"သိမှာပေါ့ဟ။ သူက The whole burma top 2လေ။"
"တကယ်"
"အင်း။"
ကောင်မလေးတွေ အချင်းချင်း မေးလိုက်ဖြေလိုက်လုပ်နေကြတာကို ကြည့်ပြီး သူကခပ်ပြုံးပြုံးဖြင့်သာနေသည်။ အကို့မျက်လုံးတွေမှာရှိတဲ့ ပိရိသေချာနေသည့်ဟန်က ဘာကို ပိုင်နိုင်လို့ ပိုင်နိုင်နေမှန်းမခန့်မှန်းတတ်ပါ။
"ဟေ့ အဝန်း။ ဒီမှာကလေးတွေအများကြီးရှိတယ်လေကွာ။ မင်းကလည်းပဲ အဲ့ဒီမှာကြည့်ထိုင်မနေနဲ့ဟ"
"ကိုသူ,တို့က လုပ်ပြီဗျာ။ ဒီမယ် ညီမလေးတွေနဲ့ စကားကောင်းနေလို့ဗျ။ မနက်ပိုင်း တစ်ပိုင်းလုံးလဲ ကိုယ် ပြေးလွှားခဲ့ပြီးပြီလေ။ အခုတော့ နားပါရစေဦး။"
အကို့ရဲ့အပြောကို ကျွန်တော်နှင့် မလှမ်းမကမ်းမှာ ရပ်ပြီး အော်နေတဲ့သူက ခေါင်းငြိမ့်လိုက်ရင်း သူ့ကိုကြည့်နေသည့် ကျွန်တော့်အား..
"မင်းလည်း ပထမနှစ်လား ညီ။" ဟု မဆီမဆိုင်နှင့် မေးလာလေသည်။"ဟုတ်ကဲ့..."
ပထမနှစ်ကျောင်းသားဆိုတော့ ကျောင်းထဲမှာ ကိုယ်နှင့်ရွယ်တူကလွဲရင် ကျန်တာ အကုန်လုံးက အကြီးတွေမို့ တရိုတသေနှင့်ပင် ဖြေလိုက်သည်။
"ဒါဆို ဟိုမှာထိုင်နေတဲ့ သူဆီသွားလိုက် ညီ။
မင်းအတွက်လိုအပ်တာမှန်သမျှ သူ့ကို ပြောလို့ရတယ်"မိန်းကလေး ၃ယောက်အလယ်မှာ ထိုင်နေတဲ့ အကို့ထံ လက်ညှိုးညွှန်၍ ပြောသည်။ စာအုပ်ဝယ်တဲ့ကိစ္စမှာ အတန်းကြီးတွေရဲ့အကူညီကို ယူရသည်လို့တော့ ကြားဖူးပေမယ့်လည်း အကို့ဆီကနေ ထိုသို့ အကူအညီရမည်ဟု မထင်ခဲ့ပါ။
"လာလေ ညီ။
ဒီမှာ ခဏထိုင်ရအောင်။
ဒီအချိန် ကျောင်းသားရေးရာက လူရှုပ်တယ်"အကိုက သူထိုင်နေသည့် နေရာကို လှမ်းခေါ်ပြီး ဤသို့ပြောသည်မို့ ကျွန်တော်လည်း သူရှိရာသို့ ရွေ့လျားသွားလိုက်သည်။ အကြောင်းပြချက်တွေမရှိပဲ အကိုကခေါ်သည်မို့ ကျွန်တော်က သွားချင်ပါ။ ကျွန်တော့် ခြေလှမ်းတွေ ရွေ့လျားနေတဲ့ ထိုအချိန်မှာ ကျွန်တော့်စိတ်ထဲမှာရှိသည်က အကိုကလှမ်းခေါ်သည်ဆိုတာတစ်ခုပါပဲ။ စာအုပ်ဝယ်မည့် ကိစ္စတွေ ဘာတွေ ရှည်ရှည်ဝေးဝေးမတွေးမိသေး။ အကိုတစ်ယောက်ကိုသာ ရှေးရှုပြီး ထိုနေရာမှာ သွားထိုင်ခြင်းဖြစ်သည်။
![](https://img.wattpad.com/cover/286730935-288-k902578.jpg)
အပိုင်း (၁)
Start from the beginning