Whatever You Are (3)

Start from the beginning
                                    

"ဪ သားတို့ရောက်ပြီလား ခဏနော် ဆရာမ လူလွတ်လိုက်မယ် သူလာဖွင့်ပေးလိမ့်မယ် ပြီးရင် အောက်ထပ်မှာ ခဏလေးထိုင်စောင့်ကြနော်"

"ဟုတ်ကဲ့ပါ လောင်သျှီး"

ပြီးတာနဲ့ Screen လေးပြန်ပိတ်သွားတယ် ပြီးတာနဲ့ ရိပေါ် သူငယ်ချင်းတွေဖက်လှည့်ပြီး သေချာပြောလိုက်တယ်

" ဟေ့ကောင် တွေ အထဲရောက်ရင် မစပ်စုနဲ့နော် Triple လောင်သျှီး စပ်စုတာ မကြိုက်ဘူးလို့ ကြားဖူးတယ်"

"စိတ်ချပါ စပ်စပ်စုစု လုပ်ရအောင် ငါတို့က မိန်းကလေးတွေမှ မဟုတ်တာ"

မျက်စောင်းလေးထိုးပြီး ကျိရန်က ပြန်ပြောတော့ ဟောက်ရွှမ်းက ရယ်တယ် ဒါကိုကြားတော့ ယွီပင်းက ခေါင်းလေးခါပြီး

"ပြီးရင် ထိပ်ဆုံးက လျှာရှည်မှာ  ကျိရန်စုတ် နင့်အကြောင်း ငါသိတယ် ရိပေါ်လည်းသိတယ် ဒါကြောင့်သေချာ မှာနေတာကို Triple လောင်သျှီး က ငါတို့ကို စိတ်ကွက်သွားလို့ မဖြစ်ဘူးနော်"

"အင်းပါ စိတ်ချ မစပ်စုပါဘူး စိတ်ထိန်းထားမယ်"

ကျိရန်က လက်သုံးချောင်းထောင်ပြီး မျက်နှာငယ်လေးနဲ့ပြောတော့ အားလုံးက စိတ်ချမယ်နော်လို့ ပြိုင်တူပြော ဖြစ်ကြပြီး အိမ်ခြံ၀န်းတံခါး လာဖွင့်ပေးတဲ့သူနောက်ကို လိုက်လာခဲ့ကြတယ်

အိမ်ထဲရောက်ရောက်ချင်း ဧည့်ခန်းထဲမှာ ကော်ဖီခွက် (၅)ခွက်ကို အဆင်သင့်ချထားတာ တွေ့လိုက်ရတယ် အိမ်ထိန်းအန်တီကြီးက ကော်ဖီသောက်ရင်း စောင့်ကြဖို့ ပြောပြီး အထဲကို ၀င်သွားပါတယ်

ဧည့်ခန်းထဲမှာ ဆရာမ နဲ့ ဆရာမသမီး ဘွဲ့ယူတုန်းက ပြုံးရွှင်စာအတူ ဖက်ရိုက်ထားတဲ့ပုံ ကို ပုံကြီးချဲ့ ချိတ်ထားတာ အားလုံးက ပုံထဲ ပြုံးအလှ ပိုင်ရှင် ကျဲကျဲ ကို ငေးမောမိကြတယ် ပါးစပ်ကသာ ဖွင့်မပြောတာ အားလုံးက တစ်ယောက်မျက်လုံးတစ်ယောက်ကြည့်တာ  ပြောစရာမလို အလိုလိုနေရင်း ကျဲကျဲက လှလိုက်တာ နတ်သမီးလေးကျနေတာပဲဆိုတာကို လက်ခံသဘောတူလိုက်ကြပြီးသား အခန်းထဲကို ဝေ့ဝိုက်ကြည့် လိုက်ရင်လည်း  အကဆရာမ နဲ့ သမီးလေး ပုံတွေချည်းပဲ မွေးခါစကနေ (၁)နှစ် (၂)နှစ် ဆိုပြီး စနစ်တကျ စီစဉ်ထားတာ ဘွဲ့ရတဲ့အထိပါပဲ Choreographer အကသမား မို့ထင်ပါရဲ့ စိတ်ကူးကောင်းကောင်းနဲ့ ဓာတ်ပုံလေးတွေ နဲ့ ပုံဖော် ထားတာ အမေတစ်ခု သမီးတစ်ခု ဘ၀လေးကို ဘာမှမေးစရာမလိုလောက်အောင်ကို ဖော်ပြနေပြီးသား ထူးဆန်းတာ အဖေ လို့ထင်ရတဲ့ပုံ တစ်ပုံမှ မရှိတာပဲ

Whatever You AreWhere stories live. Discover now