အပိုင်း - ၂၆ (U+Z)

Start from the beginning
                                    

"Good morning"

လော့ချင်နှုတ်ဆက်သော်လည်း လင်းကျစ်ရှ
မတုံ့ပြန်ဖြစ်။ ရှောင်အိုက်ကမူ တက်ကြွစွာ
လက်ဖောင်းဖောင်းလေးကို ဝှေ့ယမ်းကာ
လော့ချင်ဆီ ပြေးလာတော့သည်။

"ဦးဦးလော့~ မောနင်း၊ Good morning"

ထို့နောက် လော့ချင်၏ပေါင်ပေါ် မေးတင်
ပြုံးပြနေသည်။ လော့ချင်က လင်းကျစ်ရှကို
တစ်ချက်အကဲခတ်ကြည့်ပြီးမှ ရှောင်အိုက်ကို
ပေါင်ပေါ်ဆွဲတင် ပွေ့ဖက်လိုက်ကာ

"ကြက်ဥစားမလား"

"စားမယ်!"

"ဒါဆို ဦးဦး အခွံခွာပေးမယ်"

လင်းကျစ်ရှက စားပွဲ၏အခြားတစ်ဖက်မှာ
ဝင်ထိုင်လိုက်လေသည်။

မနက်စာစားပွဲဝိုင်းက စုံလင်လှကာ အရသာ
ထူးကဲသည့်အဆာသွတ်မုန့်မျိုးစုံကို တွေ့ရသော်လည်း လင်းကျစ်ရှကတော့ မနက်ခင်းမှာ
ဆန်ပြုတ်ပူပူလေးတစ်ခွက်ကိုသာ သောက်ချင်စိတ်ရှိသည်။ သို့နှင့် အဆုံးမှာ သူ ပဲနို့တစ်ခွက်
ကိုပဲ သောက်ဖြစ်လေ၏။

လော့ချင်က သတိထားမိသွားပြီး

"မင်း ကြိုက်တာတစ်ခုမှမရှိဘူးလား"

"ဟင့်အင်း"

"ဒါဆို မင်း ဘာစားချင်လဲ၊ ငါ ဆစ်စတာလီကို
ပြင်ဆင်ခိုင်းလိုက်မယ်"

"မလိုပါဘူး"

လော့ချင် တစ်ခုခုထပ်ပြောချင်သော်လည်း
လင်းကျစ်ရှဖုန်းက ရုတ်တရက်မြည်လာခဲ့
သည်။ ဖုန်းကိုင်သည့်လေသံက အခုနထက်
ပေါ့ပါးလို့နေ၏။ လော့ချင်နှင့်စကားပြောစဉ်
အကွာအဝေးတစ်ခုထားကာ ယဉ်ကျေးခဲ့‌
သော်လည်း ယခုကွာဟမှုက ကမ္ဘာလောက်
ကြီးနေသည်။

"အစ်ကိုချင်း"

လော့ချင်၏မျက်တောင်များ သိမ့်ခနဲတုန်သွား
သည်။

သူ ချင်းကျယ်ဆိုသောနာမည်ကို allergic
ဖြစ်လာပြီ။

"ရပါတယ်၊ ကျွန်တော် ဒီနေ့နောက်ကျနေတာ
ဆိုတော့ ဆိုင်သွားဖို့ နောက်ရွှေ့လို့မရဘူး"

တစ်ဖက်မှချင်းကျယ်က ဘာပြောသလဲမသိ၊
လင်းကျစ်ရှ ရုတ်တရက်ပြုံးလိုက်လေသည်။
ကွေးညွတ်သွားသော မျက်ခုံးနှင့်မျက်ဝန်းများ
အလွန်ကြည့်ကောင်းကာ ခံ့ညားလျက်။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now