အခန်း (၂၀၈) နဂါးမိစ္ဆာနှင့် ပြင်းထန်သည့် တိုက်ပွဲ

150 10 0
                                    

ထိုအချိန်တွင် နဂါးမိစ္ဆာကြီး၏အောက်နေ ချွတ်ထက်သော အပ်များကဲ့သို့ ဧရာမ အငူအစွန်းကြီး ရာကျော်ခန့် ပေါ်လာတော့သည်။
နဂါးမိစ္ဆာကြီး၏ တစ်ကိုယ်လုံးကိုလည်း ချွန်တက်သော အငူအစွန်းကြီးများက ဖုံးလွှမ်းထားလေသည်။
“ ခရက် … “ နဂါးမိစ္ဆာကြီး၏ခန္ဓာကိုယ်က အနည်းငယ် လှုပ်ရှားလာသည်။ ထို့နောက် မူလန်ယင်၏ရေခဲအငူအစွန်းများက အစိတ်စိတ် အပိုင်းပိုင်း ဖွာထွက်ကုန်လေသည်။
ထိုသိုင်းကွက်က အလုပ်မဖြစ်သည်ကို ကြည့်ရင်း မူလန်ယင်းက နဂါးကြီးအား အနိုင်ယူရန် အခြားသိုင်းကွက် တစ်မျိုးကို အသုံးပြုလိုက်သည်။
“ ရေခဲမဏ္ဍိုင် … “ အလွန်တရာ ကြီးမားသော ရေခဲတိုင်ကြီးများက နဂါးမိစ္ဆာကြီး၏အောက်မှ ထွက်ပေါ်လာတော့သည်။
နဂါးမိစ္ဆာကြီး၏ခန္ဓာကိုယ်က ရေခဲတိုင်များကြားတွင် ချက်ချင်း ပိတ်မိသွားလေသည်။
ယခုတော့ နဂါးမိစ္ဆာကြီးက အနည်းငယ်မျှ မလှုပ်ရှားနိုင်တော့ပေ။ “ ဒါက ငါထင်ထားတာထက်တောင် ပိုလွယ်နေတာပဲ “ နဂါးကြီးက ရေခဲတိုင်များကြားတွင် ပိတ်မိနေသည်ကို ကြည့်ရင်း မူလန်ယင်းက ပလ္လင်ကြီးဆီသို့ ဦးတည်သွားလိုက်သည်။
မူလန်ယင်း နောက်သို့ လှည့်ထွက်သည်နှင့် နဂါးကြီး၏မျက်လုံးက မူလန်ယင်းဆီသို့ ရွေ့လာတော့သည်။ “ ခရက် … “ နဂါးကြီးကို ၀န်းရံထားသည့် ရေခဲတိုင်များက ပျက်စီးသွားလေသည်။
ထို့နောက် နဂါးကြီးဆီက ပြင်းထန်သည့် မီးတောက်တစ်ခုက မူလန်ယင်းဆီသို့ လွင့်ထွက်လာတော့သည်။
မူလန်ယင်းသည် နဂါးကြီး တိုက်ခိုက်လိုက်သည့် မီးတောက်ကို ရေခဲဒိုင်းတစ်ခုကို ဖန်တီးပြီး ကာကွယ်ထားလိုက်သည်။
နဂါးမိစ္ဆာကြီး၏ မီးတောက် ရောက်လာသည်နှင့် မူလန်ယင်း၏ရေခဲဒိုင်းက မည်သို့မျှ ခုခံနိုင်ခြင်း မရှိဘဲ ချက်ချင်း အရည်ပျော်ကျသွားလေသည်။
မူလန်ယင်းတစ်ယောက် အလွန်တရာ အံ့အားသင့်သွားပြီး နောက်ပြန်ဆုတ်ရန် ပြင်လိုက်သည်။ သို့သော် သူမအတွက် နောက်ဆုတ်ရန် အချိန်မရှိတော့ပေ။ လွင့်ထွက်လာသော မီးတောက်ကလည်း သူမ၏ခန္ဓာကိုယ်အနား ရောက်ရှိရန် အလွန့်အလွန် နီးကပ်နေပြီ ဖြစ်သည်။
