25 - Ever Lasting Smile

12.7K 1.7K 186
                                    

#BeyondParadisiacalDawn 

25-Ever Lasting Smile

အစ်ကိုသွားနေကြဖြစ်၍ သူပန်းချီဆွဲပေးခဲ့သော ကွမ်ရင်မယ်တော်ရုပ်တုရှေ့မှောက်တွင် နွေလသည် အစ်ကို့ကို ငေးကြည့်နေမိ၏။ ဒီလူသား သူ့အနားရောက်ရှိလာခြင်းကော၊ သူ့ကိုချစ်ပေးနေပြီး စိတ်ရှည် လက်ရှည်သည်းခံပေးနေခြင်းကော အရာအားလုံးက မည်သို့ကံကောင်းမှုမျိုးဖြစ်မည်နည်းဟုလည်း တွေး နေမိ၏။ အတိတ်ဘဝကဆုတောင်း၊ ရေစက်၊ ကံတရား၊ စကြဝဠာထံမှ တောင်းဆိုမှု.. မည်သို့ပင် ခေါင်းစဉ် တပ်ပါစေ သေချာသည်တစ်ခုက သူအလွန်ပျော်ရွှင်ရပါသည်။

အစ်ကိုက ဆုတောင်းပူဇော်မှုပြီးတော့ သူ့ဘက်သို့လှည့်ကာ ပြုံး၏။ နွေလရောင်သည် ပြန်ပြုံးလိုက်မိပြီး စိတ်ထဲမှ ဆုတစ်ခုတောင်းမိ၏။ ထိုလူသား၏ အပြုံးများ ထာဝရတည်မြဲနေပါစေဟူ၍ လေးလေးနက်နက် တောင်းဆိုမိသည်။ အစ်ကိုက ပါးချိုင့်ရှိသောကြောင့် ပြုံးလျှင် ပိုပြီး သိသိသာသာ ကြည့်ကောင်း၏။

"ဘာကြည့်နေတာလဲ ကိုယ့်အချစ်ကလေး"

"အဲဒီလိုမခေါ်စမ်းပါနဲ့။ ပုံမှန်ပဲ ခေါ်ပါ အစ်ကိုရာ"

"မရဘူးလေ။ ကိုယ်ဘယ်လောက်တောင်စောင့်နေခဲ့ရလဲ။ ကိုယ်က မင်းကို ဒီလိုခေါ်ချင်ခဲ့တာကြာပြီ။ တချို့ကတော့ အခေါ်အဝေါ်တောင်မပြောင်းပါဘူးကွာ"

ဘုရားကျောင်းဝန်းထဲမှ သူတို့ထွက်လာကာ လမ်းလျှောက်ရင်း စကားစမြည်ပြောဖြစ်နေကြသည်။

"ဘာဖြစ်လဲ။ အစ်ကိုပေါ့။ ဒီလောက်ကောင်းတဲ့ အခေါ်အဝေါ်ရှိပါဦးမလား"

"ကို တို့ ကိုကိုတို့။ နည်းနည်းပို တယုတယနဲ့ခေါ်ပေးရင်တော့ ကောင်းမှာပေါ့"

"ဆုတောင်းလေ"

"ဟ အချစ်ကလေးကလည်း။ အခုပဲ ဆုတောင်းခဲ့တာလေ"

"ကိုသန့်စင်ကြယ်။ ခင်ဗျား တည်တည်တံ့တံ့မနေရင် ကျွန်တော် မချစ်ဘဲနေလိုက်မှာနော်"

အစ်ကိုက ချက်ချင်းမျက်နှာတည်သွားပြီး စကားတစ်ခွန်းမှမပြောတော့ပေ။ အစ်ကို စိတ်ကောက်သွားပြီ ဟု သူသိလိုက်သော်လည်း ချော့ချင်စိတ်ကိုထိန်းရင်း ဟန်မပျက်ပင် စကားဆက်ပြောနေမိ၏။

Beyond Paradisiacal Dawn [completed]Onde as histórias ganham vida. Descobre agora