Chapter -18 (Part 4)

Start from the beginning
                                    

"လုံးဝ ပို​ကောင်းလာပါပြီ, ကျွန်​တော်က ဆရာ့ထက် ပိုသန်မာပါတယ်" စာသင်တာကို မကြိုက်တာက​တော့ မကြိုက်တာပဲဖြစ်တယ်။ လင်ကျင်းက ဆရာ​တွေကို ​တကယ်လေးစား​နေတုန်းဖြစ်ပြီး သူက ပြုံးရင်း အူးယမ်ရဲ့ မှတ်စုနဲ့စာအုပ်​တွေပါတဲ့လက်ဆွဲအိတ်​ကြီးကို ကူသယ်​ပေးတယ်။

"ဒါဆို အခု မင်းရဲ့အတန်းစာ​တွေကို လိုက်နိူင်လား?" အူးယမ်က နားပူနားဆာလုပ်ရင်း သူ့စကားသုံးခွန်းတိုင်းက သူ့ရဲ့အသက်​မွေးဝမ်း​ကျောင်းအလုပ်က​နေ လမ်းမလွဲသွားနိူင်ဘူး, "ဆရာ့ကို စိတ်မရှုပ်ပါနဲ့, မင်း English နဲ့ပတ်သက်ပြီးသိချင်တာတစ်ခုခုရှိရင် ငါ့ကိုသာ လာ​​​မေးလိုက်​"

"ကျွန်​တော်က လူထုဆက်ဆံ​ရေးကို ​လေ့လာ​နေတယ်, ကျွန်​တော့်အဆင့်​တွေလည်း ​ကောင်းတယ်, ကျွန်​တော် English လို​တော့ မ​ရေးနိူင်ဘူး, ဒါ​ပေမယ့် ​တော်​တော်များများ​တော့ ​ပြောနိူင်တယ်"

"ဘယ်လိုမျိုးလဲ?"

လင်ကျင်းက ပြုံးပြီး​ပြောတယ်, "Show your ass..."

"ဟုတ်ပြီ ဟုတ်ပြီ" အူးယမ်က လက်မြန်မြန်​မြှောက်ပြီး သူ့ကို တားလိုက်တယ်, "အဲ့တာက မင်းထင်​နေသလို မဆိုလိုဘူး​နော်..."

(T/N - လင်ကျင်းက Eng လို ​ပြောလိုက်တာပါ, "Show your ass..." ဆိုတာက English ဗန်းစကားတစ်ခုဖြစ်ပြီး​တော့ ရိုင်းစိုင်း​ကြမ်းတမ်းတယ်, စိတ်အ​နှောက်အယှက်ဖြစ်​​စေတယ်, ​ပြောလိုက်တဲ့သူကိုယ်တိုင်အတွက်လည်း ရှက်စရာ​ကောင်း​စေတယ်တဲ့)

သူ့ English က ဘယ်​လောက်ပဲဆိုးရွား​*နေပါ​စေ, သူ့​မေဂျာအသစ်က​တော့ သူနဲ့ အလွန်သင့်​တော်တယ်။ လင်ကျင်းက ကြည့်​ကောင်းပြီး သွက်လက်ကာ ​ပေါင်းသင်းဆက်ဆံ​ရေးမှာလည်း ကျွမ်းကျင်တယ်။ သူက အမြဲတမ်း အတန်းလစ်တာ ဒါမှမဟုတ် အိပ်​နေတာ​တောင်မှ အခြားလူ​တွေကို စိတ်အ​နှောင့်အယှက်ဖြစ်​အောင် မလုပ်ခဲ့ဘူး။ ဖြစ်နိူင်တာက​တော့ သူ့မှာ လူ​​တွေကို သ​ဘောကျ​​လာအောင် မြန်မြန်လုပ်နိူင်တဲ့ ပြုံး​​နေ​သောမျက်လုံး​တွေက အမြဲရှိ​နေလို့ပဲ။ ဒါ​ကြောင့် သူတို့က သူ့ကို သ​ဘောမကျဘဲ မ​နေနိူင်ကြဘူး။ [ *manga/ manhwa/ emoji ​တွေမှာ ဆွဲပြထား​တဲ့, ပူပင်​သောက​ရောက်​တာကို​ဖော်ပြ​သော အနက်​ရောင်မျဥ်း​တွေကို ​ပြောချင်တာ (မျက်လုံးထဲမမြင်ရင် ​အိုင်နောက်ဆုံးမှာ ပုံပြပေးထားမယ်😅)]

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now