အပိုင်း(၁၂)"ဘာဖြစ်နေတာလဲ အပါ.."
"...."
"ဟိုနေ့က ဘာလို့ကျူရှင်ကိုမလာတာလည်း"
အရှေ့ကနေ တတွတ်တွတ်မေးနေသော လဲ့ရည်၏ မေးခွန်းများကို တစ်ခုမှ ပြန်မဖြေဖြစ်ခဲ့။ကျူရှင်ကိုသုံးရက်ဆက်တိုက်နားလိုက်သည်မို့ ဒီနေ့လာတက်ရခြင်းပါ။တကယ်ဆိုရင် သူမလာချင်သေး။
ကိုယ့်ကိုယ်ကိုယ်သေချာအောင် စမ်းစစ်ချင်သေးတာမို့ တစ်ယောက်နဲ့မှစကားမပြောဖြစ်သေးသလို ဘယ်ကိုမှလည်းသွားချင်လာချင်စိတ်မရှိ။အချိန်တိုင်း သူ့အကြောင်းကသာခေါင်းထဲရောက်ရောက်လာတတ်တာမို့ ကျွန်တော်ရူးတော့မည်ထင်ပါသည်။ဒီနေ့က ထိုတစ်ယောက်ရဲ့ညနေပိုင်းအချိန်မို့ မတက်ဘဲနေချင်သော်လည်း တားမရနိုင်စွာ သူရှိရာအရပ်ကို ခြေချမိပြန်၏။ ကျွန်တော် ဘာဖြစ်ချင်နေလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်လည်းမသိတော့ဘူး။
သူကယောကျာ်းတစ်ယောက်ဆိုတာ သိရက်နဲ့တောင် မသိစိတ်ကရော အသိစိတ်ကပါ တစ်နေ့လောက်မမြင်ရရင်တောင် နေလို့မရခဲ့။အဲ့ဒီနေ့က သူစက်ဘီးမပါလာမှန်းသိတာကြောင့် အိမ်ကိုလိုက်ပို့ပေးဖို့ ပြန်လာခဲ့ပေမဲ့ ကျူရှင်ရှေ့မှာ အန်တီနန်းနဲ့ သုသုကိုတွေ့တာမို့ လှည့်ပြန်လာခဲ့သည်။
ဒီညနေလည်း ဘယ်လိုမျက်နှာချင်းဆိုင်ရဦးမည်မသိပါ။
"ငါ noteတွေကူးပေးထားတယ် အပါ
ဒီမှာရော့""ရတယ် ဇွဲယံကူးပေးထားတယ်"
"ဟင်...အင်းပါဟာ
နင် နေမကောင်းဘူးလားဟင်"နဖူးပေါ်ကိုစမ်းမည့်ဟန်ပြုလာသည့် လဲ့ရည်ရဲ့ လက်တွေကို အသာဖယ်လိုက်ရင်း
"နေကောင်းတယ် ဘာမှမဖြစ်ဘူး နင်အရှေ့ကိုပြန်လှည့်တော့.."
လဲ့ရည်နဲ့စကားပြောနေတုန်း ဝင်လာတဲ့ အရိပ်ကလေးကြောင့် ကိုင်ထားသောလက်ကို မသိလိုက်ခင်မှာပဲ လွှတ်ချလိုက်မိသည်။
တကယ်ဆိုရင် အဲ့လိုလုပ်ဖို့မလိုဘူးမဟုတ်လား။
သူနဲ့ကျွန်တော်က ဘာမှလည်းမဆိုင်ပါပဲနဲ့
သူအထင်လွဲမည့်ကိစ္စတွေကို မသိစိတ်က မလုပ်ဖို့ရာ အသင့်ဖြစ်နေခဲ့ပြန်ပါသည်။
YOU ARE READING
Other Side Of Diversity (Completed)
Romanceအရိုးသားဆုံးချစ်ရတာက အခမ်းနားဆုံးပျော်ရွှင်မှုပါပဲ... #ခမ်း