အပိုင်း၄-U

313 22 0
                                    

"တောက်တိုမည်ရ!!"

"ဘာ"

သူ့ရှေ့က သုံးကောင်လုံး မျက်လုံးပြူးမျက်စံပြူးတွေဖြစ်ကုန်သည်။

"တစ်နှစ်တောင် ခင်ဗျားဆိုင်မှာ တောက်တိုမည်ရလုပ်ပေးရမယ်ပေါ့"

"6လအတွင်း အချိုးပြောင်းရင် ရာထူးတိုးခိုင်းမယ်"

"တစ်နှစ်ဆိုတာ ငါအများကြီး မင်းကို သက်ညှာပေးထားတာ"

"တစ်နှစ်အတွင်း မင်းလစာက ငါ့အတော်ဆုံးဝန်ထမ်းရဲ့လစာနဲ့တွက်ကြည့်ရင်တောင် ညီမလေး ခွဲစိတ်ခမမှီဘူး"

"ကျွန်တော်ဘယ်သူလဲခင်ဗျားသိလား"

ဒီတစ်ခါတော့ အာဏာ့မေးခွန်းရဲ့အဖြေကို ထက်မြတ်နဲ့ ဇေယျာကပါ ကြားချင်လို့စောင့်နေသည်။

ဝန်ကြီးချုပ်ရဲ့သားဖြစ်သူကို တောက်တိုမည်ရခိုင်းဖို့တွေးရဲတဲ့ သူတိုရှေ့ကဘဲကို ထအလေးပြုချင်နေပါပြီ။

ဒါပေမဲ့ ရှေ့မှာထိုင်နေတဲ့သူက နည်းနည်းမှစိတ်မဝင်စားတဲ့အပြင် သူတို့မမျှော်လင့်သည့်စကားကိုကြားလိုက်ရသေးသည်။

"နောက်တစ်ခုရှိသေးတယ်"

"ငါ့ဆိုင်လာရင် မင်းရဲ့ ဘယ်သူ့သားဆိုတာကိုထားပစ်ခဲ့"

"မင်းဘယ်သူဖြစ်ဖြစ် ဒီဆိုင်ထဲရောက်တာနဲ့ မင်းက ငါ့ဝန်ထမ်း ငါကမင်းသူဌေးဆိုတာ မှတ်ထားရမယ်။ငါခိုင်းရင်အချိန်မရွေး မင်းလုပ်ပေးနိုင်ရမယ်။"

"ခင်ဗျားရူးနေလား"

"သူဝုန်းခနဲထရပ်လိုက်"

တစ်ကယ်တော့ ဒီကောင်လေးလက်ခံမည်မဟုတ်ဘူးဆိုတာသူသိသည်။သူနဲ့ သူ့ညီမလေးaccidentကသက်ဆိုင်မှုရှိတယ်ဆိုပေမဲ့ အပြစ်ရှိတဲ့သူတော့မဟုတ်ပေ။ဒီတိုင်းအလွယ်တကူတောင်းပန်လိုက်ရင်ပြီးသွားမယ့်ကိစ္စက မထင်ထားပဲ တခြားပြဿနာတွေပါ ပါလာတော့ ပိုဆိုးကုန်တာဖြစ်သည်။သူလဲအကြာကြီးအငြိုးထားတတ်သူမဟုတ်။ထို့ကြောင့်ပင် ကားနဲ့တိုက်မိတဲ့တရားခံနဲ့တောင်ပြေလည်နေပြီဖြစ်သည်။သူ့မေမေရဲ့ နားချမှုတွေလဲအများကြီးပါသည်။ဒီကောင်လေးကိုလဲ စစချင်းသွေးဆူပြီးဒေါသထွက်ပေမဲ့ မေမေ့ကိုမြင်ယောင်ပြီးနားလည်ပေးလိုက်တာဖြစ်သည်။ဒါကို သူ့ရှေ့နောက်တစ်ခါပေါ်လာပြန်သည်။မလုပ်နိုင်လောက်ဘူးထင်တဲ့အရာကို စိတ်ထဲရှိရာ ပြောလိုက်တာဖြစ်သည်။

လေပြေတွေအရိုင်းဆန်တဲ့ခဏWhere stories live. Discover now