မူလန်ယင်းသည် မျက်လုံးအစုံကို မှိတ်ချပြီး မီးတောက် ရောက်လာမည့်အချိန်ကို စောင့်စားနေရန်သာ တတ်နိုင်တော့သည်။
တစ်စက္ကန့် မပြည့်ခင်အချိန်တွင်း သူမ၏ခန္ဓာကိုယ်က လောင်ကျွမ်း ပြာကျသွားတော့မည် ဖြစ်သည်။ ထိုအချိန်တွင် သူမ၏ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်က ပွေ့ဖက်လိုက်ကြောင်း မူလန်ယင်း ခံစားလိုက်ရသည်။
မီးတောက်များက ရဲ့ချန်၏ခန္ဓာကိုယ်ပေါ် ကျရောက်သွားလေသည်။ ကံကောင်းထောက်မစွာ မီးတောက်များက ရဲ့ချန်အပေါ် သက်ရောက်မှု လုံး၀ မရှိပေ။ ထို့ကြောင့် ရဲ့ချန်က နာကျင်မည် မဟုတ်ပေ။
မူလန်ယင်းသည် သူမ၏မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ စီနီယာချန်က သူမကိုကယ်တင်ထားကြောင်း မြင်လိုက်ရသည်။ ထိုလူက သူမကို အသက်အန္တရာယ်ရှိသော တိုက်ခိုက်မှုမှ ကယ်တင်မည်ဟု လုံး၀ မျှော်လင့်မထားပေ။
“ ငတုံး၊ ငါ မင်းကို ဒီနဂါးမိစ္ဆာနဲ့ ဝေးဝေးမှာ နေပါလို့ ပြောထားပြီးပြီလေ၊ မင်းဘာဖြစ်လို့ ငါ့စကားကို နားမထောင်ရတာလဲ “ ရဲ့ချန်သည် သူ့ထက်ပင် ပိုသန်မာသော နဂါးမိစ္ဆာကို မစဉ်းစား မဆင်ခြင်ဘဲ တိုက်ခိုက်လိုက်သောကြောင့် ဆူပူနေ၏။
မူလန်ယင်းက မည်သည့်စကားမျှ ပြန်မပြောဘဲ သူမ၏မျက်နှာကို တစ်ဖက်ကို လွဲထားလိုက်သည်။
ရဲ့ချန်က မူလန်ယင်းကို ချင်းချမ်၏ဘေးသို့ ခေါ်လာခဲ့သည်။ “ မင်းတို့နှစ်ယောက် ဒီမှာတင်နေ၊ ဘာမှ ထပ်ပြီး မလှုပ်ရှားနဲ့၊ ဒီမွန်းစတားကြီးကို ငါတာ၀န် ယူလိုက်မယ် “ ဤတစ်ကြိမ်တွင် ရဲ့ချန်က ချင်းချမ် နှင့် မူလန်ယင်းတို့ကို အလေးအနက် ပြောလိုက်ခြင်း ဖြစ်သည်။
ထို့နောက် ရဲ့ချန်က နဂါးမိစ္ဆာကြီးဆီ ပြန်လည် အာရုံစိုက်လိုက်သည်။
“ ဂိုဏ်းခေါင်းဆောင်ချင်း၊ စီနီယာချန်က ဘယ်အဆင့်ရောက်နေပြီလဲ၊ နင်သိလား “ မူလန်ယင်းက မေးလိုက်သည်။
