အပိုင်း၁၃

258 22 3
                                    


≪Unicode ≫

တံခါးနားမှာ ရပ်နေတဲ့ အာဏာ့ကို မြတ်ပိုင်က အတင်းဆွဲခေါ်ပြီး ကုတင်ပေါ်ပစ်တင်လိုက်သည်။ကုန်းထပြီး တံခါးဆီ ပြန်ပြေးတဲ့အခါ အနောက်မှ အားနဲ့ စောင့်ဆွဲပစ်သည်။အာဏာက အားမနည်းတဲ့ ကောင်လေးမို့ သူဆွဲခေါ်ရာမပါပဲ အင်္ကျီသာပြဲသွားခဲ့သည်။

"အသားမနာချင်ရင် ငြိမ်ငြိမ်နေလိုက် စစ်မှူးအာဏာ"

"ခင်ဗျား အရူးပဲ"

အခန်းအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်နေခဲ့ပေမယ့် ကူမည့်သူ တစ်ယောက်တစ်လေတောင် ရောက်မလာခဲ့ပါ။

"အ"

ဗိုက်ကို ထိုးလိုက်တဲ့အရှိန်ကြောင့် အာဏာ အောင့်တက်သွားပြီး အသက်ကိုမနည်း ရှူနေရသည်။

ထိုအချိန်မှာပဲ သူ့ကိုယ်ပေါ်ကအဝတ်တွေကို အတင်းဆွဲချွတ်တော့သည်။

ရုတ်တရက် အခန်းအတွင်း မဲမှောင်သွားပြီး မြတ်ပိုင်ရော အာဏာပါ လှုပ်ရှားမှုရပ်သွားသည်။

"ဟာ....တောက်"

"မီးက ဘာဖြစ်သွားတာလဲ"

hotelတစ်ခုလုံး မီးပျက်သွားတာကြောင့် အပြင်ဘက်မှ လှုပ်ရှားတဲ့အသံတွေ ထွက်လာသည်။ဒီအချိန်ဟာ အခွင့်ကောင်းဖြစ်တာမို့ ချုပ်ထားတဲ့မြတ်ပိုင် ရင်ခွင်ထဲက ရုန်းထွက်ပြီး ထပြေးလိုက်သည်။

ထိုအချိန်မှာပဲ အခန်းတံခါးဟာ ပွင့်လာပြီး လူတစ်ယောက်ဝင်လာခဲ့သည်။ထိုလူဟာ မြတ်ပိုင်ရှိရာဆီသွားလိုက်ပြီး အားပြင်းပြင်း ထိုးချလိုက်ပါသည်။

အမှောင်ထဲမှာမို့ လှုပ်ရှားမှုတွေဟာ မသဲကွဲပေ။ထို့နောက် ဘယ်သူဘယ်ဝါမှန်းမသိတဲ့ ထိုလူဟာ သူ့လက်ကို ဆွဲကိုင်ပြီး အပြင်ခေါ်ထုတ်လာခဲ့သည်။

ဟိုတယ်မီးပြန်ပွင့်လာတဲ့အချိန်မှာ သူတို့အပြင်ရောက်နေခဲ့ပြီ။ထိုအခါမှ ဒီလူ့မျက်နှာမော့ကြည့်လိုက်သည်။

ဟင်...

သူ့ကို မြတ်ပိုင်လက်ထဲက ကယ်ထုတ်ခဲ့သူဟာ အကြိမ်ကြိမ် မိနစ်ပိုင်းသာ ဆုံခဲ့ဖူးတဲ့ လူတစ်ယောက်ဖြစ်နေခဲ့သည်။

လေပြေတွေအရိုင်းဆန်တဲ့ခဏWhere stories live. Discover now