စကားဆုံးသည်နဲ့ ခါးထက်သို့ ရောက်လာသည့် လက်တစ်ဖက် .. ယုတ္တိမရှိစွာ သူ့ခေါင်းထဲသို့ ပထမဆုံးဝင်လာသည့် အတွေးက အန်းဇယ်ရီက ဘာမှမလုပ်ရတာတောင် ဘာကြောင့် လက်များက ကြမ်းရှရြှဖစ်နေရသည်လဲ ဆိုတာပင် ..။ မှေးသည် မော့ကိုင်ခံလိုက်ရပြီး နီးကပ်လာသည့် ချောမောသည့် မျက်နှာကို မြင်လိုက်ရသဖြင့် ကျောရိုးများ တောင့်တင်းသွားသည် ။ ' ထပ်.. ထပ်ပြီး နမ်းမလို့လား '
ခပ်လှမ်းလှမ်းက အကွယ်တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အစေခံ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာများ ပူထူလာခဲ့သည် ။ ဒုတိယမင်းသားက ဘာကြောင့် အခြားသူများ ချိန်းတွေ့နေသည်ကို လိုက်ချောင်းခိုင်းကြောင်း နားမလည်နိုင်ပေ ။ အခြေအနေကြည့်ရသလောက် ချီဝမ်ရယ်နဲ့ ကြင်ယာတော်တို့က သူတို့ သီးသန့်အချိန် လိုချင်လို့ ပွဲတော်မှ ထွက်လာခဲ့ခြင်း ဖြစ်ဟန်တူသည် ။
" ဘာမှထူးခြားတာ မရှိဘူးပေါ့.??? " အန်းမူ၏ အမေးကြောင့် အစေခံက သူတွေ့ခဲ့ရသည့် အကြောင်းများကို မျက်နှာပူစွာဖြင့်သာ ပြောပြရတော့သည် ။ အန်းမူ၏ အမှုအရာက ထူးဆန်းသွားလေသည် ။ သူက အစေခံကို ထွက်သွားခိုင်းလိုက်ပြီး စားပွဲအား လက်ဖြင့် အသာခေါက်လျက် အတွေးနက်နေခဲ့ပြီး သူဘာတွေးသလဲ သိနိုင်ရန် ခက်ခဲလှသည် ။
ဥယျာဉ်ထဲတွင် လင်းယွီ့က တွန်းထုတ်ဖို့ ခက်ခဲလှသည့် လက်မောင်းများကြားရှိနေခဲ့သည် ။ ဟန်ဆောင်ရုံလောက်သာဟု ထင်မှတ်ထားသော်လည်း အန်းဇယ်ရီ၏ ကျွမ်းကျင်လှသောခြယ်လှယ်မှုများအောက်တွင် သူက အသက်ရှုလို့ ရရုံတမယ် ဖြစ်သွားခဲ့သည် ။
/ သတိပေးချက် ! အကန့်အသတ်ကို ရောက်သွားပါပြီ /
အန်းဇယ်ရီက သူ့ခေါင်းအား လင်းယွီ့၏ ပုခုံးနဲ့ လည်ပင်းကြား အပ်လိုက်ရင်း တိုးညင်းစွာ ပြောလိုက်သည် ။ " ကိုယ့်ကို အဆောင်တော်ကို ခေါ်သွား .." အစက လင်းယွီ့သည် အန်းဇယ်ရီ၏ စကားကို နားမလည်သဖြင့် ကြည့်လိုက်သည့်အချိန်မှာပင် သူအပေါ်သို့ မှီတွဲလာသည့် သူ၏ ကိုယ်အလေးချိန်ကြောင့် အနည်းငယ် ယိုင်သွားခဲ့သည် ။