8.8

1.3K 94 5
                                    

အန်းရန်​ခေါင်းသာငုပ်ထားမိသည်...

ဘာ​ကြောင့်မှန်းမသိ​ပေမယ့်သူမကိုသူဘာမှပြန်​မပြော​ဖြစ်ပေ...

လက်ထဲကယပ်​တောင်​လေးကိုသာကျစ်ကျစ်ပါ​အောင်

ဆုပ်ကိုင်ထားမိသည်...

သူ့​ဘယ်ဘက်ရင်ဘက်ကအကောင်ကလည်းအငြိမ်မနေပေ....

သူအခုရင်ခုန်​နေတာလား....

သူအဲ့လို​တွေးမိ​တော့ကိုယ့်ကိုယ်ကိုပထမဦးဆုံးအကြိမ်သနား​မိ​သည်..

ချိုသာတဲ့စကားနည်းနည်း​လေးနဲ့တောင်

သူ့ကိုရင်ခုန်အောင်လုပ်နိုင်တာလား...

'အန်းရန်မင်းက​စျေး​ပေါလွန်း​တယ်...'

သူ့ကိုယ်ကိုပြန်ပြောမိသည်....

​နောက်တစ်​နေ့မှာ​တော့စစ်သူကြီးချုပ်က

အမတ်ချုပ်ရဲ့သားအငယ်ဆုံးကိုကြိုက်​နေ​ကြောင်းနဲ့

ည​ကောင်းကင်ယပ်​တောင်​ပေးလိုက်တဲ့အ​ကြောင်းက

တစ်မြို့လုံးမှာ​ပြောစရာသတင်းတစ်ခုဖြစ်လာတယ်....

အမတ်​ချုပ်​အိမ်​တော်...

"အမတ်ချုပ်စစ်သူကြီးချုပ်ရောက်လာပါတယ်...."

"ဝင်ခဲ့ခိုင်းလိုက်...."

"မင်းသမီး​ကို​ဂါရဝ​ပြု​ပါတယ်....."

"ထ​ပါ..."

"မင်းသမီးဒီကိုဘာအကြောင်းကြောင့်များရောက်လာတာပါလဲ..."

"အမတ်ချုပ်ရှင်သိပီးသားပါ...ကျွန်မ​ရန်​အာ​ကိုလက်ထပ်ချင်တယ်...

ရှင်သဘောတူပေးနိုင်မလား..."

"မင်းသမီးရဲ့သဘောကျခံရတာရန်အာကံကောင်းတာပါ....

ဒါ​ပေမယ့်မင်းသမီးကျွန်မသားက..."

"ရန်အာရဲ့ကျန်းမာ​ရေးအတွက်စိတ်မပူပါနဲ့..

ဒီမင်းသမီးမှာနည်းလမ်းရှိပါတယ်...

ဒီမင်းသမီးကသူ့ကိုသေခွင့်မပြုပါဘူး...သူကဒီမင်းသမီးကို

အချိန်အကြာကြီးအဖော်ပြုပေးရဦးမှာ..."

အမတ်ချုပ်သူ့ရှေ့ကမင်းသမီးကိုကြည့်လိုက်ပီး

​ကောင်းကင်ဘုံ system (Complete)Where stories live. Discover now