အပိုင်း၂-U

461 26 2
                                    

Ring**

အိမ်မှာနေလဲ စိတ်အနှောင့်အယှက်လိုက်ပေးနေတဲ့ မိုယာကြောင့် သူ ကျစ်ခနဲ စုတ်သတ်လိုက်သည်။

"ဘာလဲ မိုယာ"

"ကို....
မိုယာ့ကို ထမင်းလိုက်ကြွေး"

"မင်းကငတ်နေလို့လား"

"ကိုကလဲ မိုယာတို့အပြင်မှာ ထမင်းအတူမစားဖြစ်တာ ဘယ်လောက်ကြာပြီလဲ"

"လုပ်ပါကိုရယ် ကိုဝယ်ကြွေးတဲ့ နေ့လည်စာကို အရမ်းစားချင်နေလို့ပါ"

"ကျစ် မင်းတော်တော်ရှုပ်ပါလားမိုယာ"

"ငါမအားဘူး"

"ကို!!"

"ဒါနောက်ဆုံးပဲ နောက်ဆိုမိုယာ လိုက်မနှောက်ယှက်တော့ဘူး"

"သေချာလား"

"ကိုမိုယာ့ဆီမလာရင်တော့ မသေချာဘူး"

"နေရာ message ပို့လိုက် ခုထွက်ခဲ့မယ်"

မိုယာအပျော်လုံးစို့ပြီး ဖုန်းချလိုက်သည်။

မိုယာချိန်းတဲ့နေရာက restaurant တစ်ခု၊ဆိုင်ကသိပ်မကြီးပေမဲ့ သားသားနားနားပဲ၊အထဲမှာ foreignerတစ်ချို့ပင် ရှိသေးသည်၊ဆိုင်ကသာ သေးတာ ဈေးကတော့ ခေါင်ခိုက်နေတာပဲ၊မြန်မာထမင်းဟင်းရော အနောက်တိုင်းအစားအစာပါ အကုန်ရသည်။ဆိုင်ကလဲသန့်သည်၊မိုယာကြောင့် ဒီလိုဆိုင်မျိုးလာလိုက်ရပေမဲ့ ဒီတစ်ခါတော့သူစိတ်တိုင်းကျပါသည်။

"မင်းထမင်းစားဖို့ပဲမှတ်လား"

"မြန်မြန်စား ပြီးရင်ပြန်မယ်"

"ဘယ်လိုဖြစ်နေတာလဲ ကိုရဲ့"

"စကားလဲကောင်းကောင်းပြောပါရစေဦး"

"မင်းကတိမင်းတည်နော် နောက်နေ့ငါ့ကိုမဆက်သွယ်နဲ့"

"ဘယ်သူကတိပေးမိလို့"

"ဘာ"

"မိုယာ ကတိပေးတယ်လို့မပြောမိပါဘူးနော်
ဖုန်းထဲမှာ နောက်မတွေ့ဘူးဆိုတာက ကိုမိုယာ့ဆီမလာမှာဆိုးလို့တမင်ပြောလိုက်တာ"

​"မင်းတော့"

"ဘာလဲ မိုယာ့ကို ထထိုးချင်လို့လား"

"မိုယာ့အစ်ကိုတွေကို ထိုးကြိတ်ခဲ့တုန်းကတောင် မိုယာက ကိုမို့လို့ခွင့်လွှတ်ထားတာနော်"

လေပြေတွေအရိုင်းဆန်တဲ့ခဏWhere stories live. Discover now