OSOD-7(U&Z)

62.1K 5.6K 530
                                    

အပိုင်း(၇)

ခြံထဲသို့မပြေးရုံတမယ်ဝင်သွားတဲ့ အလှလေးကို မမြင်ရတော့သည်အထိငေးလို့ဝမှ ထိုနေရာကလှည့်ပြန်လာခဲ့သည်။
ခြေတစ်လှမ်း,လှမ်းလိုက်တိုင်း ယိမ်းနွဲ့သွားတတ်တဲ့ ဆံပင်ရှည်တွေနဲ့အတူ ကျွန်တော့်နှလုံးသားလည်းယိမ်းယိုင်လှုပ်ရှားလာခြင်းရဲ့သက်သေက ပုံမှန်ထက်ပိုမြန်နေသောတဒိတ်ဒိတ်အသံတွေပါ။ကျွန်တော့်အတွက် ဒီလိုမျိုးတသိမ့်သိမ့်ကြည်နူးရပြီး ရင်ခုန်လှိုက်မောမှုဆိုတာက တကယ်ကို ခမ်းနဲ့မှ။

တကယ်ဆိုရင် ကျွန်တော်ခမ်းကိုအခုလောက်ထိ ပတ်သတ်မိလိုက်ဖို့မစဥ်းစားခဲ့ရသေးပါ။မတွေ့ရတာကြာတဲ့ မျက်နှာလှလှလေးကိုခဏမြင်ရဖို့သာ မေမေနဲ့လိုက်သွားခဲ့ခြင်းသာဖြစ်၏။လှတာမြင်ရင် သတိထားမိတတ်တာအကျင့်ဆိုပေမဲ့ ခမ်းကတော့မတူ လှတာထက် မဟာဆန်နေတာ။ဒါကြောင့်လဲ မတူညီတဲ့ခံစားချက်တွေဖြစ်ပေါ်လာတယ်ထင်ပါရဲ့လေ။အမြဲလိုလိုတည်ငြိမ်နေတတ်တဲ့သူ့အမူအယာလေးက သူမတူတဲ့ထူးခြားချက်။စာနဲ့သူ့မိသားစုကိုသာစိတ်ဝင်စားကြောင်းဖော်ပြနေတဲ့ အဖြူထည်လေးသူ့ပုံစံက ကျွန်တော်ပတ်သတ်ဖူးတဲ့ မိန်းကလေးတွေနဲ့မတူတာတော့အမှန်ပါ။

သေချာအနီးကပ်ကြည့်လေ လှလေဖြစ်နေတဲ့ ခမ်းမျက်နှာလေးက ကျွန်တော့်စိတ်ကိုမရိုးမယွဖြစ်စေသည်။အံ့သြစရာများတွေ့လိုက်ရင် ဝိုင်းခနဲဖြစ်သွားတတ်တဲ့မျက်လုံးကြည်ကြည်လေးတွေ။ဆွဲညှစ်ချင်စရာကောင်းတဲ့ နှာတံဆင်းဆင်းလေး။နောက်ပြီးတော့ ရှမ်းသွေးတစ်ဝက်ပါတဲ့ ခမ်းလေးက ပါးအို့ရဲရဲလေးတွေကိုလည်း ပိုင်ဆိုင်ထားပြန်ပါသည်။နီရဲမနေပေမဲ့ ပန်းရောင်ပြေပြေလေးသွေးနေသော နှုတ်ခမ်းဖူးဖူးလေးတွေကစကားတစ်ခွန်းပြောတိုင်းလှုပ်ခတ်သွားပုံမှာ အတင်းဖိနမ်းပစ်ချင်စရာအတိ။စိတ်မရှည်ရင်လည်း သွားလှလှလေးတွေနဲ့ဖိကိုက်ပြီးလူကိုပေစောင်စောင်ကြည့်တတ်ပါသေးသည်။အဲ့လိုအချိန်ဆို သူ့နားရွက်ကားကားလေးကို ဖွဖွလေးကိုက်ပြီး အပြစ်ပေးလိုက်ချင်စိတ်တွေတဖွားဖွား။

သေသေချာချာတွေ့လိုက်ရတဲ့အချိန်က မများပေမဲ့ ခမ်းရဲ့အမူအယာတစ်ခုချင်းစီတိုင်းကို အလွတ်ကျက်နေတဲ့ကျွန်တော်က မိနစ်ပိုင်းလေးအတွင်းမှာတောင် အကုန်နီးပါးမှတ်မိနေပါသည်။

Other Side Of Diversity (Completed)Where stories live. Discover now