Chapter - 19 (Part 3)

Start from the beginning
                                    

အူးယမ်က အကူအညီမဲ့စွာခံစားလိုက်ရပြီး, "သွား​တော့, မင်း မသွားရင် ငါ မင်းကိုရိုက်မှာ"

လင်ကျင်းက ချက်ချင်းကို လိုက်​လျောစွာနဲ့ သူ့လက်ကို ဆန့်ထုတ်ပြီး လက်ဖဝါးဖြန့်လိုက်တယ်, "အဲ့ဒါဆို ကျွန်​တော့်ကို ရိုက်ပါ"

အူးယမ်က ကရုဏာမထားဘဲ မ​နေနိူင်ဘူးဖြစ်တဲ့အတွက် သူ့လက်ဖဝါးကို ဖြစ်ဖြစ်​မြောက်မြောက်မရှိစွာ နှစ်ကြိမ် ရိုက်လိုက်တယ်။

"အို့ အိုး, ဆရာ, အရမ်းနာတယ်"

"နာတယ်ဆို သွား​တော့"

"အဲ့ဒါဆို ကျွန်​တော် အနာပဲခံမယ်"

အူးယမ်က ရုတ်တရက် အနည်းငယ်စိတ်ပျံ့လွင့်သွားတယ်။ ဒီလိုတူညီတဲ့စကားဝိုင်းမျိုး အချိန်​အ​တော်ကြာက ရှိခဲ့ပုံရတယ်။ ဒါ​ပေမယ့် ဘယ်အချိန်ကလဲဆိုတာ သူ မမှတ်မိနိူင်​တော့ဘူး။

"ဆရာ ကျွန်​တော့်ကို စိတ်မဆိုး​တော့ဘူး​နော်, ဟုတ်လား?"

​သူ့မျက်လုံးအ​ရှေ့မှာ ကောင်​လေးရဲ့ချစ်စရာ​ကောင်းတဲ့မျက်နှာက ​ဝေဝါးလာပြီး အနည်းငယ်ထင်​ယောင်ထင်မှားဖြစ်သွားခဲ့တယ်။

"...အင်း"

"အာ...အဲ့တာ​ကောင်းတယ်, ကျွန်​တော် ဆရာ့ကို သ​ဘောအကျဆုံးပဲ"

"..."

"ဆရာ..."

​ကောင်လေးမှာ အနက်​​ရောင်မျက်လုံး​တွေ, ချစ်စရာ​ကောင်းတဲ့မျက်နှာနဲ့ သူပြုံးလိုက်တဲ့အခါ ​ကွေးညွတ်သွားတဲ့ နှုတ်ခမ်း​ထောင့်စွန်း​တွေရှိတယ်။ အူးယမ်က သူ့ကို ​မိန်း​မောရင်းသာ ​စိုက်ကြည့်​နေခဲ့တယ်။

​အူးယမ်သိလိုက်ရတဲ့ ​နောက်တစ်ခုက​တော့ သူ့နှုတ်ခမ်း​ပေါ်မှာ စိုစွတ်​နွေး​ထွေးတဲ့အရာတစ်ခု​​ရောက်လာပြီး အနမ်းခံလိုက်ရတာပဲဖြစ်တယ်။

အူးယမ်က သူ့စာအုပ်ကိုသယ်ရင်း အပြင်ကို ​လမ်းလျှောက်လာတဲ့အခါ စိတ်ရှုပ်​ထွေး​နေတုန်းဖြစ်တယ်။ လင်ကျင်းနဲ့အနမ်းက ဘာကိုဆိုလိုတာလဲ? သူက သမီးရည်းစားဆက်ဆံ​​ရေးတစ်ခုကို စတင်​နေတာ​လား?

လင်ကျင်းက အ​ပေးအယူတစ်ခုရထားသလိုမျိုး သူ့​ဘေးမှာ ပြုံး​နေတယ်။ အူးယမ်က​တော့ အနည်းငယ်ပျာယာခတ်​နေခဲ့တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now