ပုဂံမြေနှင့် ခိုင် Ep- 1

9.4K 354 6
                                    

**Unicode**

"မောင့်ကိုခွင့်လွှတ်ပါလေ ခိုင်၊ နောင်ဘဝဆိုသည်လည်း ရှိပါစေ ခိုင်၊ ဘဝတို့အကြိမ်ကြိမ်ပြန်လည်ဖွားမြောက်လေသောသံသရာဆိုသည်နှင့် သံသရာ၌ ပြန်လည်တွေ့ဆုံတတ်သော ရေစက်ဆိုသည်လည်း ရှိပါစေ ခိုင်.....။

သံသရာလမ်းဘုံဘဝ ကွန်းထောက်တစ်စခန်းမှာ ရေစက်အဟုန်ကြောင့် ခိုင် နဲ့ မောင် ပြန်လည်တွေ့ဆုံလျှင်.....မောင့်ကိုခွင့်လွှတ်နိုင်ပါစေ ခိုင်....." ဟုခေါ်သော ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ရေးသားထားတဲ့ 'သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်' ဆိုတဲ့စာအုပ်လေးထဲက ထိုစာသားလေးကို နေခြည်ခန့် အလွန်သဘောကျသည်

သဘောကျဆိုနေခြည်ခန့်နှင့် သူမရဲ့အချစ်ရဆုံးသူလေးနဲ့ နာမည်ဆင်တူနေသောကြောင့်ဖြစ်သည် နေခြည်ခန့်နဲ့ ထိုကလေးမလေးရဲ့ တွေ့ဆုံမူကလဲဆန်းကျယ်ခဲ့သည်

အတိတ်ကံကြောင့် ဒီဘဝမှာ လာဆုံတွေ့တယ်ဆိုတဲ့ ရေစက်ကို ခန့်ယုံသွားပြီ ဘာလို့လဲဆို သိပ်ချစ်ရတဲ့ကောင်မလေးနဲ့ တွေ့ဆုံခွင့်ပေးခဲ့တာ ပုဂံမြေဖြစ်နေလို့ပဲ ရေစက်ရှိမှလာဆုံတွေ့ရတဲ့ပုဂံမြေမှာ မြင်မြင်ချင်းချစ်မိတဲ့ကောင်မလေးတစ်ယောက်ကြောင့် ဇောက်ထိုးဖြစ်ခဲ့ရတဲ့နေခြည်ခန့်နှလုံးသား အကြောင်းပြောပြရင် ဘယ်သူယုံမှာလဲနော်......

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နွေရာသီရဲ့ အပူဒဏ်ကိုအံတုပြီး မနက်ဖြန်ဖြေရမယ့် Bioအတွက် အားကြိုးမာန်တတ် အိန္ဒြာခိုင်တစ်ယောက် စာပြန်နွှေးနေတော့သည် အိန္ဒြာခိုင်ဆိုတဲ့ အိန္ဒြာက ဆယ်တန်းစာမေးပွဲဖြေနေတဲ့ ကောင်မ​လေးတစ်ယောက် စာမေးပွဲနောက်ဆုံးနေ့ကိုရောက်၍ ပျော်ရွှင်မူအပြည့်နဲ့ စာပြန်နွှေးနေခဲ့သည် အိန္ဒြာ စိတ်အလှုပ်ရှားဆုံးကတော့ စာမေးပွဲပြီးဆုံးမှာထပ် နောက်နေ့သွားရမည့် ပုဂံခရီးစဥ်ကြောင့်ဖြစ်သည်

"ရေးးးး နောက်ဆုံးတော့ ဆယ်တန်းကျောင်းသူဘဝပြီးဆုံးပြီကွ" ပျော်ရွှင်မူအပြည့်နဲ့ စာမေးပွဲခန်းထဲမှထွက်လာခဲ့တဲ့အိန္ဒြာ

"သမီး ဖြေနိုင်လား မေးခွန်းကရောလွယ်လား"

"အေးဆေး ဖြေနိုင်တယ်မေကြီး ဟီးဟီး"

ပုဂံမြေနှင့် ခိုင်Where stories live. Discover now