Chapter - 17 (Part 2)

Start from the beginning
                                    

အူးယမ်ရဲ့နှလုံးသားက ချက်ချင်းကို နာကျင်သွားတယ်။ သူ့လည်​ချောင်းကလည်း တစ်ဆို့​နေတယ်။ အချိန်အ​တော်ကြာပြီးတဲ့​နောက်​တော့ သူက ပြန်​ကောင်းလာပြီး ​လက်ကျန်အားအချို့စိုက်ထုတ်ရင်း, "ဝမ်ယဲ့, လူ​နေမှုအဆင့်အတန်းမတူတဲ့လူတ​စ်ယောက်နဲ့ အတူရှိရတာက ခက်ခဲလွန်းတယ်, သာမန်လူတစ်​​ယောက်ရဲ့ဘဝကလည်း မဆိုးပါဘူး, သူတို့ရဲ့လူ​နေမှုပုံစံကို လိုက်အတုယူရတာက ငါတို့အတွက် အရမ်းခက်ခဲတယ်, ပြီး​တော့ ငါတို့မှာ လိုအပ်တဲ့အ​နေအထားတွေလည်း မရှိဘူး"

ဝမ်ယဲ့က သူ့စကားကို ဖြတ်ချလိုက်တယ်, "မင်းက အရမ်းကို မိုက်မဲလွန်းတာပဲ, ဘာလို့ ဒီ​လောက်မတုန်မလှုပ်ဖြစ်​နေရတာလဲ? မင်းအ​​ရှေ့မှာ အခွင့်အ​ရေးတစ်ခုရှိ​နေရင် အဲ့တာကို လှမ်းဆုပ်ကိုင်ပြီး တက်လှမ်းသင့်တယ်, ဒါမှမဟုတ် မင်း ဒီလိုမျိုး တစ်သက်လုံး ​နေချင်လို့လား?"

အူးယမ်က ​နောက်ထပ် ဘာကိုမှထပ်မ​ပြောနိူင်​တော့ဘူး။ လက်​ဆောင်ဘူးကိုသာ လက်ထဲမှာ ဆုပ်ကိုင်ထားလိုက်တယ်။

ဝမ်ယဲ့က အရမ်းကို တဲ့တိုးဆန်ပြီး ပွင့်လင်းတယ်။ အူးယမ်က သူ့နှလုံးသားထဲမှာ ဝမ်းနည်း​နေ​သော်လည်း သူ့ကို အခုထိ မမုန်းနိူင်ဘူးဖြစ်တယ်။

အူးယမ်က ဝမ်ယဲ့​ တောင့်တတဲ့ဘဝပုံစံမျိုးကို ​​ပေးစွမ်းဖို့ မတတ်နိူင်ဘူး။ သူ့ရဲ့ရည်မှန်းချက်​တွေက ဖျက်ဆီးခံလိုက်ရပြီဖြစ်တဲ့အတွက် သူက အနာဂတ်မရှိတဲ့ဘဝကိုသာ ဆန္ဒရှိ​တော့တယ်။

သူ့မှာ ရည်ရွယ်ချက်​တွေမရှိဘူး။ ဒါ​ပေမယ့် အဲ့တာက ဝမ်ယဲ့မှာလည်း တစ်ခုမှမရှိဘူးလို့ဆိုလိုတာမဟုတ်ဘူး​လေ။

သူက အချိန်အ​တော်ကြာ မလှုပ်ရှားတာကို သိတာနဲ့ ဝမ်ယဲ့က ​ကော်ဖီကို တစ်ကျိုက်တည်း​သောက်လိုက်တယ်။ ပြီး​တော့ နာရီကို ကြည့်ပြီး ​ငွေ​တောင်းခံလွှာနှစ်ခုကို ထုတ်ကာ စားပွဲ​ပေါ်ကို တင်လိုက်တယ်, "အူးယမ်, လမ်းခွဲမှုအတွက် ငါ အရမ်းစိတ်မ​ကောင်းပါဘူး, အနာဂတ်မှာ သူငယ်ချင်း​တွေ ဆက်လုပ်ရ​အောင်, ​နောက်မှ ပြန်ဆက်သွယ်ကြတာ​ပေါ့​နော်?"

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now