10 - သူစိမ်း

17.3K 2.2K 423
                                    


#BeyondParadisiacalDawn

10-သူစိမ်း 

စနေနေ့ နံနက်ခင်းစောစောတွင် ဖုန်းလာသည်က တကယ် အာရုံနောက်ဖို့ကောင်းသော်လည်း အရေးကြီး ဖုန်းတစ်ခုခုဖြစ်နေလျှင် ဆိုသည့်အတွေးဖြင့် စောသူရ တစ်ယောက် ဖုန်းကောက်ကိုင်လိုက်ရသော်လည်း တစ်ဖက်မှ ဘာမျှမပြောသဖြင့် တင်းသွားရ၏။

"သိပ်အားနေရင် ကိုယ့်ဟာကိုယ်ကိုင်ထားလိုက်ကွ။ သူများအိပ်ချိန်ကို နားမလည်ဘူးလား"

"ကျွန်တော်ပါ"

"ဘယ်က ကျွန်တော်လဲ။ မသိဘူး။ ဖုန်းမှားနေတယ် ဒါပဲ"

"Lim Zhou Chuan..."

စောသူရမှာ အိပ်ချင်စိတ်တွေပင် လွင့်သွားပြီး ချက်ချင်း ငုတ်တုတ်ထထိုင်မိ၏။ စနေနေ့ မနက် ၇ နာရီတွင် သူဌေးသားလေးက နှစ်ခါသာတွေ့ဖူးသော သူ့ကို ဖုန်းဆက်လာပါသည်တဲ့။ ဒါ အရေးကြီးဖုန်းတစ်ခုပေပဲ။

"Chuan.. ကိုယ်မသိလိုက်လို့ပါ။ ဘာကိစ္စရှိလို့လဲ မနက်အစောကြီး"

"ဒီတိုင်း...တစ်ယောက်ထဲဖြစ်နေလို့"

ဖြစ်မှဖြစ်ရလေဟုပင် စိတ်ထဲပြောမိသွား၏။

"ဆရာ Eric ကော"

"နွေလရောင်အိမ်မှာ"

"အာ.."

ကိုကြီးနွေလနှင့် ဆရာ Eric တို့၏ ပတ်သက်မှုကို သူရိပ်မိသော်လည်း Chuan အတွက်ဆိုလျှင် လက်မခံ နိုင်လောက်ဟု တွေးမိပြီး မည်သို့တုံ့ပြန်ရမည်မသိဖြစ်သွားရသည်။ အင်းလေ ကောင်လေး ခံစားနေရှာမှာ။

"ခင်ဗျားအားရင် ကျွန်တော်လာခေါ်မလို့ပဲ။ ဒါပေမဲ့ ခင်ဗျားအိပ်ရေးမဝသေးဘူးဆိုတော့.."

"မဟုတ်ပါဘူး။ ဘယ်လိုဖြစ်ဖြစ်နိုးနေပြီ။ မင်း ကိုယ့်အိမ်ကိုသိလို့လား"

"ကျွန်တော့် Driver ကိုပြောပြလိုက်လေ"

စောသူရသည် စမ်းချောင်းရှိသူ့အိမ်လိပ်စာကို ပြောပြလိုက်တော့ ကားဆရာအစ်ကိုက ချက်ချင်းသိပြီး နောက် မိနစ် ၂၀ လောက်ဆိုရောက်မည်ဟု ပြောသည်။ ကြည့်ရသည်မှာ ကောင်လေးက အပြင်သို့ ထွက်လာပြီးမှ အထီးကျန်လွန်းသဖြင့် သူ့ကို လှမ်းခေါ်ခြင်းဖြစ်မည်။

Beyond Paradisiacal Dawn [completed]Where stories live. Discover now