ဘာရယ်မဟုတ်ပေမယ့် ကျောင်းချိန်ကြီး ဘာကိစ္စများ ဆေးရုံကိုရောက်နေရသလဲလို့ လမ်းတစ်လျှောက် စဥ်းစားလာတုန်းမှာပဲ သူအဖြေကို သိလိုက်ရလေရဲ့ ။ ဘာကြောင့်လဲဆိုတော့ သူ့အဒေါ်ရဲ့လူနာကုတင်နားမှာ ရပ်စောင့်နေတဲ့ သူတို့ Boss ကြောင့်ပဲ။

" Boss.. ဒီထိတကူးတကရောက်လာတာလား
အလုပ်တွေရှုပ်နေတာကို "

" အပိုစကားတွေပြောမနေနဲ့
မင်းတို့မိသားစုတွေကို ငါတာဝန်ယူမယ်ပြောထားတာ အလကားမဟုတ်ဘူး "

ထုံးစံအတိုင်း ရုပ်တည်ကြီးနဲ့ ပိတ်ပြောလာတဲ့ Boss ကြောင့် တဟဲဟဲပဲ ရယ်ပြလိုက်ရတယ်။ ဂိုဏ်းသားတွေရဲ့ မိသားစုဝင်တွေထဲ ခုလိုကျန်းမာရေး ပြသနာပေါ်လာတိုင်း ဆေးရုံကုန်ကျစရိတ်အားလုံး အပြီးအစီးလိုက်ရှင်းပေးတတ်တဲ့ Boss ရဲ့အကြောင်းကို သိနေတော့လည်း ဘာမှအထွန့်မတက်ရဲတော့ဘူး ။

" မင်းတစ်ယောက်တည်းနဲ့နိုင်လား
တစ်ယောက်အကူထားပေးခဲ့ရမလား "

" ရပါတယ် Boss
အားလုံး အလုပ်ရှုပ်နေကြတာပဲကို ၊ ကျွန်တော်လည်း အဲ့လောက်ဝန်မများပါဘူး ၊ Boss လည်း အချိန်သိပ်မပေးပါနဲ့ ၊ တော်ကြာသခင်လေး အကြာကြီး ထိုင်စောင့်နေရမယ် "

ရုတ်တရက်မဆီမဆိုင်ပဲ သူ့ချစ်သူက စကားဝိုင်းထဲကိုပါလာတော့ မာဖီးယားကြီးရဲ့ မျက်ခုံးထူထူတွေ တွန့်ချိုးကုန်တော့တာပဲ။

" မင်းဘာတွေပြောနေတာလဲ "

" ဗျာ ? "

ခပ်မာထန်ထန်မေးလိုက်တော့ ရုတ်တရက် မျက်နှာငယ်လေးဖြစ်သွားရှာတဲ့ ဂိုဏ်းသားခမျာ ကြောင်တောင်တောင်လေး ပြန်ထူးလာလေရဲ့ ။

" ဟို... reception မှာ သခင်လေးထိုင်စောင့်နေတာကို တွေ့ခဲ့တယ်လေ ၊ Boss နဲ့အတူလာတာ မဟုတ်ဘူးလား "

အဲ့ဒီအခါမှ Chanyeol ရဲ့မျက်ခုံးတွေဟာ ပြေလျော့လို့ မျက်နှာလေးကလည်း ခပ်ကြည်ကြည်အနေအထားဘက်ပြောင်းသွားတယ်။

" ဟုတ်လား ၊ အဟမ်း !
ဒါဆိုငါပြန်တော့မယ် ၊ လူနာကို ဂရုစိုက်လိုက် "

" ဟုတ်ကဲ့ Boss ! "

ခါးကို 90° ကိုင်းညွှတ်လို့ နှုတ်ဆက်လာတဲ့ ဂိုဏ်းသား ကိုယ်ပြန်မမတ်ခင်မှာပဲ Boss Chanyeol ကတော့ ချာကနဲလှည့်ထွက်လာခဲ့တယ်။ အနီးအနားမှာရှိနေမှန်းသိရတာနဲ့ကို အလိုလိုအပြုံးတွေ ဖြစ်တည်လာမိတဲ့နှုတ်ခမ်းတွေနဲ့အတူ ဘောင်းဘီအိတ်ထဲ လက်တစ်ဖက်ထည့်ရင်း အနည်းငယ်တက်ကြွနေတဲ့ ခြေလှမ်းတွေနဲ့ပေါ့။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]जहाँ कहानियाँ रहती हैं। अभी खोजें