ယောင်းယီထိုလူတစ်ခါကပြောဖူး
သည့်စကားကိုမှတ်မိသွားခဲ့သည်။
ထိုအမျိုးသားသည်သူ၏ကျယ်ပြန့်သော
ဝါသနာများစွာထဲမှနှစ်ခုဖြစ်သည့်
တိုက်ကွမ်ဒိုပညာကိုလေ့ကျင့်နေတာ
ဖြစ်တဲ့အပြင်မွေထိုင်းကိုပါအချိန်တို
အတွင်းမှာတင်သင်ယူတတ်မြောက်
ခဲ့တာဖြစ်သည်ဟုပြောပြခဲ့ဖူးသည်။

ယောင်းယီကုတင်ပေါ်သို့ပြိုလဲကျသွားပြီး
တကယ်လို့သူသာအရိုက်ခံရလျှင်ခံစားရ
မည့်နာကျင်မှုကိုစိတ်ကူးလိုက်ရုံနှင့်တင်
မတတ်နိုင်စွာဘဲတုန်ယင်လာရသည်။

ဝါသနာများတယ်ဆိုတိုင်းလည်း
ကောင်းတဲ့အရာတော့မဟုတ်ပါလား အာ။
အထက်တန်းလွှာရှေ့နေ့တစ်ယောက်
အနေနဲ့သာဆိုအမှန်တိုင်းပြောရရင်
ရုံးခန်းအကြီးကြီးထဲမှာဘဲနေမထိလေမထိ
ထိုင်ပြီးအလုပ်လုပ်တာပိုပြီးကောင်းတယ်လေ။

အခုဆိုထိုအမျိုးသား၏ခန္ဓာကိုယ်သည်
ယောင်းယီအုတ်သဲကျောက်သယ်တုန်းက
ခန္ဓာကိုယ်ထက်တောင်တောင့်တင်းခိုင်မာ
နေသေးသည်။

ထိုလူကိုသူ့ကိုအသက်ရှင်ခွင့်တောင်ပေးပါ့မလား?

ချောမောလှပသည့်လူငယ်လေးခံစားနေရသည့်
စိတ်ဒုက္ခများသည်သူ၏သိမ်မွေ့နူးညံ့သော
မျက်နှာတစ်ပြင်လုံးပေါ်တွင်ချရေးထားသလို
မျိုးပေါ်နေလေသည်။နှင်းဆီသဖွယ်နှုတ်ခမ်းဖူး
များသည်လည်းတင်းကြပ်စွာဖိကပ်နေပြီး
ဘယ်သူမဆိုသူ့ကိုမြင်လိုက်ရုံနှင့်တင်ငြင်ငြင်
သာသာပြောဆိုချင်လာအောင်ဆွဲဆောင်လို့
နေသည်။

အနက်ရောင်မြူခိုးများထဲမှဝိဉာဉ်သည်
ဗီလာအတွင်းထဲမှသူ၏ချစ်ရသူလေးကို
ပျော်ရွှင်စွာငေးကြည့်နေခဲ့သည်မှာ
သူတည်ရှိနေရခြင်း၏အဓိပ္ပါယ်အစစ်အမှန်
ကိုနောက်ဆုံးမှာတော့ရှာဖွေတွေ့ရှိသွားသည့်
အလား။မူလအစကမှုန်မှိုင်းကာရေခဲတမျှ
အေးစက်နေခဲ့သောမျက်လုံးများသည်
လျှံကျသည်အထိအချစ်များဖြင့်ပြည့်နှက်
လို့နေလေသည်။ထို့အပြင်အနီးနားတွင်
နေထိုင်သည့်သက်ရှိများအားလုံးကို
သတ်ဖြတ်ပစ်ချင်နေသည့်လူသတ်လိုစိတ်
ပင်မရှိတော့သည်အထိမှေးမှိန်ပျောက်ကွယ်
သွားခဲ့သည်။

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now