*အော် ဟုတ်တယ် ငါ့ကို စကားပြောခွင့် ပေးခဲ့တာဆိုတော့ အင်းပါ ငါမှားတာ မပြောပြတဲ့ ငါမှားတာ တကယ်ပဲ*

"နင်က အားတက်သရော ပြောနေတော့ ငါက နင့် စကားကို ဖြတ်ပြီး မပြောချင်တော့လို့ မပြောတာလေ"

"သမီးရော နားပူသွားသေးတာပေါ့ သူမနက်က အဲ့စာ ရောက်လာကတည်းက အရမ်းပျော်နေတာ ဘေးကနေ တတွတ်တွတ်နဲ့ ပြောပြနေတာ"

"စောစောကလည်း ပြောတာ နားတောင် မနားဘူးရယ်"

"Grace နင်လျှောက်မပြောနဲ့"

"မဟုတ်လို့လား လုံးဝကို မနားဘဲ တောက်လျှောက်ပြောနေခဲ့တာကိုများ"

ထို့နေ့လည်က ထမင်းစားခန်းမှာ ရယ်သံတွေနှင့်သာ ပြည့်နှက်နေသည်။
.
.
.
.
.
.
.

Time skip

ကျောင်းတက်ဖို့အတွက် လိုတဲ့ စာအုပ်ရယ်၊ ဝတ်စုံရယ်ကိုတော့ Daddy အားတာမို့ Daddy နဲ့ပဲ အတူတူ ဝယ်ဖြစ်ခဲ့သည်။ ဇီးကွက်က လိုချင်သော်လည်း ပေးမဝယ်။ wand ကတော့ 11 လက်မရှည်ပြီး unicorn အမွေးနဲ့ လုပ်ထားတယ်လို့တော့ Ollivander က ပြောသည်။ ကိုယ်နှင့် အဆင်ပြေမည့်ဟာကို သိပ်ပြီး မရှာလိုက်ရပါ။ ဤသို့ဖြင့် ကျောင်းတက်ရမည့် ရက်ကို ရောက်လာသည်။ Kingcross ရထားဘူတာမှာ Draco တို့ကို စောင့်နေရင်း Daddy က ဟိုမှာ သူရှိနေမှာ ဖြစ်သောကြောင့် ဘာကိုမှ စိတ်မပူဖို့ကိုသာ ခဏခဏမှာနေသည်။ Grace ကလည်း Daddy မှာတိုင်း သူအဆင်ပြေသည်ဆိုသည့်အကြောင်းကိုသာ ပြန်ပြောသည်။ ပြောတိုင်းလည်း Daddy က မယုံ။ သူ့ကို စိတ်မပူအောင် ပြောနေသည်လို့သာ ထင်နေသည်။

Snape သူ အဆင်ပြေမှာပါလို့ ပြောနေသော်လည်း သူကတော့ မယုံနိုင်။ ငယ်ငယ်ကတည်းက တစ်ခုခုဖြစ်တိုင်း အဆင်ပြေသည်ဟုသာ ပြန်ပြောတတ်သော သူ့အကျင့်ကြောင့်ပင်။ သူနဲ့ သူ့သူငယ်ချင်း နှစ်ယောက်လုံး ဝမ်းနည်းနေတဲ့ အချိန်မှာဆိုရင်တောင် သူများကို သွားပြီး နှစ်သိမ့်ပေးရင် ပေးနေဦးမည်။ မဟုတ်ရင်လည်း သူငယ်ချင်း ကို စိတ်ပြောင်းအောင် တစ်ခုခု သွားပြောနေလိမ့်မည်။ ထို့ကြောင့် သူဘာပြောပြော ဒီတိုင်း မယုံလိုက်နိုင်။

Grace ကလည်း ဘယ် House ထဲ ရောက်မလဲဆိုတာကို တွေးရင်း စိတ်ပူနေမိသည်။ Slytherin ကို ရောက်ချင်သော်လည်း ကိုယ်က အဲ့လောက် ရည်မှန်းချက်ကြီးမားတဲ့သူ မဟုတ်သည့်အတွက် မရောက်မှာ စိုးရိမ်နေမိသည်။ ထို့ကြောင့် Daddy ကို မေးဖို့ လှည့်ကြည့်လိုက်တော့ ကိုယ့်ကို ငေးကြည့်ပြီး ဘာတွေ စဥ်းစားနေမှန်းမသိ။ ထို့ကြောင့် Daddy လက်ကို သွားလှုပ်လိုက်သည်။

I was transmigrated into Harry Potter's WorldOù les histoires vivent. Découvrez maintenant