ထိုသူနိုးလာတော့ တောက်ခေါက်သံကိုထယ်ယောင်းကြားလိုက်ရသည်
___________.

ကောင်လေးတစ်ယောက် အသံကုန်အော်နေသောအသံအသံကြောင့် လေးနေသောမျက်ခွံများအား ကြိုးစားဖွင့်လိုက်တော့
အရိပ်တစ်ခုကဖြတ်ခနဲထွက်သွားသည်ကိုမြင်လိုက်ရလေသည်
ငွေရောင်ဓားကိုင်ထားသည်မှာအတိအကျပေ

လှဲနေရာမှမတ်တပ်ရပ်ကာ ကိုယ့်ကိုယ်ကိုသတိလက်လွတ်ဖြစ်သွားသည်ကိုပင်အပြစ်တင်မိသည်

အိပ်ဆေးပင်နေလိမ့်မည်

"တောက်!! "

ထို့နောက်သူ့ဆီပြေးလာသောကောင်လေးအားကြည့်လိုက်တော့
ထူးဆန်းသည့်ကောင်လေးပေ
ထူးဆန်းသည့်အဝတ်အစားနှင့်ဆံပင်အတိုနှင့်ပေ
ဒီထူးဆန်းတဲ့ကောင်လေးကသူ့ကိုကယ်လိုက်တာပေါ့

" စိတ်ဝင်စားစရာဘဲ မင်းက "

ပါးစပ်လှုပ်ရုံသည်ရေရွတ်မိလိုက်သည်။

ထယ်ယောင်းထိုသူ့ဆီနားရောက်တော့
ထိုသူက ထယ်ယောင်းအားစိုက်ကြည့်နေလေသည်
မျက်ဝန်းညိုတွေကဒေါသထွက်ဟန်မပြသော်လည်း
ခက်ထန်အေစက်လှသည်

" မင်း.... ဘယ်သူလဲ "

" ကျွန်တော်ဘယ်သူဆိုတာကို ဒီမီးတောက်ထဲမှာ နှုတ်ဆက်နေရဦးမှာလားဗျ "

သူ့ကိုဒီလိုလေသံနှင့်ပြောဖူးသူမှာ ဒီကောင်လေးကပထမဆုံးပေ

ကောင်လေးက မီးလောင်နေတာကိုအတော်ပင်ယောက်ယက်ခက်နေသည်
အဲ့လောက်ကြောက်စရာမဟုတ်တာကို

ကောင်လေးဘာဆက်ပြောမလဲစောင့်ပြီးဘာမှပြန်မပြောမိ

ထယ်ယောင်းတွေးမိတာ ဒီလူယဉ်ယဉ်လေးများရူးနေတာလားဟုပင်
မီးလောင်သေမှာမကြောက်ဘူးလားမသိဘူး

" လာပါဗျာ "

ထယ်ယောင်းထိုသူ့လက်အားဆွဲကာ ထွက်ပေါက်ဟုထင်ရသောဘက်သို့ပြေးလေသည်

ဒီလူက တကယ်ကိုဘာလားဘဲ
ဟူး....

ရုတ်တရက်ဆန်သောကောင်လေးအပြုအမူကြောင့် အံ့သြမိသည်
ကောင်လေးကသူ့လက်အားဆွဲကာပြေးနေလေသည်

Another WorldWhere stories live. Discover now