2.13

1.9K 134 2
                                    

ထိုအချိန်ဟွားနန်း​တော်မှာ​တော့အဓိကလူဖြစ်တဲ့ဟွားလျှံရှင်းကတော့
သူ့ရဲ့  System လေးနဲ့စကားပြောနေလေရဲ့
"System သူတို့ကငါဓါတ်ကြီး​လေးပါးစွမ်းအားရှင်မှန်းသိတာနဲ့ဘာလို့အသဲသန်လိုချင်​နေကြတာလဲ"
"အဲ့​တာ Host ဖော်ထုတ်​ရမယ်  side mission ပါ​မေးခွင့်မရှိပါဘူး"
"အို့..."
"မင်းသမီးချန်းမင်းသား​တွေ့ခွင့်​တောင်းပါတယ်"
"ဝင်ခိုင်းလိုက်"
"မင်းသမီးကိုဂါရဝပြုပါတယ်"
"အင်..ဘာကိစ္စလဲ."
"မင်းသမီးဘယ်လိုလုပ်မှာလဲ"
"ဘယ်တစ်ခုလဲ"
"နှစ်ခုလုံး"
"လက်ထပ်ပွဲကမ်းလှမ်းတာက​တော့ငါက 7  နှစ်ဘဲရှိ​သေးတာဘာလို့လက်ခံရမှာလဲအကြောင်းရှာငြင်းလို့ရတယ်.....
​ကောလဟာလက​တော့ထားထားလိုက်လူတေရဲ့ပါးစပ်ကပိတ်လို့မှမရတာ...."
"နင်​ရော"
"မင်းသမီးရဲ့အကူညီ​ကြောင့်ဒီငယ်သားအဆင်ပြေပါတယ်"
"တပ်သားတေကိုကောင်းကောင်းလေ့ကျင့်ထားပေး.....တခြားတိုင်းပြည်​ကသူတေနဲ့ယှဥ်ရင်သူတို့ကိုပိုအကြမ်းခံနိုင်​အောင်​လေ့ကျင့်​ရေးဆင်းခိုင်းထားလိုက်....ခမည်း​တော်ကို​ပြောလိုက်ပါတခြားတိုင်းပြည်တေကိုစောင့်ကြည့်​ထားလို့.....အထူးသဖြင့်မီးတိုင်းပြည်သူတို့ဘာကြံ​နေမှန်းမသိဘူး....
ရေတိုင်းပြည်ကသူတို့အတွင်းရေးနဲ့တင်ရှုပ်နေတာ...အခု​နေငြိမ်းချမ်း​နေ​ပေမယ့်​ပြောမရဘူးနောက်နှစ်အနည်းငယ်ကြာရင်ဘာဖြစ်မယ်ဆိုတာ.."
"ဒီငယ်သားနားလည်ပါပီ"
"လာပါ...နင်နဲ့မ​တွေ့တာကြာပီငါ့ကိုအ​ဖော်ပြုပီးကြားကစား​ပေး"
"ကောင်း​ပါပီ"
.
.
.
.
.
တစ်​နေ့ခင်းလုံးချန်းကလျှံရှင်းနဲ့ကျားကွက်ကစားနေပီးနေ့လည်မှ
ပြန်သွားတယ်....
တစ်ကယ်လို့သူတို့အပြင်လူ​နောက်တစ်​ယောက်ရှိခဲ့မယ်ဆိုရင်ဘုရင်းကို​တောင်လိုတာထက်ပိုစကားမ​ပြောတဲ့ချန်းမင်းသားကမင်းသမီးကို
သခင်တစ်ယောက်လိုဆက်ဆံပီးရိုကျိုးနေတာကိုတွေ့ရလိမ့်မယ်

_____________

မီးတိုင်းပြည်နန်းတော်
"အရှင်ဟွားတိုင်းပြည်ကစာလွှာကိုငြင်းလိုက်ပါတယ်....
မင်းသမီးကငယ်​သေးတာမို့သူမအရွယ်​ရောက်ချိန်မှသူမရဲ့​သတို့သား​ကို
ကိုယ်တိုင်​ရွေးချယ်​စေမယ်လို့​ပြောပါ​တယ်...."
"​ကောင်းပီ​လေ....သူမကို​စောင့်ကြည့်ဖို့လူလွှတ်ထားလိုက်"
"ငါတို့​နောက်ထပ်နှစ်နည်းနည်း​လောက်​စောင့်​ကြည့်တာ​ပေါ့"
"ချန်းမင်းသားအ​ကြောင်းဘာသိရလဲ"
"သူကမိဘမဲ့ဆိုတာအပြင်ဘာမှမသိရပါဘူး....သူ့အ​ကြောင်း​တေကိုတစ်​ယောက်​ယောက်ကဖုံးထား​ပေးတယ်"
"အရှင်..ဒီငယ်သားစည်း​ကျော်မှန်းသိ​ပေမယ့်တစ်ခု​မေးလို့ရမလား"
"​ပြော"
"ချန်းမင်းသားကအရည်ချင်းရှိတာမှန်ပေမယ့်...သူ့ကသာမန်​ပါဘဲ..
အရှင်ဘာလို့သူ့ကိုအာရုံစိုက်​နေတာလဲ"
"လွန်ခဲ့တဲ့နှစ်​တေအတွင်းအရိပ်ထဲမှာအဖွဲ့စည်း​တေတစ်ခု​မကပေါ်လာတယ်....​နောက်​ကြောင်းစုံစမ်းမရသလို....ပိုင်ရှင်ဘယ်သူမှန်းမသိကြဘူး...
တိုင်းပြည်ကြီးငါးခုရဲ့ဘယ်လိုလျှို့ဝှက်ချက်မဆိုစုံစမ်းနိုင်တဲ့သတင်း​ရောင်းတဲ့အဖွဲ့စည်းလဲ​ပေါ်လာတယ်.......​နောက်ချန်းမင်းသားအ​ကြောင်းကိုလည်းစုံစမ်း​မရဘူး....."
"အရှင်ပြောတာချန်းနင်းသားက..."
"မဟုတ်ဘူး..သူလည်းနယ်ရုပ်တစ်ရုပ်ဘဲ..."
"ဟွား​ဘုရင်​ရော..ချန်မင်းသားကိုဟွားဘုရင်​ခေါ်လာတာ"
"သူလည်း​မဟုတ်ဘူး...ချန်းမင်းသားကဟွားဘုရင်အ​ပေါ်​လေးစားမှုကလွဲပီးငယ်သားတစ်​ယောက်ရဲ့သစ္စာတရားမျိုးမရှိဘူး...
ငါထင်တာမမှားရင်​ဒါ​တေအားလုံးကိုနောက်ကွယ်ကလူကကြိုးကိုင်​နေတာချန်းမင်းသားကသူ့လူ​တေထဲက​တစ်ယောက်​ဖြစ်​နိုင်တယ်..."
"ဟွားတိုင်ပြည်ထဲလူယုံသွင်းပီးသူကဘာလုပ်ချင်တာလဲ"
"နေရာတိုင်းမှာနားတေရှိတယ်....သူ့လူ​တေကဟွားတိုင်းပြည်တစ်ခုထဲမှာဘဲရှိတယ်လို့ကျန်းတော့မထင်​ဘူး
သူ့သတင်းကွန်ရက်ကကျယ်ပြန့်လွန်းတယ်"
"ဒီငယ်သားနားလည်ပါပီ"

​ကောင်းကင်ဘုံ system (Complete)Où les histoires vivent. Découvrez maintenant