"သခင်မလေးကို အိမ်ရှေ့စံမင်းသမီးက အခေါ်တော်ရှိကြောင်းပါ "

ချွေးစိးတွေကျလာအောင် နန်းတော်တခုလုံးကို အနှံရှာရာမှာ အချိန်အတော်ကိုလင့်နေခဲ့ပြီဖြစ်သော်လည်း ဆင့်ခေါ်လာတာ
ကြောင့် မြင်းစောင်းက စီးတော်
ယဥ် အချစ်တော် မြင်းဖြူလေး Ryan နှင့် အထိန်းတော် နဲ့ ကိုယ်ရံတော်ခေါ်ဆောင်ရာသို့ လိုက်ပါလာခဲ့တယ်....

ပန်းမျိုးစုံသို့ ပေါက်ဖွားရာနေရာ တိုင်းပြည်ရဲ့နယ်စပ် တောတခုထဲကိုဝင်ရောက်သွားသည်နှင့် ချမ်းစိမ့်နေတဲ့လေပြေတွေဟာ စိမ်းပြာရောင် ဝတ်ရုံအောက်က အသားနုနုတွေကိုဖြတ်တိုက်ချိန်မှာတော့...

Li: အေးချမ်းလိုက်တာ....

ရေစီးသံတခုကို li ကောင်းကောင်းကြားနေရချေပြီ...အနီးနားမှာ ရေတံခွန်တခုရှိပုံရတယ်...နီယောင်ယောင် ဝတ်ရုံတွေ ဖြူဖျော့ဖျော့ဝတ်ရုံတွေကို တွေ့မြင်နေရပြီ အနီးနားမှာ မင်းသမီးဟာ စခန်းရပ်နားနေပုံဘဲ...

"သခင်မလေး li ကိုဂါရဝပြုပါတယ်"

စခန်းရပ်နားတဲ့အနားကိုရောက်သွားတော့ မင်းသမီးဟာရှိမနေခဲ့ အစေခံတချို့နဲ့စစ်သည်တော်တချို့သာရှိနေတာမလို့...

Li: မင်းသမီး ဘယ်နေရာမှရှိနေလည်း အသင်တို့သိနေလား..

အစေခံတွေရဲ့လမ်းညွှန်မှုနောက်ကိုလိုက်ပါသွားလိုက်တော့ နန်းတွင်းတံဆိပ်တွေခတ်ထားတဲ့ ဖျင်စတွေနဲ့စခန်းထိုးထားတဲ့ တဲလေးရဲ့အနောက်မှာ စမ်းချောင်းငယ်လေးဟာ လှပစွာစီးဆင်းနေတယ်....ဖြူဖြူသေးသေး ​ခြေချောင်စလေးတွေကို ရေထဲနစ်ထားပြီး လက်ချောင်းလေးတွေပါနစ်ကာ ဆော့ကစားနေတဲ့မင်းသမီးဟာ နန်းတော်ထဲက လူသတ်ဖို့ကြိမ်းဝါးသွားတဲ့သူနဲ့ လားလားမသက်ဆိုင်ပါ....

ဒီနေရာမှာ ထိုင်တော်မှုနေခဲ့တာအချိန်အတော်လင့်နေပြီ li ကိုသွားခေါ်ခိုင်းတဲ့အထိန်းတော်ဟာလည်း ရောက်မလာနိုင်သေးဘူး ဒီလိုအလှတရားမျိုးကို သူ နဲ့အတူတူမြင်တွေ့ချင်ခဲ့တာ မင်းသမီးရဲ့စိတ်ဆန္ဒတခု
မင်းသမီးဟာ သူမရဲ့ပျော်ရွှင်မှုအတော်များများကို Li သခင်မလေးနဲ့သာဖြတ်သန်းတယ်....

Last Tear (Season 1)Where stories live. Discover now