“ ငါလည်း မသိဘူး၊ ဒါပေမဲ့ စီနီယာချန်က အရမ်း အားကောင်းတယ်ဆိုတာတော့ သိတယ်၊ အဲဒါကို အသာထားလိုက်စမ်းပါ၊ အခု စီနီယာချန် နဲ့ နဂါးကြီးရဲ့တိုက်ပွဲကို ကြည့်ကြရအောင် “ ဤအချိန်တွင် ချင်းချမ်ကိုယ်တိုင်လည်း ရဲ့ချန်က မည်မျှ သန်မာကြောင်း မသိပေ။ ချင်းချမ်အတွက်တော့ ရဲ့ချန်က လျှို့ဝှက်ဆန်းကြယ်သော လူတစ်ယောက်ပင် ဖြစ်၏။ သူမ၏အလိုလိုသိစိတ်အရ ရဲ့ချန်တွင် လျှို့ဝှက်ချက်ပေါင်း များစွာ ရှိနေသည်ဟု ယုံကြည့်ထားသည် မဟုတ်ပါလား။
အမျိုးသမီးများသည် ထူဆန်းသည့် သက်ရှိများ ဖြစ်ပေသည်။ သူမတို့ကို စိတ်၀င်စားနေသော အရာတစ်ခုခုကို တွေ့မိလျှင် ၎င်းက မည်မျှပင် အန္တရာယ်ရှိသည်ဖြစ်စေ မရရအောင် လိုက်လံရှာဖွေနေသေးသည် မဟုတ်ပါလား။
ရဲ့ချန်က နဂါးမိစ္ဆာကြီး၏ရှေ့သို့ ရောက်လာခဲ့သည်။ ဤတစ်ကြိမ်တွင် သူက နဂါးမိစ္ဆာကြီးကို အလေးအနက် တိုက်ခိုက်တော့မည် ဖြစ်သည်။
ရဲ့ချန်က မီးသွေးကျောကို ချက်ချင်း ဖွင့်ထုတ်လိုက်သည်နှင့် သူ၏အင်အားများက အဆက်မပြတ် တိုးတက် သန်မာလာတော့သည်။
ရဲ့ချန်၏အော်ရာများကလည်း ပေါက်ကွဲပြီး အားကောင်းလာတော့သည်။ ရဲ့ချန်နှင့် ခပ်ဝေးဝေးတွင် ရှိနေသည့် မူလန်ယင်း နှင့် ချင်းချမ်တို့ပင် ထိတ်လန့်မှုကို ခံစားနေရသည် မဟုတ်ပါလား။
“ အတော် ပြင်းထန်တဲ့ အော်ရာပဲ “ မူလန်ယင်းပင် စီနီယာချန်၏ အော်ရာများ ပေါက်ကွဲလာသောအခါ အနည်းငယ် ထိတ်လန့်သွားကြောင်း ၀န်ခံမိရသည်။
ရဲ့ချန်က အရိပ်ကိုးခုခြေလှမ်းကို အသုံးပြုပြီး ထိုမွန်းစတားကြီးကို တိုက်ခိုက်လိုက်သည်။
“ ဘမ်း … ဘမ်း … ဘမ်း … ဘမ်း … ဘမ်း “ ရဲ့ချန်၏တိုက်ခိုက်ချက်အားလုံးက နဂါးကြီး၏ခန္ဓာကိုယ်ကို ထိမိသည်။ ကံမကောင်းစွာပင် နဂါးကြီး၏အရိုးများက အလွန် မာကျောနေခဲ့၏။ ရဲ့ချန်၏တိုက်ချက်များက နဂါးကြီး၏ခန္ဓာကိုယ်ပေါ် လုံး၀ သက်ရောက်ခြင်း မရှိပေ။
အရိပ်ကိုးခု ခြေလှမ်းက မြန်ဆန်လွန်းသောကြောင့် နဂါးမိစ္ဆကြီး ရဲ့ချန်၏အရိပ်ကိုသာ ရိုက်မိလေသည်။
“ ဂရား … “ နဂါးမိစ္ဆာကြီး အလွန်တရာ ဒေါသူပုန်ထသွားလေသည်။ သူက အလွန်တရာ ကျယ်လောင်သည့် မာန်ဖီသံကြီးတစ်ချက် အော်ဟစ်လိုက်သည်။ ထိုမာန်ဖီသံကြီးကြောင့် ရဲ့ချန်၏နားစည်ပင် တုန်ခါသားရသည်။
