အပိုင်း၂၁

267 19 2
                                    

≪Unicode≫

"ဟင်...မင်း!"

meeting roomထဲဝင်လာတဲ့ဦးစစ်သွေးက မန်နေဂျာဘေးမှာထိုင်နေတဲ့ သူ့ကိုမြင်တော့ အံ့အားသင့်သွားရှာသည်။

"မတွေ့တာကြာပြီနော် ဦးစစ်သွေး"

"မင်း..မင်းဘယ်လိုရောက်လာတာလဲ"

"ငါ့နေရာကို မင်းက ဘယ်လိုဝင်လာရတာလဲ"

"မထင်မိဘူးမို့လား..ခင်ဗျားသားက ခေါ်လာခဲ့တယ်ဆိုတာ"

"ကျွန်တော်က ခင်ဗျားသားရဲ့ အရှက်သခင်ကျေးဇူးရှင် ဖြစ်ထားတာလေ..အဟက်"

"ဘာ"

"ထွက်သွား..ငါ့ရှေ့က ထွက်သွားစမ်း"

"ဘာလုပ်နေကြတာလဲ သူ့ကိုမောင်းထုတ်လိုက်ကြ"

"အဲ့လောက်သွေးပျက်မနေနဲ့ ဦးစစ်သွေး!"

"ခင်ဗျားသားကို အခုထိ လွှတ်ထားပေးနေတုန်း"

"ကျွန်တော့်ချစ်သူရဲ့ မိဘတွေဘယ်မှာလဲ"

"ခင်ဗျားဘယ်မှာဖွက်ထားလဲဆိုတာပဲသိချင်တယ်"

"ငါမသိဘူး!"

"မင်း ငါ့သားအနားကို ထပ်ကပ်ဖို့လဲမစဉ်းစားနဲ့"

"ကျွန်တော်က အခုမှစမှာ ဦးစစ်သွေးရ"

"မင်းချစ်သူရဲ့ မိဘတွေက ငွေလက်ခံပြီး အဝေးကိုထွက်သွားကြပြီ ဘာအရှုပ်အရှင်းမှမရှိပဲ ပြီးပြီးသားကိစ္စတွေပဲ..မင်းကိုလဲ ငါလွတ်လွတ်လပ်လပ်နေခွင့်ပေးထားပြီးပြီ"

"နောက်ထပ်အစဖော်ဖို့မကြိုးစားနဲ့"

"ငါ့ကလေးကို ထိရင် မင်းကိုအစိပ်စိပ်အမွှာမွှာဖြစ်အောင် လုပ်ပစ်လိုက်လို့ရတယ်နော်"

"ဟက်..ပြည့်သူ့အချစ်တော် ဦးစစ်သွေးက ခြိမ်းခြောက်နေတာပါလား"

"သူတို့ဘယ်မှာလဲပြော...ဘယ်မှာလဲဆိုတာပြောစမ်းပါ"

"သဒ္ဒါ့မိဘတွေကို ဘယ်မှာ ဖွက်ထားတာလဲ"

ဦးစစ်သွေးရဲ့ ဝန်ထမ်းတွေဟာ ပြဿနာစဖြစ်ကတည်းက ရပ်နားထောင်နေတာမျိုးမရှိကြပဲ အားလုံးအခန်းထဲက ထွက်သွားကြသည်။ထိုအခန်းထဲမှာ ဦးစစ်သွေးနဲ့သူဟာ ကျန်ခဲ့သည်ပင်။

လေပြေတွေအရိုင်းဆန်တဲ့ခဏWhere stories live. Discover now