထက် များစွာ ကောင်းမွန်သော ဆေးညွှန်းအမြောက်အမြား ရှိနေသေး၏။ ယင်းတို့ကို ရဲ့ချန်က နောက်ကျ စျေးကွက် ၀ယ်လိုအား မကျအောင် တမင်သက်သက် သိမ်းထားခြင်း ဖြစ်သည်။
လျှို့ယွဲ့က ခေါင်းညိတ်ပြလိုက်သည်။
“ ယောက်ျား၊ လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က ဒီအိမ်ရဲ့ ခြံ၀င်းထဲကို ကျင့်ကြံသူတစ်ယောက် ခိုး၀င်လာသေးတယ်၊ အဲဒီသူခိုးကို ငါချက်ချင်း ဖမ်းထားခဲ့တယ်၊ သူ့ကို မေးမြန်းစစ်ဆေး ကြည့်တဲ့အခါကျတော့ ခြိမ်းခြောက်တဲ့ စကားလုံးတွေပဲ ထွက်လာတယ်၊ အဲဒါကြောင့် ငါလည်း မလှုပ်နိုင်အောင် ထုရိုက်ထားလိုက်တယ် “ ဖူလန်လင်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ခြံထဲသို့ သူခိုးတစ်ယောက် ၀င်ခဲ့ကြောင်း ပြောလိုက်သည်။ ကံကောင်းထောက်မစွာ ရဲ့ချန် ချထားသည့် စည်းတံဆိပ်များက အလွန်တရာ အသုံး၀င်ခဲ့၏။ ထို့ကြောင့် သည်လူက အိမ်အပြင်ဘက် ခြံ၀င်ထဲသာ ၀င်နိုင်ခဲ့ခြင်း ဖြစ်၏။
ဖူလန်လင်းက ခိုး၀င်လာသည့် သူခိုးကို စစ်ဆေးမေးမြန်းသောအခါ ထိုလူက ကြောက်ရမည့်အစား ဖူလန်လင်းကိုပင် ပြန်လည် ခြိမ်းခြောက်နေခဲ့သည်။ စင်စစ် ထိုလူက ရဲ့ချန်ကို သတ်ဖြတ်ရန်နှင့် အိမ်ထဲက မိန်းမများကို ကျွန်ဖြစ်အောင် လုပ်လိုသော ရည်ရွယ်ချက်ဖြင့် လာသောသူ ဖြစ်သည်။ ယင်းသည် ဖူလန်လင်းကို အလွန်အမင်း ဒေါသ ထွက်စေ၏။ ဖူလန်လင်း၏ လက်ညှိုးတစ်ချောင်းနှင့်ပင် ထိုလူ့ကို တစ်သက်တာလုံး မသန်မစွမ်းဖြစ်အောင် လုပ်နိုင်ပေသည်။
ဖူလန်လင်း၏ လက်ညှိုးတစ်ချောင်း စွမ်းအားက မေးခွန်းထုတ်နေစရာ မလိုပေ။ သူမသာ အလိုရှိလျှင် ထိုသူခိုး၏ သွေးများကို အငွေ့ပျံသွားအောင် လုပ်နိုင်ပေသည်။ သို့သော် သူမက ထိုလူ့ကို သတ်ပစ်ရန် အထိတော့ မရက်စက်နိုင်သေးပေ။
ထို့ကြောင့် သူမက ထိုသူခိုးကို ရိုက်နှက် ဆုံးမပြီး ခြံအပြင်ဘက်သို့ လွင့်ပစ်လိုက်ခြင်း ဖြစ်သည်။ သူမက ထိုသူခိုး၏ကံတရားနှင့် ပတ်သက်ပြီး နောက်ထပ် ဂရုစိုက်နေမည် မဟုတ်ပေ။
ထိုစကားကို ကြားပြီးနောက် ရဲ့ချန်၏မျက်ခုံးက အပေါ်သို့ အနည်းငယ် ကွေးတက်သွားလေသည်။ သူ့မိသားစု နှင့် သူ့ကို မည်သူက ပြဿနာ လာရှာသနည်း။
ထိုလူက ယွင်မိသားစု သို့မဟုတ် ဂျမ်မိသားစုက လွှတ်လိုက်သောသူ ဖြစ်နိုင်၏။ ရဲ့ချန်တွင် ရန်သူဟူ၍ ထိုမိသားစု နှစ်စုသာ ရှိသည်။
“ ယွဲ့၊ ကြည့်ရတာတော့ နင့်ရဲ့အစီစဉ်ကို အရှိန်မြှင့်မှ ရတော့မယ်နဲ့တူတယ်၊ ဒီတိုင်းဆို တစ်ဖက်ကလည်း ငြိမ်ငြိမ်လေး နေတော့မှာ မဟုတ်ဘူး “ ရဲ့ချန်က ပြောလိုက်သည်။
ရဲ့ချန်က ယွင်မိသားစုကို နောက်ကျမှ စာရင်းရှင်းရန် ဆုံးဖြတ်လိုက်သည်။ ယွင်မိသားစုက မြို့တော်နှင့် အလှမ်းကွာနေသည် မဟုတ်ပါလား။ ထို့ကြောင့် သူ့ကို ဆန့်ကျင်ရန် မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်မည် မဟုတ်ပေ။
