ထိုအချိန်တွင် အောက်ထပ်မှ တက်လာသည့် အမျိုးသားတစ်ယောက်က မုန့်ယိရှင်း အရှေ့တွင် ဝင်ရပ်လိုက်သည် ။ " ယိရှင်းအကြောင်း ဘာမှမသိဘဲ မဝေဖန်စမ်းနဲ့ .. သူမက မင်းတို့ထက် အဆပေါင်းများစွာ သာတယ် .. သူမကို စွန့်ပစ်တဲ့လူက တစ်နေ့ နောင်တရမှာ သေချာတယ် .."
နောက်ဆုံးတွင် ချီဝမ်ရယ်အား ဂရုမစိုက်သည့် လူ ပေါ်လာလေပြီ ..
" မုမိသားစုရဲ့ သားအကြီး မုချိန်!!! "
" သူက ချီဝမ်ရယ်ကို စစ်ကြေညာလိုက်တဲ့ သဘောလား .."
" အဲ့စကားတွေက ဝမ်ရယ်ကို မျက်နှာဖြတ်ရိုက်လိုက်တာဘဲမလား .."
" မုမိသားစုက အရှေ့ဘက်ခရိုင်ကို ကြီးစိုးနိုင်တာနဲ့ တော်တော်စိတ်ကြီးဝင်နေတာဘဲ .."
" မင်းက ဘာသိလို့လဲ မနက်ဖြန် မုချိန်က စစ်သူကြီးဖြစ်တော့်မယ်လို့ သတင်းကြားနေတယ်.. သူစိတ်ကြီးဝင်တာ မဖြစ်သင့်ဘူးလား.. "
" ဒီလိုဆိုရင်တောင် ဒီလောက်စိတ်ကြီးမဝင်သင့်ဘူးမလား .. အခု ဝမ်ရယ်ကိုယ်တိုင် စွန့်ပစ်ထားတဲ့ ကိုယ်လုပ်တော်နဲ့ ဒီလိုဆက်ဆံရေးရှိနေတာ .."
" ငါထင်တာတော့ စိတ်ကြီးဝင်တာမဟုတ်ဘူး .. မလွန်ဆန်နိုင်တာဖြစ်မယ် .. ကြည့်စမ်း မိန်းကလေးမုန့်ရဲ့ မျက်နှာလေးကို ..ဒီလိုစွန့်ပစ်ပစ္စည်းမျိုးကတော့ ပြန်ရရင်တောင် တန်တယ်မဟုတ်ဘူးလား ... ဟားးဟားးး "
" အမှန်ဘဲ .. အမှန်ဘဲ...ဟားးးးဟားး"
လူတိုင်း စိတ်အားထက်သန်စွာ ဆွေးနွေးနေကြပြီး လှောင်ပြောင်ရယ်မောနေကြသဖြင့် မုချိန်၏ အမှုအရာက အနဲငယ်ပြောင်းလဲသွားခဲ့သည် ။ သို့‌သော်လည်း သူက အသာပြုံးလိက်ပင် မုန့်ယိရှင်းအား ထိုသူများနဲ့ ခွဲထုတ်ကာ ခေါ်သွားခဲ့သည် ။
အစမှမဆုံးထိ တစ်ချက်မလှုပ်ရှားဘဲ သာမန်လူတစ်‌ယောက်လို ထိုင်နေသည့် အန်းဇယ်ရီ အား လင်းယွီ့က နားမလည်ဟန် တစ်ချက်ကြည့်လိုက်သည် ။ ' စိတ်မတိုဘူးလား .. ဘာကြောင့် သွားမကူရတာလဲ... ပုံမှန်ဆို ကူညီဖို့တောင် အန်းဇယ်ရီက မုချိန်နဲ့ ရန်ဖြစ်နေတာ မဟုတ်ဘူးလား ..'