ကျွန်တော့်ရဲ့မသေချာသည့်စကားတခွန်းကြောင့်အပြစ်မဲ့သူတစ်ဦ်းသေသွားမှာမျိုးမဖြစ်စေချင်ပါ

" ကျွန်တော်....
မီးထဲမှာမြင်လိုက်ရတဲ့သူကိုဘယ်သူဆိုတာမသိဘူး သူကမျက်နှာကိုပုဝါစည်းထားတယ် "

ဟိုဆော့က ဓားအားပြန်သိမ်းလိုက်လေသည်
ဂျီမင်းကတော့တွေ့လားဆိုသောအကြည့်ဖြင့်ကြည့်နေလေသည်

" စွပ်စွဲချင်တိုင်းစွပ်စွဲမယ်ဆို
ဒီအနာဂါတ်ကဘယ်လိုရောက်လာမှန်းမသိတဲ့ကောင်လေးကိုတောင်စွပ်စွဲလို့ရတာပေါ့
မဟုတ်ဘူးလား "

ဂျီမင်းလက်များ ထယ်ယောင်းပါးပြင်အားပွတ်ကာပြုံးပြလေသည်

ထယ်ယောင်း တစ်ကိုယ်လုံး ရေခဲသွားသလိုပင်
ဘာလို့များ ထိုသူကိုကြောက်မိနေရတာလဲ
ထိုသူ့အကြည့်တွေက အေးစက်လွန်းလှသည်

" ကဲတော်ကြတော့
ဘယ်သူမှလည်းထိခိုက်တာမရှိတဲ့အတွက် အချင်းများမနေကြနဲ့တော့
ပြီးတော့ ကောင်လေးက အနာဂါတ်ကဆိုတာ
Seokjin hyung ကလွဲရင်တခြားသူတွေထပ်ပြီးမသိပါစေနဲ့တော့
မလိုအပ်တဲ့အန္တရာယ်တွေမလိုချင်ဘူး
Jimin မင်းလည်း ကောင်လေးကိုဂရုစိုက်ပေးပါ
ပြောတာကိုနားလည်တယ်မလား "

အကုန်လုံးကထောက်ခံသည့်အနေနှင့်ခေါင်းညိတ်ရုံသာပြကာ
Jeon Jungkook နှင့် Min Yoongi ကလွဲလျှင်အကုန်အလျှိုလျှို ထွက်သွားကြသည်

" ကောင်လေး မင်းဒီကျောက်တုံးပေါ်မှာခဏထိုင်စောင့်နေ
မီးလည်းငြိမ်းနေပြီဆိုတော့ သိမ်းစရာရှိတာသိမ်းလိုက်ဦးမယ်
အရုဏ်တက်ရင် ကိုယ်တို့နေရပ်ကိုပြန်မယ်
အင်း....
မင်းကိုလည်းဘယ်လိုလုပ်ရမလဲစဉ်းစားလိုက်ဦးမယ် "

ထို့နောက်
ဂျွန်ဂျုံးဂုနှင့်မင်ယွန်းဂီမှာထွက်သွားလေသည်

ဘယ်လိုလုပ်ရမယ်ဆိုတာဘယ်လိုအပြစ်ပေးရမယ်ကိုပြောတာလား?

တကယ်ကြီးသတ်မှာတော့မဟုတ်လောက်ပါဘူးနော်
ဂျွန်ဂျောင်ဂုပုံမှာနောက်နေသည့်ပုံလည်းမဟုတ်ပေ

ထယ်ယောင်း ကောင်းကင်အားမော်ကြည့်ကာ
လေပူများကိုမှုတ်ထုတ်မိသည်

Another WorldWhere stories live. Discover now