“ ကောင်းပြီ “ လျှို့ယွဲ့က ခေါင်းညိတ်ပြလိုက်သည်။ ကြည့်ရသည်မှာ ရန်သူဘက်ကလည်း ရဲ့ချန် နှင့် သူမတို့ကို တိုက်ခိုက်ရန် နည်းလမ်းတစ်ခုကို အသုံးပြုလာပုံရ၏။
“ လင်းအာ၊ တခြားမိန်းမတွေကို စောင့်ရှောင့်ပေးဖို့ နင့်ကို ဒုက္ခပေးရဦးမယ် “ ရဲ့ချန်က တခြားမိန်းမများကို စောင့်ရှောင့်ရန် ဖူလန်လင်းဆီက အကူညီ တောင်းလိုက်သည်။
ငွေရောင် သမန်းဝံပုလွေတို့လို အားကောင်းသော ရန်သူများသာ ရောက်လာလျှင် ချောင်ယမ်ယမ်၊ လျှို့ယွဲ့ နှင့် စုမန်ချီတို့က ထိုလူကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ ဖူလန်လင်းတစ်ယောက်သာ ထိုလူ့ကို ရင်ဆိုင်ရန် လုံလုံလောက်လောက် အားကောင်းသည် မဟုတ်ပါလား။
“ နင်ဘာမှ စိုးရိမ်စရာ မလိုပါဘူး၊ တခြား ညီအစ်မတွေရဲ့ လုံခြုံရေးကို ငါတာ၀န်ယူတယ် “ ဖူလန်လင်းက တခြားညီမများ၏ လုံခြုံရေးကို တာ၀န်ယူမည်ဖြစ်ကြောင်း ပြောလိုက်သည်။
ညစာ စားသောက်ပြီးနောက် ရဲ့ချန်၊ လျှို့ယွဲ့၊ ဖူလန်လင်း နှင့် စုမန်ချီတို့သည် နတ်သမီး တ့ခါး၀ထဲသို့ ချက်ချင်း ၀င်လာခဲ့ကြသည်။
ထို့နောက် ဖူလန်လင်းက လျှို့ယွဲ့ နှင့် စုမန်ချီတို့ကို တိုက်ခိုက်ခြင်း စွမ်းရည်များ တိုးတက်လာစေရန် ချက်ချင်း လေ့ကျင့်ပေသည်။
အမှန်စင်စစ် ရဲ့ချန်လည်း သူမတို့နှစ်ယောက်ကို လေ့ကျင့်ပေးလိုသည်။ သို့သော် ထိုအချိန်တွင် သူ့မှာ လုပ်စရာများ ရှိနေသည် မဟုတ်ပါလား။
ရဲ့ချန်က တိတ်ဆိတ်ပြီး အေးချမ်မည့် နေရာတစ်နေရာကို လိုက်လံ ရှာဖွေနေသည်။ ထိုနေရာတွင် သူက ဆေးပညာကို လေ့ကျင့်ရန် ရည်ရွယ်ထားသည် မဟုတ်ပါလား။
ယခု မိန်းမများက ပိုမို သန်မာလာစေရန် အရင်းအမြစ်များစွာ လိုအပ်နေပြီ ဖြစ်၏။ ထို့ကြောင့် ရဲ့ချန်သည် မိန်းမဖြစ်သူများနှင့် သူကိုယ်တိုင်အတွက် အင်အားများ အလျင်အမြန် တိုးတက်လာစေရန် ဆေးပင်များ သို့မဟုတ် ဆေးလုံးများ ရရှိရန် ဆေးအမယ်များကို အကျိုးရှိရှိ အသုံးပြုရမည် ဖြစ်သည်။
ထိုအကြောင်းပြချက်များကြောင့် ရဲ့ချန်က သူ၏ဆေးပညာများကို လေ့ကျင့်နေခြင်း ဖြစ်သည်။ ယခုချိန်တွင် ရဲ့ချန်၏ဆေးပညာက နိမ့်ကျနေဆဲသာ ရှိသေး၏။ ရဲ့ချန်က အင်အားတိုးတက်ရန်သာ အာရုံစိုက်လွန်းသောကြောင့် ဆေးပညာလေ့ကျင့်သည်က မရှိသလောက်ပင် ရှားပါး၏။ သူက ဆေးပညာကို အားလပ်သည့်အချိန် သို့မဟုတ် ပျင်းရိနေသည့် အချိန်ကျမှသာ လေ့ကျင့်ခဲ့သည် မဟုတ်ပါလား။
ရဲ့ချန်က သိုလှောင် ခန်းမထဲမှ အမွှာနဂါး ဒယ်စောက်အိုးကို ထုတ်ယူလိုက်သည်။ သူသည် အမွှာနဂါး ဒယ်စောက်အိုးက ဖော်ပြချက်ထဲကအတိုင်း ကောင်းမကောင်း သိလိုနေပြီ ဖြစ်၏။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-2Where stories live. Discover now