အပိုင်း (16)

Mulai dari awal
                                    

  " အမတော်.....ယုယု ပြောတာ ကလေ....ယုယု ကို မနေ့ ညက ဝမ်ကူက ဆေးခပ် ပြီး သူမ အိပ်ယာပေါ် ဆွဲ တင်သွား တာ ကို ပြောတာပါ....ဝူးဝူး...''

  ခုံ အောက်ထဲကနေ လေးဖက်ထောက်လေး ထွက်လာတဲ့ ဧကရာဇ် လေး က မျက်နှာမှာ ပေပွနေပြီးတော့ အားကိုး ရာ ကိုတွေ့သလို သူမလက်မောင်း တစ်ခု လုံး ကို ဖက်ထားကာ ဘာတွေ ဖြစ်ပျက် ခဲ့ သလဲ ဆိုတာကို တိုင်တော တော့တယ်။

  ထုပ်တန်းပေါ်မှာ ထိုင်ရင်း စောင့်ကြပ်ပေး နေတဲ့ အရိပ်ကိုယ်ရံတော် အသစ်လေး ကတော့ အဲ့မကောင်းဆိုးဝါး ဧကရာဇ် ရဲ့ သရုပ်ဆောင်နေ မှုကြီး ကို ဖရဲစေ့ လေးဝါးကာ စိတ်ထဲ ကြိတ်ပြီး လက်ခုပ် တီးပေး နေတော့တယ်။

အရိပ်ကိုယ်ရံတော် တွေ က ဧကရာဇ် တစ်ယောက် ကိုပဲ လုံးဝ ကာကွယ် ပြီး ဧကရာဇ် ရဲ့ အမိန့်ကို ပဲ တစ်သွေး ထဲ လိုက်နာ တဲ့ အမှောင်ထဲ က ဧကရာဇ် ရဲ့ ဓားတွေ ပဲ ဖြစ်လေတယ်။ အရင် ဧကရာဇ် နားမှာနေခဲ့တဲ့ အရိပ် ကိုယ်ရံတော် အကြီးအကဲ က သူ့ရဲ့ မွေးစား သားကို ၅ နှစ်သား အရွယ်ကတည်း က အရိပ်ကိုယ်ရံတော် ခေါင်းဆောင် အဖြစ် တင်းတင်းကြပ်ကြပ် လေ့ကျင့် ပေးထားတာကြောင့် သူက အသက် ၂၂ နှစ်မှာ အထက်မြတ်ဆုံး ဓား တစ်လက် ဖြစ်လာပြီး အခု နန်းတက် ရတဲ့ ဧကရာဇ် ရဲ့ ဘေးမှာ တာဝန် ထမ်းဆောင် နေရ တာပဲ ဖြစ်လေတယ်။

  အစက အရိပ်ကိုယ်ရံတော် ဟာ ဧကရာဇ်လေးကြောင့် ဒီရာထူး ကို ဆက်ခံ တာမဟုတ်ပဲ ဧကရီကြောင့်သာ ဆက်ခံ ခြင်း ဖြစ်လေတယ်။ သူငယ်ငယ်တုံးက တင်းကြပ် ပြင်းထန်လှတဲ့ လေ့ ကျင့်ရေးတွေ ကို တောင့်မခံ နိုင်ပဲ ထွက်ပြေး တဲ့ အချိန် ရှိခဲ့ ဘူးတယ်။ အဲ့တုံးက သူအသက် (၁၇)  နှစ် လောက်ပဲ ရှိနေ သေးတယ်။ အဲ့အချိန် တုံးက ချီယန်ကျန်းကျွင်း တစ်ယောက် မြို့တော် ကို ဂုဏ်ယူဝင့်ကြွား စွာ ပြန်လာတဲ့ အချိန်ပေမယ့် သူထွက်ပြေး လို့ ရခဲ့တာပဲ ဖြစ်လေတယ်။

  ဒါပေမယ့် သူများတွေ ပြောတဲ့ ချီယန်ကျန်းကျွင်း က ဘယ်လောက်ထိ သားနား သလဲ ဆိုတာ ကို သူတွေ့ ချင်တာကြောင့် သွားပြီး ခိုးကြည့် ခဲ့တယ်။
စစ်ပွဲ နိုင် လို့ ပြန်လာတဲ့ အုပ်စု ခေါင်းဆောင် ကို ကြည့်လိုက်တော့ သူနဲ့ နည်းနည်း ပဲ ကွာတဲ့ အမကြီး တစ်ယောက် ကိုတွေ့ လိုက် ရတယ်။ ပြီးတော့ တစ်ခြား ဘေးဘက်က လူတွေ ပြောတာကြောင့်ပဲ ထိုအမ ကြီးက ကြိးမြတ်လှတဲ့ ချီယန်ကျန်းကျွင်း ဖြစ်တယ် ဆိုတာ သိသွားခဲ့လေတယ်။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Tempat cerita menjadi hidup. Temukan sekarang