OSOD-11(U&Z)

63.6K 5.4K 168
                                    

အပိုင်း(၁၁)

ဦးမင်းနောင်တစ်ယောက် လှေကားပေါ်ကနေ ကျော့မော့စွာဆင်းလာတဲ့ သားတော်မောင်ကိုသေချာကြည့်နေမိသည်။အခုတလော အိမ်မှာနေတဲ့ရက်နည်းနေတာမို့ ဒီကောင်နဲ့ဆုံဖြစ်ချိန်ရှား၏။

"ဖေဖေ သားသွားတော့မယ်"

"နေအုံး.."

"ဗျာ.."

"မင်းကကျူရှင်သွားတာလား ရှိုးပွဲသွားတာလားကွ တစ်အိမ်လုံးလည်းအနံ့မျိုးစုံနဲ့ မွှန်ထူနေတာပဲကွာ..အရင်က ကျူရှင်တက်ဖို့ကို အသက်ထွက်မတတ်ပြောနေရတဲ့ကောင်က အခုဆို တစ်နာရီလောက်ကြိုပြီးထွက်နေတယ် မှန်မှန်ပြောစမ်း မင်းဘာတွေလုပ်နေသလဲ"

"ဟော...သားကဘာတွေလုပ်ရမှာလဲ ဖေဖေရယ်
ကျူရှင်သွားတယ် စာသင်တယ် ပြန်လာတယ်လေ
ဖေဖေတို့ဖြစ်စေချင်တာကလည်းဒါပဲမဟုတ်ဘူးလား"

"ဒါတော့ဒါပေါ့ကွ အခု မင်းဟာက..,"

"ကျွန်တော့်ဟာက ဘာဖြစ်နေလို့လဲ ဖေဖေရာ..တကယ်ပဲလိုက်မမှီတော့ဘူး မတက်ချင်တော့လည်း ရိုက်ပြီးမထားရုံတမယ်..စိတ်လိုလက်ရ တက်နေပြန်တော့လည်း လူကိုတရားခံကြီးကျနေတာပဲ မေးမြန်းနေလိုက်တာများ လူကြီးတွေ 40ကျော်လာရင် ပြောရဆိုရသိပ်ခက်လာတာပါလား.."

"ဟေ့ကောင်..!"

"သွားပြီဖေဖေ မေမေ့ကိုလည်းပြောလိုက်အုံး"

"ဒီကောင်ကတော့.. ငါကွာ!"

"ကဲ အဲ့မှာတစ်ယောက်တည်း ကွာနေပြန်ပြီ
သားကသူ့ဘာသူအေးအေးဆေးဆေးနေ‌တာလေ အကိုရယ်..ဘာတွေအလိုမကျဖြစ်နေပြန်ပြီတုန်း"

"မင်း,သားကျူရှင်သွားပုံကိုလည်းကြည့်အုံးလေ တစ်ကိုယ်လုံး
ပြင်ဆင်နေလိုက်တာများ မင်းသားရှုံးတယ်.."

"သူ့ပညားရေးနဲ့ စာရိတ္တကို မထိခိုက်ရင်ပြီးတာပဲလေ အကိုရယ်.. မူယာကတော့ ဒီနှစ်All Dသို့မဟုတ်5Dထဲမှာ သားလေးကိုမှန်းထားတယ် ပြောတယ် သူ့ဘာသူနေပါစေ .."

"မင်းပဲ ကြပ်ကြပ်အလိုလိုက်..အဲ့ကောင်က ပြန်မပြောနားမထောင် သူ့လုပ်ချင်ရာလုပ်တဲ့ကောင်"

"...,"

ပြောရင်းဆိုရင်းနဲ့အိမ်ပေါ်တက်သွားတဲ့ အစ်ကို့ကိုကြည့်ရင်း ကျွန်မခိုးပြုံးမိသည်။

Other Side Of Diversity (Completed)Where stories live. Discover now