Whatever You Are (2)

Start from the beginning
                                    

လင်ချင်းရှာ အသင့်လုပ်ထားပေးပါ ခဏနေ၀င်ရပါမယ်နော်ဆိုတဲ့ အသံကြောင့် တွေးနေရာမှ စိတ်အာရုံကို ပြန်စုစည်းလို့ ပြင်ဆင်ထားလိုက်ကြသည်။ ရလဒ်က မျှော်လင့်သလို ဖြစ်မလာခဲ့ပါ။ ဗိုက်ထဲက ကလေးက မိန်းကလေးလို့ ဆရာ၀န်မကြီးက ပြောပါတယ်။ စစ်ဟန်က သေချာရဲ့လား လနုလို့ မသေချာသေးရင် နောက်လထဲ တခါ ထပ်ရိုက်ကြည့်ရမလား အတည်မဟုတ်ဘူးမလား ဟု အခါခါပြောနေသဖြင့် Ultrasound ဆရာ၀န်ကြီးက ကိုယ်၀န်လနုသေးပေမယ့် 4D ultrasound ဖြစ်တဲ့အတွက် အားလုံး ရှင်းရှင်းလင်းလင်း မို့ မမှားနိုင်ကြောင်း နောက်ထပ်ဘယ်နှစ်ခါ ရိုက်ရိုက်မိန်းကလေးပါလို့ ဆိုလာတဲ့အတွက် မျှော်လင့်ချက်မဲ့သူတစ်ယောက်လို စစ်ဟန် စကားမပြောနိုင်တော့ပေ

လင်ချင်းရှာ အရမ်း၀မ်းနည်းမိတယ် ဗိုက်ထဲက ကလေးကိုလည်း အရမ်းသနားမိတယ် သာမန်မိသားစုလေးသာ ဆိုရင် ခုချိန်က ပျော်ရွှင်နေရမှာလေ သမီးလေးရေ ဘယ်လိုပဲ ပြောပြော သမီးရဲ့ ဖြစ်တည်မှုလေးကို မားမား တန်ဖိုးထားတယ် သမီးလေးကို မားမား အဆုံးထိ ကာကွယ်သွားမယ်နော်

အိမ်ပြန်ရောက်တော့ ရှောင်းသခင် မကြီးက အဆင်သင့် စောင့်ဆိုင်းနေတယ် အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အေးဆေးတည်ငြိမ်စွာ စကားစလာခဲ့တယ်

" ကတိပေးထားတဲ့အတိုင်း သမီးမိန်းကလေး ဖြစ်နေတဲ့ အတွက် ငါစီစဉ်တာ လက်ခံရမယ်"

ရှောင်းစစ်ဟန် နှုတ်ဆိတ်နေသလို လင်ချင်းရှာလည်း ဘာမှ မပြောနိုင်ခဲ့ပေ

"ပထမ နည်းလမ်းက ဒီကလေးကို ဖျက်ချလိုက်ပါ"

"မား ..." " မား.."

ရှောင်းစစ်ဟန် နဲ့ လင်ချင်းရှာ စီမှ ကျယ်လောင်စွာထွက်လာသော အသံများကို လစ်လျူရှုပြီး ရှောင်းသခင်မကြီး ပြောစရာရှိတာ ဆက်ပြောသည်

"ပြီးရင် ဖန်ပြွန်သန္ဓေနည်းပညာနဲ့ သားယောက်ျားလေးရအောင် ချက်ချင်းကလေး ပြန်ယူရမယ်"

"ကျွန်မ လုံး၀ လက်မခံနိုင်ဘူး ဒီကလေးကိုဘယ်နည်းနဲ့မှ မဖျက်ချနိုင်ဘူး"

ရှောင်းသခင်မကြီးရဲ့ စကားအဆုံး လင်ချင်းရှာ ပြတ်ပြတ်သားသား ပြန်ပြောခဲ့မိတယ် ဘာမှမသိသေးတဲ့ကလေး ကိုယ့်သွေးသားရင်းကို ချနင်းပြီး မျိုးရိုးဂုဏ် ထိန်းသိမ်းချင်နေတဲ့ ရှောင်းသခင်မကိုလည်း အံ့ဩလွန်းလို့ ဘာဆက်ပြောရမှန်းတောင် မသိအောင် ဖြစ်မိတယ်

Whatever You AreWhere stories live. Discover now