“ မီးဓားတစ်သောင်း … “ ရဲ့ချန်က မီးဓားသိုင်းကွက်ကို အသုံးပြုလိုက်သည်။ ရဲ့ချန်၏အနီး၀န်းကျင်တွင်လည်း မီးဓားတစ်ထောင်က ပေါ်ထွက်လာခဲ့သည်။
“ ရှေ့ကို “ ရဲ့ချန်က မီးဓားတစ်ထောင်ဖြင့် နဂါးမိစ္ဆာကြီးကို တိုက်ခိုက်လိုက်သည်။
“ ချွတ် … ချွတ် … ချွတ် … ချွတ် “ မီးဓားတစ်ထောင်က နဂါးမိစ္ဆာ၏ခန္ဓာကိုယ်ကို ဖြတ်ပိုင်းပစ်လိုက်သည်။
မူလန်ယင်းသည် စီနီယာချန် ဖန်တီးလိုက်သည့် မီးဓားပျံများကို မြင်ပြီး အံ့အားသင့်သွားလေသည်။ ယင်းက မူလန်ယင်းတို့ တွေးနိုင်သည့် အရာများ မဟုတ်ပေ။ မူလန်ယင်းသည် အံ့အားသင့်နေရာမှ မူလအတိုင်း အေးစက်စက်ပုံစံ ပြန်ဖြစ်သွားသည်။
မူလန်ယင်း၏ဘေးတွင် ချင်းချမ်ကတော့ ဓားပျံတစ်ထောင်လောက်ကို မြင်ပြီး ကြက်သေသေနေလေသည်။ ယခင်က မီးဓားတစ်ရာကို မြင်ဖူးခဲ့စဉ်ကပင် အလွန်အမင်း အံ့အားသင့်ခဲ့ရ၏။ ထိုကဲ့သို့ မီးဓားတစ်ထောင်ကို မြင်လိုက်ရသောကြောင့် သူမ၏မျက်လုံးကိုပင် သံသယ၀င်မိသွားရသည်။
ထို့ကြောင့် ချင်းချမ်သည် ရဲ့ချန် မည်မျှ သန်မာကြောင်း စတင် စူးစမ်းနေမိတော့သည်။
“ ဂျလွတ် … “ ရဲ့ချန်၏မီးဓားများကို နဂါးမိစ္ဆာကြီးက အရသာရှိသော သွားရည်စာများကဲ့သို့ တဂျွတ်ဂျွတ် စားသောက်နေ၏။
ရဲ့ချန်၏မီးဓားများကို စားသောက်ပြီးနောက် နဂါးမိစ္ဆာကြီးက မူလအရွယ်အစားထက်ပင် ပိုမို ကြီးမားလာတော့သည်။
“ ဆရာ၊ ဒီနဂါးမိစ္ဆာက မီးနဂါးနတ်ဘုရားရဲ့ မျိုးဆက်က ဆင်းသက်လာတာနဲ့တူတယ်၊ သာမန်မီးစွမ်းအင်တွေက သူတို့ကို နာကျင်အောင် မလုပ်နိုင်ဘူး၊ အဲဒီအစား သူတို့က တိုက်ခိုက်လိုက်တဲ့ မီးတောက်ကို စုပ်ယူပြီး ပိုပြီး သန်မာအောင် လုပ်နိုင်ကြတယ် “ ချူးယွဲ့ချန်က နဂါးမိစ္ဆာကို တိုက်ခိုက်ရာတွင် မီးတောက်ကျင့်စဉ်ကို အသုံးမပြုရန် ပြောလိုက်သည်။
“ အဲဒါကို ဘာဖြစ်လို့ စောစောစီးစီးက မပြောတာလဲ “ ချူးယွဲ့ချန်၏သတင်းပေးပို့မှုက အလွန် နောက်ကျပေသည်။ ရဲ့ချန်က စောစောက ကြိုသိလျှင် မီးကျင့်စဉ်ကို အသုံးပြုပြီး နဂါးမိစ္ဆာကို တိုက်ခိုက်မည် မဟုတ်ပေ။
