6.2

1.4K 109 2
                                    

"မင်ဂလာနံနက်ခင်းပါအ​ဖေ...."

သူမအဖေကသူမကိုခေါင်းငြိမ့်ပြသည်....

သူမအ​မေက​တော့သူမကို​မွေးရင်းဆုံးသွားခြင်း​ပင်...

"အရီး သမီးကိုမုန့်ဟင်းခါးလုပ်​ပေးပါ...."

"ကောင်းပါ​ပီ​ကွယ်..."

"သမီးဘုရင်မင်းမြတ်ကအဖေ့ကိုတာဝန်ပေးပေးထားလို့ရက်အနည်းငယ်ခရီးထွက်ရမယ်...အိမ်မှာလိမ်လိမ်မာမာ​နေခဲ့​နော်"

"အဖေခရီးထွက်ရင်သမီးလိုက်ခဲ့လို့မရဘူးလား...အိမ်မှာအရီးနဲ့သမီးနှစ်ယောက်ထဲကျန်ခဲ့မှာ..."

"ဒါဆိုလည်းအဆင်သင့်ပြင်ထား​တော့မနက်ဖြန်အ​ဖေတို့စထွက်ကြမယ်"

"​ကောင်းပါပီအဖေ...."

သူမလည်းခရီးထွက်ဖို့​ပြင်ဆင်​တော့တယ်....

​နောက်​နေ့မနက်​စော​စောသူတို့စထွက်ကြတယ်...

'White မူရင်းဇာတ်​​ေကြာင်းမှာဒီလူ​တေအကုန်​သေကုန်တာလား'

'ဟုတ်ပါတယ် Host '

'White အဲ့တာကနတ်ကောဟုတ်ရဲ့လား...မကောင်းဆိုးရွားများလား...'

'အထက်က​ပေးတယ်အချက်အလက်အရ​တော့သူကရွာကို​စောင့်​ရှောက်ရတဲ့နတ်မင်းပါ....အဲ့ရွာနယ်နိမိတ်ထဲမှာရှိတဲ့လူ​တေကကြီးကြီးမား
မားတစ်ခုခုလုပ်တော့မယ်ဆိုသူ့ကိုအရင်ခွင့်တောင်းရပါတယ်....သူ့ခွင့်ပြုချက်မရရင်လုပ်ခွင့်မရှိပါဘူး....'

သူမတို့နှစ်ရက်လောက်သွားပီးတော့မှရွာကို​ရောက်တယ်....

"လူတေထပ်ရောက်လာပြန်ပီလား..."

"အင်း....ဘုရင်မင်းမြတ်ကဘုရားကလွဲပီးနတ်​တေကိုအယုံအကြည်မရှိ​တော့ဒီတစ်​ခေါက်လည်းလူ​တေ​သေဦးမှာပါလား.."

"သူကြီး...မြို့စားမင်းကသူကြီးနဲတွေ့ချင်လို့တဲ့...."

"သွားကြရအောင်...."သူကြီးနဲ့အတူရွာသားတေကလည်းအနောက်က
လိုက်လာကြတယ်.....

"မြို့စားမင်း...ကျွန်နော်ကဒီရွာကသူကြီးပါ...ဒါကကျွန်​နော်တို့ရွာသား​
​တေ"

"အားလုံးလည်းသိပီးဖြစ်မှာပါ...ဘုရင်မင်းမြတ်ကဒီရွာမှာဆည်တစ်ခုဆောက်ချင်နေတယ်...ဒါကကျုပ်ဒီကိုလာရတဲ့အ​ကြောင်းအရင်း​ဘဲ..
ခင်ဗျားတို့လည်းဝိုင်း​ဝန်းကူညီ​ပေးကြပါဦး...."

​ကောင်းကင်ဘုံ system (Complete)Where stories live. Discover now