" နင်က ယောင်္ကျားတန်မဲ့ ယောင်္ကျားယူထားတာ မဟုတ်ဘူးလား.. အဲ့ကတည်းက ဘယ်လောက်တောင် အရှက်မရှိလဲ ဆိုတာ သိနိုင်တယ် .."
" စစ်သူကြီးတဲ့လား ... ငါတို့ တိုင်းပြည်အနာဂတ်အတွက် စိုးရိမ်မိပါသေးရဲ့ .."
" ဘာလဲ... နင်က ရိုက်ချင်တာလား.. မမေ့နဲ့ ဒီနေရာက ချီဝမ်ရယ် ရဲ့ အိမ်တော် .. နင့်ရဲ့ သွေးညီနံ့တွေ ပြည့်နေတဲ့ စစ်မြေပြင် မဟုတ်ဘူး..  "
" ဒီနေရာမှ နင်က ငါ့လက်အောက်မှာဘဲ ရှိတာ .. မကျေနပ်ရင် .. ဝမ်ရယ် ကို သွားပြောလေ .. ဟမ့် "
မုန့်ယိရှင်း၏ အထင်တသေးရေရွတ်သံများသာ ထွက်ပေါ် ‌နေပြီး တဖက်ကဘာမှ မပြောလာခဲ့ပေ ။ အန်းဇယ်ရီ၏ အမှုအရာက ဆိုးရွားသွားသည် ။ ဒီလို မိန်းကလေးမျိုးက ဘယ်လိုလုပ် ဇာတ်လိုက်ဖြစ်လာသလဲ နားမလည်တော့ချေ ။
" ဒီမှာ.. ဘာတွေ ဖြစ်နေတာလဲ !! " မာထန်သည့် အသံကြောင့် လူတိုင်းလှည့်ကြည့်လာခဲ့သည် ။ အပြာနဲ့ အနက်ကို တွဲဖက်ဝတ်ဆင်ထားသည့် အန်းဇယ်ရီသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ‌ဖြည်းညင်းစွာ လျှောက်ဝင်လာသည်ကို တွေ့လိုက်ရသည် ။ တချို့လူများ၏ မျက်နှာသည် ဝင်းပသွားကာ တချို့က မျက်နှာပျက်သွားခဲ့သည် ။
အန်းဇယ်ရီ၏ အကြည့်က သူ့အားကျောပေးထားသည့် အမျိုးသားထံသို့ ရောက်သွားခဲ့သည် ။ ခပ်တင်းတင်းဆုပ်သွားသည့် လက်တစ်ဖက်ကို မြင်ဖြစ်အောင် မြင်လိုက်ရပေသေးသည် ။ မုန့်ယိရှင်းက အန်းဇယ်ရီအား တစ်ချက်သာ ကြည့်လိုက်ပြီး မျက်နှာလွဲလိုက်ကာ သူမ စိတ်ဆိုးနေခြင်းကို ဖော်ပြလိုက်သည် ။
" ကြင်ယာတော်!! ဒီမှာ ဘာတြွေဖစ်နေတာလဲ .." အန်းဇယ်ရီက မျက်နှာထားကို တည်လိုက်ကာ ပြောလိုက်သည် ။ ထိုအခါကျမှ လင်းယွီ့သည် သူ့ဘက်သို့ လှည့်လာကာ အရိုအသေပေးလာခဲ့သော်လည်း ဘာမှဆက်မပြောခဲ့ပေ ။ အကြောင်းမှာ အရင်က အန်းဇယ်ရီသည် မုန့်ယိရှင်း ပြဿာနာဖြစ်တိုင်း သူမဘက်တွင်သာ လုံးဝ ရပ်တည်ခြင်းကြောင့်ပင် ။ ပြောလဲ ထူးမည် မဟုတ်သဖြင့် မပြောတော့ခြင်းပင် ။
" ဝမ်ရယ်!! ကိုယ်လုပ်တော်မုန့် က စစ်သူကြီး .. အာ.. ကြင်ယာတော်ရဲ့ ‌ကျောက်စိမ်းပြားကို အတင်းဝင်ယူသွားပါတယ်.. " လင်းယွီ့က ဘာမှမပြောသည့်အခါ ဘေးနားက ကိုယ်ရံတော်က မနေနိုင်သဖြင့် ဝင်ပြောလိုက်ရသည် ။