Chapter -16 (Part 3)

Start from the beginning
                                    

ဝမ်ယဲ့က အ​တော်​လေးကြည့်​ကောင်းပြီး သူ့ရဲ့အလုပ်ကလည်း ​အရမ်းကို​ကောင်းတယ်။ သူက စကား​ပြော​ကောင်းပြီး များ​သောအားဖြင့်​တော့ လူသိများတဲ့ ထင်ရှား​သောလူတစ်​ယောက်ဖြစ်တယ်။ အ​တော်​လေး လုပ်ရည်ကိုင်ရည်ရှိတဲ့ လူတစ်​ယောက်ပါပဲ။

နှစ်​ယောက်အတူထိုင်ပြီး စား​သောက်​နေကြတာ​ကြောင့် တစ်ဖက်လူရဲ့အ​​ခြေအ​နေ​က ကောင်းတယ်ဆိုတာကိုသာမက သူ့ရဲ့ရည်မှန်းချက်​တွေကလည်း မြင့်မားတယ်ဆိုတာကို ​မြင်နေရတယ်။ သူ့စကား​တွေက​တစ်ဆင့် သူ့ရဲ့​မျှော်မှန်းချက်​တွေက သူ (အူးယမ်) မတတ်နိူင်တဲ့လူ​နေမှုအဆင့်အတန်း​တွေဖြစ်​နေပြီး အူးယမ်ရဲ့နှလုံးသားက ကျဆင်းသွားခဲ့တယ်။ သူက ဒီလိုလက်တွဲ​ဖော်မျိုးကို ဘယ်လိုလုပ်​ပြီးတွေးနိူင်မှာလဲ? သူ့အတွက်​တော့ ဒါက သူ့အတိုင်းအတာထက်ကို ​ကျော်လွန်​နေခဲ့တယ်။

သူတို့နှစ်​ယောက် လမ်းခွဲရမယ့်အချိန်မှာ အူးယမ်က ​နောက်ထပ်​တွေ့ဆုံဖို့အတွက် ကြိုတင်စီစဥ်လိုက်သင့်, မသင့်ကို စိတ်လှုပ်ရှားစွာ တွန့်ဆုတ်​နေမိတယ်။ သူက သူ့သတ္တိကို စု​ဆောင်းပြီး ပါးစပ်ဟလိုက်တဲ့အချိန်မှာပဲ မ​မျှော်လင့်စွာနဲ့ မြန်ဆန်တဲ့တုံ့ပြန်မှုကို ရရှိခဲ့တယ်။

"ငါတို့က ​တော်​တော်​လေးလိုက်ဖက်ညီတယ်လို့ ခံစားရတယ်" ဝမ်ယဲ့က ပြုံးရင်း ​ပြောတယ်, "ငါ မင်းရဲ့ထိုးထွင်းသိမြင်နိူင်စွမ်းကို ​လေးစားတယ်, ​နောက်တစ်ခါ လက်ဖက်ရည်အတူ​သွား​သောက်ရ​အောင်"

အူးယမ်က ယုံကြည်စိတ်ချရတဲ့ကိုယ်ကျင့်တရားနဲ့ အ​တော်​လေးသစ္စာရှိတဲ့လက်တွဲ​ဖော်ကို ရှာလိုတာဖြစ်တယ်။ ဝမ်ယဲ့က ရည်မွန်ပြီး​တော့ ဘဝင်မမြင့်ဘူး။ သူတို့နှစ်​ယောက်သာ ​အောင်​အောင်မြင်မြင်ချိန်း​တွေ့နိူင်ခဲ့ရင်​တော့ သူ အလွန်​ပျော်မိမှာဖြစ်တယ်။

ဝမ်ယဲ့နဲ့ အချိန်ကာလတစ်ခုကြာ ချိန်း​တွေ့ပြီးတဲ့​နောက် သူတို့က လက်ချင်းတွဲနိူင်​လောက်တဲ့အဆင့်ကို ​ရောက်လာခဲ့ပြီး ချစ်သူများ​နေ့ကလည်း ​ရောက်ရှိလာခဲ့တယ်။

ဝမ်ယဲ့က ခံစားချက်နဲ့​ပျော်ရွှင်မှုကို အ​တော်​လေး အ​လေးထားသူဖြစ်တယ်။ ပြီး​တော့ သူက ညစာစားဖို့အတွက် မြို့ထဲက အ​ကောင်းဆုံးစား​သောက်ဆိုင်တစ်ဆိုင်ကိုသွားဖို့ အမိအရတိုက်တွန်းခဲ့တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now