Chapter - 19 (Part 1)

Start from the beginning
                                    

အူးယမ်က ​ခေါင်းယမ်းလိုက်ပြီး, "မင်းက ဘာလို့ ပိုက်ဆံကုန်ကျတဲ့​​နေရာတွေကိုပဲ အမြဲသွား​ချင်​နေရတာလဲ?" အဲ့အပြင် ပထမဆုံးထုတ်​ဝေတဲ့စာအုပ်တစ်အုပ်*အ​​ပေါ် ​ချောကလက်အနှစ် စီးကျတာက သူ့ကို ​တော်​တော်​လေး စိတ်ဆင်းရဲ​စေတယ်။ [*ပထမဆုံးအကြိမ်ထုတ်​ဝေတဲ့စာအုပ်​တွေကိုစုတာက အရာတစ်ခုဖြစ်​ကြောင်း ထင်ရှားပါတယ်]

"စာကြည့်တိုက်ကို မသွားပါနဲ့" လင်ကျင်းက သနားစရာ​ကောင်းစွာ ​အော်ငိုတယ်, "ကျွန်​တော် ဝင်သွားလိုက်တာနဲ့ ချက်ချင်းကို ဆီးသွားချင်လာလိမ့်မယ်..."

"..." အူးယမ်က သူ့ကို အ​ချေအတင်မငြင်းနိုင်​တော့ဘူး, "အို​ကေ, ဒါဆို ပိုက်ဆံယူဖို့ ငါ့ကို ​စောင့်ဦး"

လင်ကျင်းက သူ့ကို ပြန်ဆွဲထားပြီး, "မလိုပါဘူး, ကျွန်​တော် ​ပေးမယ်"

"မလုပ်ပါနဲ့" အူးယမ်က တစ်စုံတစ်ခုကိုချက်ချင်း​တွေးမိသွားပြီး ခေါင်းလှည့်ကာ သူ့ကို ​လေးနက်စွာကြည့်လိုက်တယ်, "မင်း ဒီလိုမျိုးဖြစ်​နေတယ်ဆိုရင်​တောင်မှ ငါ မင်းကို အတန်းအလယ်ပိုင်း စာမေးပွဲ​မေးခွန်း​တွေ ​ထုတ်ပြမှာမဟုတ်ဘူး"

လင်ကျင်းက စိတ်မ​ကောင်းစွာနဲ့ နှုတ်ခမ်းကိုက်လိုက်ပြီး, "ရှီဝမ်, အ​တွေးမှား​နေပြီ"

အူးယမ်က အနည်းငယ်အားနာသွားပြီး သံသယဖြစ်တယ်လို့ ဆိုလိုတာမဟုတ်ခဲ့ဘူး။ အထက်တန်း​ကျောင်းကဆရာ​တွေထက်စာရင် တက္ကသိုလ်ဆရာ​တွေက ​ကျောင်းသား​တွေနဲ့ အဆက်အသွယ်နည်းကြတယ်။ ပြီး​တော့ သူက ​ကျောင်းသား​တွေ မိတ်​ဆွေဖွဲ့ဖို့ ​ရွေးချယ်ချင်တဲ့ပုံစံမျိုးမဟုတ်ဘူး။ အရင်က သူနဲ့ရင်းနှီးခဲ့တဲ့လူ​အများစုက စကားနှစ်ခွန်း, ဒါမှမဟုတ် သုံးခွန်း​လောက်​ပြောပြီးတာနဲ့ အ​ကြောင်းအရာက စာ​မေးပွဲ​မေးခွန်း​တွေဆီ​​ပြောင်းသွားတယ်။

ဘာအ​ကြောင်းအရင်းမှမရှိဘဲနဲ့ သူ့အ​ပေါ် ကြင်နာတဲ့ လင်ကျင်းကလည်း သူ့ကို ရှက်ရွံ့​စေခဲ့တယ်။ ကံ​ကောင်းစွာနဲ့ ဒါက တစ်ခုခု​သောက်ရုံသာဖြစ်တယ်။ ​စျေးနှုန်းကလည်း အဆင်​ပြေတယ်လို့​ ယူဆလို့ရပြီး အကြိမ်များစွာအတွက် အဲ့တာက လုံးဝကို ပိုက်ဆံမ​ပေးရဘူး။ အူးယမ်က လင်ကျင်းကို အခုထိလူငယ်​တွေဖတ်​နေတုန်းဖြစ်တဲ့, ပထမဆုံးအကြိမ်ထုတ်​ဝေ​သော ​အ​ရောင်းရဆုံးခေတ်​ပေါ်ဝတ္ထုတွေလိုမျိုး, အသုံးဝင်တဲ့အရာအချို့ကို လက်​ဆောင်အဖြစ်​ပေးဖို့ ​တွေးခဲ့တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now