" ဝမ်ရယ်!! " လင်းယွီ့က စိုးရိမ်တကြီးဖြင့် တိုးညင်းသည့် အသံဖြင့် ခေါ်လိုက်သည် ။ သို့သော် အသက်ရှုသံ သဲ့သဲ့မှ လွဲ၍ တုန့်ပြန်သံ မကြားရတော့ပေ ။ သူက အန်းဇယ်ရီသည် ဒီအကြောင်းအရာအား အခြားသူများကို မသိစေချင်သည်မှာ သိသာသောကြောင့် အမှောင်ကို အားပြုလျက် အမှုအရာမပျက်ပင် ခေါ်သွားလိုက်သည် ။ သူတို့ရဲ့ ပူးကပ်နေသည့် အခြေအနေက အစေခံများကို အထင်လွဲသွားစေခဲ့သည် ။ သူတို့က နားလည်သည့် သဘောဖြင့် အဆောင်တော်နဲ့ ခပ်လှမ်းလှမ်းသို့ပင် ရွေ့ပေးလိုက်ကြသည် ။
တော်ဝင်မျိုးနွယ်များသည် အပြုအမှုတိုင်းအား လူတိုင်းက အာရုံစိုက်ကြသည် ။ နောက်တစ်နေ့တွင် ဝမ်ရယ်က ကြင်ယာတော်အဆောင်တွင် ကုန်ဆုံးခဲ့သည့် သတင်းသည် ပျံ့နှံ့သွားတော့သည် ။ အဆင့်နိမ့်အဆောင်တွင် မုန့်ယိရှင်းက ဒေါသကြောင့် သူမရှေ့က စားပွဲအား လှန်ပစ်လိုက်တော့သည်။
ခွမ်း!!! ခလွမ်!!!!
အစေခံများက ဘာမှမဆိုဘဲ ပန်းကန်အကွဲများ ၊ ဖိတ်စင်သွားသည့် ဟင်းများကို သိမ်းဆည်းပြီးနောက် ထွက်သွားလိုက်တော့သည် ။ အစေခံများပင် သူမအား မလေးမသား ပြုမှုနေသည်ကို တွေ့ရသည့်အခါ မုန့်ယိရှင်း၏ ဒေါသက နှစ်ဆတက်သွားတော့သည် ။ သူမက တော်ဝင်နန်းတော်မှ ထွက်ခွာလာသည့်အချိန်တွင် အိမ်တော် မပြန်ခင် မြို့ထဲ အရင် သွားမည်ဟု ဆုံးဖြတ်လိုက်သည် ။ အိမ်တော်ထဲ ရောက်ပြီးလျှင် သူမ ထွက်နိုင်မည် က မသေချာသောကြောင့်ပင် ။
" မိန်းကလေးရှုက အရမ်းကျက်‌သရေ ရှိတာနော် .. "
" ဒါပေါ့.. သူမက အနုပညာလေးမျိုးအပြင် အခြားနေရာတွေမှာလဲ တတ်ကျွမ်းသေးတယ်..."
" အခု ရှုအိမ်ရှေ့မှာ ကမ်းလှမ်းတဲ့ သူတွေ ပုံနေတာဘဲ ..မုမိသားစုတောင် ပါသေးရဲ့.. "
တစ်လမ်းလုံး မုန့်ယိရှင်းကြားရသည်က ရှုချင်းရီ အကြောင်းများပင် .. ။ မုန့်ယိရှင်း၏ မျက်နှာက ဒေါသကြောင့် နီရဲနေသည် ။ သူမက ချက်ချင်းပြင် မုချိန် အား သွားရှာရန် ပြင်တော့သည် ။ ဒီခွေးသားက သူမအား သစ္စာဖောက်ရဲသည် ..။