အပိုင်း (27)

1.3K 132 43
                                    


[Unicode]

    ဘေးနားက အမတ်တွေ ကတော့ ရင်ဘတ်ထဲကနေ ပေါက်စီ ဆွဲထုတ်လိုက်တဲ့ ဂိုလျော မင်းသမီး ကို မြင်ပြီး ကြောင်အ သွားတယ်။

  ဘယ်သူကများ ဂိုလျောရဲ့ မင်းသမီး က သိမ်မွေ့ နူးညံ့ ပြီး ဖြူစင်တာလို့ ပြောတာလဲ ။ ဘယ်နေရာ ကများ သိမ်မွေ့နေလို့လဲ ။ သိသိသာသာ ကြီးကို ရင်ဘတ်ထဲကနေ ပေါက်စီ ကြီး ဆွဲထုတ်လိုက်တာလေ။

   ထို ကြောင်အနေတဲ့ အမတ်တွေ က စသူမကို စိုက်ကြည့်နေမှန်းသိတဲ့ အခါ နောက်ထပ် ပေါက်စီ တစ်လုံးဆွဲထုတ် ကာ တိတ်တိတ်လေး ကပ်ပြော လိုက်တယ်။

" အမတ်ကြီးတို့ ဝယ်ချင်ရင် ရတယ်နော် ။ ဒီမင်းသမီးမှာ အများကြီးရှိတယ်။ ''

  ဂိုလျောသံတန်မံ အဖွဲ့ ''.............''

  '  အရှင်မင်းသမီးရေ... အခုက စျေးရောင်း ရမယ့် အချိန် မဟုတ်ဘူး လေ။ ပြီးတော့ ဘယ်နားမှာများ ပေါက်စီတွေ က ရှိနေသေးတာတုံး။ '

ကျန်တဲ့ အမတ်တွေ ကလည်း အချင်းချင်း လက်တို့ ပြီး ဂိုလျောမင်းသမီး ဆီက ပေါက်စီ ဝယ်ဖို့ လုပ်တော့တယ်။ ညီလာခံ ထဲက အမတ်တွေ နဲ့ စစ်ဘက် အရာရှိတွေက ကြိတ်ကြိတ်ပြီး ပေါက်စီ ပူပူလေးတွေ ကို လက်ကမ်းကာ ပေးနေတာကို ပုလ္လင်ပေါ်က ဧကရာဇ် တွေ့တဲ့ အခါ ကိုယ်ဝန်ဆောင် သည် ချင်ချင်း တက်လာခဲ့တယ်။

ဒါကြောင့် ဗိုက်လေး ခမျာ သူ့ဧကရီ ကို ဝယ်ကျွေးဖို့ ပြောတော့တယ်။

" ဖူးကျွင်း.... ယုယု ပေါက်စီတွေ စားချင်တယ်... ယုယု စားချင်တာ မဟုတ် ဘူးနော်... ဖူးကျွင်း ကလေးလေး တွေကလည်း စားချင်တာတဲ့ ''

  ဗိုက်လေး ကို ကိုင်ကာ နှုတ်ခမ်းလေးကို ထော်ထော်ပြီး ပြောနေသော သူမရဲ့ ပေါင်ပေ့လေးကြောင့် ဘေးနားက မိန်းမ စိုးကို မျက်ရိပ်ပြ လိုက်တယ်။

တဲ့ဖေး နဲ့ ပါးရှား မင်းသမီး တို့ရဲ့ ရန်ပွဲ ကလည်း အရှိန်တက်လာလေတယ်။ တကယ်လို့ သာ အခုရန် ဖြစ်နေတာက နန်းတော် အပြင်ဘက်ဆို ဘေးနားက ထိုင်နေတဲ့ သူတွေက သြဘာတွေ ပေးနေကြမှာ ဖြစ်ပေမယ့် အမတ်ချုပ်ကြီး မြေးမလေး တစ်ဖြစ်လဲ ကျောက်စိမ်းမမလေး တဲ့ဖေး နဲ့ တစ်ဖက်က ပါးရှားရဲ့ ရင်နှစ်သည်းချာ လေး မို့ ပါးစပ်တွေ ကို ပေါက်စီ နဲ့သာ စို့လိုက်တော့တယ်။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Kde žijí příběhy. Začni objevovat