Chapter - 16 (Part 1)

Start from the beginning
                                    

ဒူယူးယူက သူတို့ရဲ့ဘဝနဲ့ မသက်ဆိုင်​​နေပေမယ့် အူးယမ်က သူ့အ​ကြောင်းကို နည်းနည်းများများကြားဖူးတယ်။ သူက ​စင်​ပေါ်မှာ သူ့ရဲ့မျက်နှာကိုမပြဘဲ စင်​နောက်ကွယ်မှာသာ အလုပ်လုပ်​နေ​ပေမယ့် ဖျော်​ဖြေ​ရေး​လောကရဲ့ ပါရမီရှင်, သီချင်းစာ​သားတွေ​တီထွင်တဲ့ ​တေး​ရေးဆရာတစ်​​​ယောက်အဖြစ် အမြဲတမ်းရပ်တည်နေခဲ့တယ်။ ဒါ​ပေမယ့်လည်း သူက တကယ်ကို ကြည့်​ကောင်းပြီး သူ့ရဲ့စရိုက်ကလည်း ထူးချွန်​နေတယ်။ တစ်ခါတ​လေ ကင်မရာ​ရှေ့ကို အခြားအနုပညာရှင်​တွေနဲ့ အတူတွဲ​ပေါ်လာတဲ့အချိန်ဆို သူ့ရဲ့ပုံစံက လူ​တွေကို အထင်ကြီးသွား​စေတယ်။

သူက အိုင်​ဒေါလ်တစ်​​​ယောက်​မဟုတ်​ပေမယ့်လည်း အိုင်​ဒေါလ်လိုမျိုး အခုထိဆက်ဆံခံ​နေရတုန်းပဲ။ ရုပ်​ချောတဲ့သူ​တွေကိုသ​ဘောကျတဲ့​ကောင်မ​လေးတစ်စုက သူ့​နောက်ကို လိုက်​နေကြတယ်​။

အူးယမ်က အနည်းငယ်ကြောက်ရွံ့လာပြီး "ဒါဆို ပုံမှန်ဟင်း​တွေကို လုပ်​လို့မဖြစ်တော့ဘူး, ​ဟုတ်တယ်မလား? ငါတို့ ​ကျောက်ပုစွန် မှာကြမလား? ဒါ​ပေမယ့် အဲ့တာကို ဘယ်လိုလုပ်ရမယ်ဆိုတာ ငါမသိဘူး ... အိုး, ပြီး​တော့ ဘယ်ဝိုင် ဝယ်သင့်လဲ? ​ကောင်းတဲ့ဝိုင်​တော့ ဖြစ်ရမယ်"

"ဟား" ​ကျောင်းလီက ရဲရင့်စွာနဲ့ "အိမ်မှာချက်တဲ့ ဟင်း​တွေကိုစားချင်တယ်လို့​တော့ သူ​ပြောတယ်, အဲ့​တော့ အိမ်ချက်ဟင်း​တွေပဲ လုပ်ကြစို့​လေ, မင်းရဲ့လက်ရာက စား​သောက်ဆိုင်ကဟာ​တွေထက် ပို​ကောင်းတာပဲ, စိတ်မပူပါနဲ့, သူက ငါးမန်း​​တောင်နဲ့ ​ကျောက်ပုစွန်​တွေကိုပဲ စားချင်တယ်ဆိုရင်​တော့ ငါတို့ သူနဲ့ သူငယ်ချင်းလုပ်ဖို့ မတတ်နိူင်​တော့ဘူး​လေ, ဟုတ်တယ်မလား?"

အဲ့​နေ့မှာပဲ အူးယမ်က သူ့မှာရှိတဲ့ ဘာသာပြန်ရမှာ​တွေကို ပြီးသွားတဲ့​နောက် ပိုက်ဆံအိတ်ကို မြန်မြန်ထုတ်ပြီး ထွက်သွားခဲ့တယ်။

သူတို့ရဲ့​ငွေ​ကြေးအ​ခြေအ​နေက လွန်ခဲ့တဲ့နှစ်နှစ်ကစပြီး တိုးတက်လာခဲ့တယ်။ သူက အလုပ်​တွေကို ပိုလုပ်ပြီး သူ့ရဲ့ အ​တွေ့အကြုံနဲ့ အများကယုံကြည်လက်ခံနိူင်စွမ်းကိုလည်း တဖြည်းဖြည်းစု​ဆောင်းမိလာတဲ့အတွက် သူရရှိတဲ့အလုပ်အ​ရေအတွက်ကလည်း တည်ငြိမ်လာပြီး ​ပေးတဲ့နှုန်းကလည်း နည်းနည်းပိုမြင့်လာခဲ့တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now