[Unicode]" အား...... နာတယ်.....အား.... ကလေးမမွေးချင်တော့ဘူး...အား....''
မနက်ခင်း နှင်းဝေနေတဲ့ အချိန်မှာ ဧကရာဇ် လီယု တစ်ယောက် ဗိုက်နာပြီး ရေမြွှာ ပေါက်တော့တယ်။ ဒါကြောင့် သမားတော်တွေ ကော နန်းတွင်းသူတွေသာ မက ကြင်ယာတော်တွေပါ ပြေးလွှားနေကြတယ်။ မီးဖွှားနေတဲလ အခန်းထဲ မှာတော့ လီယု မှာ သူ့အမ ရှန်းလုရဲ့ လက်ကို ကိုင်ပြီး အသားကုန်ညှစ် ထုတ်နေခဲ့ရတယ်။ ပါးစပ်ကနေပြီးတော့လည်း တဝူးဝူး နဲ့ အော်ငိုနေပြီးတော့ မျက်ရည်တွေ ကျနေလေတယ်။
အမွှေးတိုင် တစ်တိုင်စာ လည်း ကုန်ရော ကလေးငိုသံက အခန်းထဲ မှာ ပျံ့လွင့်လာတယ်။ ဒါပေမယ့် လီယု ရဲ့ ဗိုက်က ကြီးနေဆဲပဲ ။ အစကတည်းက အမြွှာ ကိုယ်ဝန်လို့မှန်း ထားတာမို့ သိမ်တော့ မအံ့ဩ မိကြဘူး။ ဒါကြောင့် ရှန်းလုခမျာ သူမ ရဲ့ ဧကရာဇ် လေးကို ထပ်ပြီး အားစိုက်ကာ ညှစ်ဖို့ပြောနေတော့တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ကလေးလေး နောက်တစ်ယောက် မွေးလာခဲ့တယ်။
ကြင်ယာတော် ၄ ပါးလုံးက လည်း နှစ်ပါး တစ်ယောက်စီ ခွဲပြီးတော့ ကလေးလေးတွေကို သန့်ရှင်းရေး လုပ်ပေးပြီး အဝတ်လေးတွေ နဲ့ ထုတ်ပိုးလိုက်တော့တယ်။ လီယု မှာတော့ အားကုန်သွားပြီ ဖြစ်လို့ အိပ်ပျော်သွားတော့တယ်။ ရှန်းလုကတော့ ဧကရာဇ်ကို ကိုယ်လက်သန့်စင်ပေး လိုက်တော့တယ်။
" အရှင်မ သူတို့ နှစ်ယောက် လုံးက ယောကျာ်းလေး တွေ ချည်းပါပဲ ။ ပြီးတော့ ကျန်းမာ သန်စွမ်းကြပါတယ်။ ''
ရှန်းလုက သား ၂ ယောက်ကို ပွေ့ချီ လိုက်တယ်။ ပထမမွေးတဲ့ သားက နဖူးတည့်တည့်မှာ မှည့်နီ လေး ပါပြီးတော့ ဒုတိယ သားကတော့ ဘယ်ဘက်မျက်ခုံးပေါ်မှာ မှဲ့အနက်လေး ပါလေတယ်။
ဒါကြောင့် အကြီးဆုံး ကလေးကို လီရှားကျစ် လို့ ပေးပြီး အငယ်လေးကိုတော့ လီဟေးကျစ် လို့ အမည်ပေးခဲ့တယ်။ နောက်တော့ စဲ့ဖေးနဲ့ ရှုဖေး တို့ အတွဲ ကို အကြီးဆုံးသားလေး ကို တာဝန်ယူဖို့ ပြောကာ တဲ့ဖေး နဲ့ ချန်ဖေး တို့ အတွဲကို အငယ်လေးကို တာဝန် ယူဖို့ပြောလိုက်တယ်။
YOU ARE READING
COMPLETE ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)
Historical Fictionဒီဟာလေး ကတော့ ဒုတိယမြောက် ခြေလှမ်း လေးပဲ ဖြစ်ပါတယ်နော်။ ရှေ့အပုဒ်က Boy X Boy ပုံစံ ဖြစ်တာမို့ BXG ကြိုက်တက်တဲ့ ကျယ်မေ့ တို့အတွက် ရည်ရွယ်ပေး ထားတဲ့ စာအုပ်လေးပါ။ ဧကရာဇ် လေးဟာ အသက် ၁၄ နှစ်မှာ တင် နန်းတက်ခဲ့ ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဧကရီ နေရာ ကိုတော့ သူ...