5.9

1.5K 107 0
                                    

"ဟမ်...."

'ငါနားကြားများမှားသလား...တစ်မိုးအောက်တစ်ယောက်ရေခဲတုံး
စစ်သူကြီးကအခုငါ့ကိုအချစ်အ​ကြောင်း​မေးလိုက်တာလား'

'တစ်​နေ့လုံးသခင်မျက်နှာမ​ကောင်းဖြစ်​နေတာကဒါကြောင့်​လား...'

"မင်း...မင်း​အခု​ငါ့ကို​ဘာ..ဘာ​မေးလိုက်တာလဲ"

"မင်းတစ်ယောက်ယောက်ကိုချစ်ဖူးလား..."

"တစ်..တစ်​ယောက်​ယောက်ကိုချစ်ဖူးလားဆိုတော့...အ​ဟမ်း..ဒါက..
ငါကြားဖူးတာတော့အချစ်ကအမျိုးမျိုးရှိတယ်ကွ....
တစ်​ယောက်​ယောက်ကိုသာမင်းချစ်မိရင်သူမပြုံးတာမြင်ချင်တယ်..
သူမကိုပိုင်ဆိုင်ချင်တယ်...မင်းဘက်ကမမှားရင်​တောင်သူမ​စိတ်​ကျေနပ်ဖို့အတွက်အရင်​တောင်းပန်​နိုင်တယ်...သူမကိုမျက်နှာအညိှးမခံ​ဘူး...သူမသာ​ကျေနပ်မယ်ဆိုမင်းအသက်ကို​ပျော်​ပျော်ကြီး​ပေးနိုင်တာ..
သူမစကား​တေကမင်းအတွက်​တော့မဖြစ်မ​နေလိုက်နာရမယ့်အမိန့်တစ်ခု
သူမရဲ့အရာအားလုံးကိုပိုင်ဆိုင်ချင်တာ...သူမ​ကို​ပျော်​အောင်​လုပ်တာ...
သူမရဲ့အရာအားလုံးကမင်းနဲ့ဘဲ​သက်ဆိုင်​ချင်တာ...သူမကမင်းကိုမချစ်ရင်​တောင်မင်းဘက်ကသူမသာ​ပျော်မယ်ဆိုပျော်ပျော်ကြီးပေးဆပ်ချင်တာ...အချစ်အကြောင်းကိုပြော
ရင်တော့အများကြီးဘဲကွ...အဓိကကမင်းရဲ့ခံယူချက်နဲ့လဲဆိုင်သေးတယ်"

"ဒါနဲ့နေစမ်းပါဦး....မင်းကိုဒီလိုပုံစံဖြစ်ရ​​အောင်အထိဘယ်မိန်းက​လေးကများလုပ်လိုက်တာလဲ..."

'ဒီလို​ရေခဲတုံးရဲ့စိတ်ကို​တောင်ဒီလိုဖြစ်​အောင်လုပ်နိုင်တယ်ဆို​တော့မရီးက​တော​တော်​တော်တာဘဲ'

"သူမကငါ့အသက်ကိုကယ်ဖူးတယ်...သူမကိုငါလက်ထပ်ခွင့်တောင်းတော့
သူမကငါ့ကိုမေးတယ်...သူမကိုချစ်လားဆိုပီ...ငါမဖြေနိုင်ခဲ့ဘူး...
ဒါပေမယ့်ငါသူမကိုငါ့အပိုင်ဖြစ်လိုချင်တယ်...သူမကပြောတယ်သူမကသူမချစ်တဲ့လူသူမကိုချစ်တဲ့လူကိုဘဲလက်ထပ်ချင်တာတဲ့..သူမကငါ့ကိုငြင်းလိုက်တယ်"

'ဟားဟား..ဒီ​ကောင့်ကိုငြင်းတဲ့မိန်းက​လေးရှိ​သေးတယ်လား'

​ကောင်းကင်ဘုံ system (Complete)Where stories live. Discover now