Arc(2) No.(1) Host /16/

Začít od začátku
                                    

နောက်ဆက်တွဲ အနေနဲ့ကတော့ ပြင်းထန်သော ယဥ်တိုက်မှုတစ်ခုဖြစ်ခဲ့ပေသည်။

"ကျန်းကျို!"

တုဟွိုင်အန်း၏ထိတ်လန့်နေသော
မျက်လုံးတစ်စုံသည် ပိုင်ကျီ့မျက်လုံးတွေ
ရှေ့မှာပေါ်ပေါက်လာခဲ့သည်။ပိုင်ကျီ မြေပြင်ပေါ်သို့လှဲကျသွားကာ သူထရန်ကြိုးစားလိုက်သည်။သူသိလိုက်ရသည်က မမျှော်လင့်ထားပဲ သူ့ခန္တာကိုယ်ကိုထိနိးချုပ်လို့မရဘူးဆိုသည်ကိုပင်။

"ဒင်......Hostရဲ့ခန္တာကိုယ်ဟာ ပြင်းထန်တဲ့ထိခိုက်မှုဖြစ်ခဲ့တာကြောင့် healing moodသွင်းရပါလိမ့်မယ်။"

သူထိုကားလေးအား ထိုးလိုက်ပြီး ကျိုးပဲ့သွားအောင်လုပ်နိုင်သည်ဟုတွေးခဲ့သော်လည်း လူသားတွေ၏ခန္တာကိုယ်သည် သူတွေးထားသည်ထက် အလွန်အားနည်းနေပေသည်။သူထိုသို့စဥ်းစားနေခိုက်မှာပဲ သူ့ခေါင်းဟာမူးသည်ထက် မူးလာပြီး သူစိတ်လွှတ်ချလိုက်​တော့သည်။

သူပြန်နိုးလာတဲ့အခါမှာတော့ ပိုးသတ်ဆေးအနံ့တွေနှင့်ပြည့်နေသော အခန်းထဲရောက်နေလေသည်။ပိုင်ကျီ သူ့ခေါင်းအားပွတ်လိုက်ကာ သူ့ခေါင်းအုံးဘေး၌လှဲအိပ်နေသော လူတစ်ယောက်အားတွေ့လိုက်လေသည်။

တုဟွိုင်အန်း?

ပိုင်ကျီ တုဟွိုင်အန်းအားကြည့်ရန် ထထိုင်နိုင်အောင်ကြိုးစားလိုက်သည်။သို့ရာ မမျှော်လင့်ပဲ ထိုသူ့အားနှိုးမိသလိုဖြစ်သွားပေသည်။

"ကျန်းကျို မင်းနိုးလာပြီလား?"တုဟွိုင်အန်း အသံတွေဟာအလွန်တရာအက်ကွဲနေပေသည်။ "မင်း တစ်နေနေရာကမသက်မသာဖြစ်နေတယ်လို့ခံစားရလား?ဗိုက်ဆာနေပြီလား?ရေသောက်ချင်လား?"

ပိုင်ကျီ ခေါင်းမော့လိုက်ရာ ထိန်းသိမ်းထားခြင်းမရှိတဲ့ မုတ်ဆိတ်မွှေးတွေနဲ့လူကိုတွေ့လိုက်ကာ အတော်လေးအံ့သြသင့်သွားလေသည်။

တုဟွိုင်အန်းကအမြဲလိုလို အသန့်ကြိုက်
သည့်သူဖြစ်ပြီး တစ်နေ့ကိုရေသုံးခါ​လောက်ချိုးသည့်သူက အခုဘယ်လိုတွေဖြစ်ကုန်တာလဲဟ?

"တုဟွိုင်အန်း ခင်ဗျားဘာဖြစ်သွားတာလဲ?"

ပိုင်ကျီ့အသံထဲတွင် စိတ်ပူနေသည့်အသံပါဝင်နေကာ "ကြောက်ဖို့ကောင်းနေတယ်"

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Kde žijí příběhy. Začni objevovat