ရဲ့ချန်၏မီးဓားများကို စားသောက်ပြီးနောက် နဂါးမိစ္ဆာကြီးက ပိုမို ကြီးမားလာပြီး အားကလည်း ပိုမို သန်မာလာခဲ့သည်။
“ ဒီမွန်းစတားကြီးက ဘာဖြစ်လို့ ပိုကြီးလာတာလဲ၊ ဘာတွေ ဖြစ်ကုန်ပြီလဲ “ ချင်းချမ်သည် နဂါးမိစ္ဆာကြီးက ပိုကြီးလာသောကြောင့် အံ့အားသင့်သွားတော့သည်။
“ ဒီမွန်းစတားကြီးက စီနီယာချန် တိုက်ခိုက်လိုက်တဲ့ မီးတောက်တွေကို အသုံးပြုပြီး ပိုကြီးလာတာထင်တယ် “ မူလန်ယင်းက အဖြစ်ပျက်များကို အလျင်အမြန် ကောက်ချက်ချလိုက်သည်။
ရဲ့ချန်က နဂါးမိစ္ဆာကြီး၏အပေါ်သို့ ပျံတက်လာသည်။ “ မီးတောက်ကျင့်စဉ်က အသုံး၀င်ဘူးဆိုမှတော့ တခြားကျင့်စဉ်တစ်ခုကို ပြောင်းသုံးရမှာပေါ့ “
ရဲ့ချန်က အထူးလှုပ်ရှားမှု တစ်ခုကို လုပ်ဆောင်လိုက်သည်။ ရဲ့ချန် လှုပ်ရှားလိုက်သည်နှင့် အခန်းထဲတွင် အနက်ရောင်တိမ်များ စတင် စုဝေးလာတော့သည်။
ထိုထူးဆန်းသော အဖြစ်အပျက်က မူလန်ယင်း နှင့် ချင်းချမ်တို့ကို အံ့အားသင့်သွားစေသည်။ ထိုအနက်ရောင် တိမ်များက ဤကဲ့သို့ အလုံပိတ်အခန်းထဲသို့ မည်သို့ ရောက်လာရသနည်း။ စင်စစ် ဤနေရာတွင် မည်သည့်အရာများ ဖြစ်နေရသနည်း။
တိမ်စိုင်များက ထူထပ်စွာ စုဝေးလာတော့သည်။ “ ဖျက်ဆီးခြင်း လက်ဝါးသိုင်း ဒုတိယလက်ချောင်း “ ရဲ့ချန်က ဖျက်ဆီးခြင်း လက်ဝါးသိုင်းကို အသုံးပြုလိုက်သည်။
တိမ်စိုင်များ၏နောက်ကွယ်မှ ဧရာမ လက်ဝါးကြီးတစ်ဖက်က နဂါးမိစ္ဆာကြီးဆီ ကျရောက်လာသည်။
“ ဒီသိုင်းကွက်က ဟိုလူပိုင်ဆိုင်တဲ့ သိုင်းကွက်မဟုတ်လား “ မူလန်ယင်းက ထိုသိုင်းကွက်ကို ကောင်းကောင်း မှတ်မိနေသေးသည် မဟုတ်ပါလား။ ရဲ့ချန်က ထိုသိုင်းကွက်ဖြင့် သူမ၏ ကံတရား၏ရေခဲဓားသိုင်းကွက်ကို ချေဖျက်ခဲ့သည်။ စီနီယာချန်တွင် အဘယ်ကြောင့် ထိုလူနှင့် တူညီသော သိုင်းကွက် ရှိနေရသနည်း။ “ ဒီလူရဲ့တည်ရှိမှုအစစ်က ဘယ်သူများလဲ၊ ရဲ့ချန်လား “ မူလန်ယင်း၏စိတ်ထဲတွင် စီနီယာချန်၏ တည်ရှိမှုအစစ်က မည်သူဖြစ်နိုင်ကြောင်း စတင် သုံးသပ်ကြည့်လိုက်သည်။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-2Where stories live. Discover now