Chapter - 17 (Part 2)

Start from the beginning
                                    

အူးယမ်က ခဏတာ စိတ်ရှုပ်​​ထွေးသွားပြီး အနည်းငယ်ထိတ်လန့်သွားကာ ထပြီးထွက်သွား​တော့မယ့်လူကို အမြန်တားလိုက်တယ်, "ဝမ်, ဝမ်ယဲ့..."

"ဘာလဲ?"

"ငါတို့...ထပ်ပြီးကြိုးစားလို့မရဘူးလား?" ငါ မင်းကို အခုထက်ပို​ကောင်းတဲ့ဘဝမှာ ​ထားနိူင်ဖို့ ကြိုးစားပါ့မယ်, ငါ..."

ဝမ်ယဲ့က သက်ပြင်းချလိုက်ပြီး, "အူးယမ်, ငါ ​တောင်းပန်ပါတယ်, အခုလို​ပြောတာက ငါ့အတွက် တစ်ကိုယ်ကောင်းဆန်သလို ဖြစ်နိူင်တယ်, ဒါ​ပေမယ့် မင်း ငါ့ကို သ​ဘောကျတယ်ဆို ငါ့အတွက် ​ကောင်းတာကို မင်းအလိုရှိသင့်တယ်​လေ, ငါ့ကို ထပ်မ​နှောင့်ယှက်ပါနဲ့​တော့, မင်း ငါ့ကို မ​ပျော်​စေချင်ဘူးလား?"

အူးယမ်က သူ့အ​ရှေ့က ​အေးစက်​နေတဲ့​ကော်ဖီကို တိတ်ဆိတ်စွာနဲ့ စိုက်ကြည့်​နေခဲ့တယ်။ သူ့မျက်လုံး​တွေက နီပြီး သူ့နှလုံးသားက​ ဝမ်းနည်း​နေတယ်။

အရင်တုန်းကဆိုရင်​တော့ သူက နည်းနည်း ပိုပြီး ရုန်းကန်​နေလိမ့်မယ်။ သူ့ကိုယ်သူ လေးစားမှုကို ဖယ်ထုတ်ပြီး လုပ်တာက ​ကောင်းပါတယ်။ သူ့နှလုံးသားအပြည့်ထည့်ပြီးတဲ့အခါမှ ဘယ်လိုလုပ် ရုတ်တရက် လက်လွှတ်နိူင်မှာလဲ?

ဒါ​ပေမယ့် အခု​တော့ တစ်ဖက်လူက ထွက်သွားချင်​နေတယ်ဆိုတာကို သူသိတယ်။ သူ့ဘဝတစ်ခုလုံးနဲ့ ဆွဲထားရင်​တောင်မှ အသုံးဝင်မှာမဟုတ်ဘူး။

ပြီး​တော့ တစ်စုံတစ်​​​ယောက်က သူ့ကို "​ငါ့ကို ထပ်မ​နှောင့်ယှက်ပါနဲ့​တော့" လို့​ပြောတာ ဒါ ပထမဆုံးအကြိမ်မဟုတ်ဘူး။ သူက သင်ခန်းစာတစ်ခုကို ​လေ့ထားထားပြီးဖြစ်တယ်။ သူဆွဲကိုင်ထားပြီး လက်မလွှတ်​ပေးခဲ့ရင် အကျိုးဆက်က ဘာဖြစ်မယ်ဆိုတာကို သူသိတယ်။

"မင်း လူတစ်​​ယောက်ကို ချစ်တယ်ဆို အဲ့လူရဲ့အနာဂတ်ကို မင်းစဥ်းစားသင့်တယ်, လက်လွှတ်​ပေးမယ့်အချိန်​ရောက်လာရင် မင်း လက်လွှတ်သင့်တယ်, ပြီး​တော့ မင်း တတ်နိူင်သ​လောက် သူ့အတွက် အ​ကောင်းဆုံး​တွေကို ဆု​တောင်း​ပေးလိုက်", သူက အချစ်ရဲ့ အဲဒီ့ကြီးကျယ်ခမ်းနားတဲ့စည်းမျဥ်းကို မသိဘူး။ ဒါ​ပေမယ့် သူ့ရဲ့လက်တွဲ​ဖော်​တွေက​တော့ သူ့ကို ကောက်ကာငင်ကာပဲ အဲ့အမှန်တရားကို ​လိုက်နာ​စေချင်ကြတယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now