OSOD-10(U&Z)

67.4K 5.4K 554
                                    


အပိုင်း(၁၀)

ဒီနေ့ နေသိပ်မကောင်းတာမို့ ကျူရှင်ကိုမသွားနိုင်ခဲ့ပါ။
ရာသီအကူးအပြောင်းမို့ထင်ပါသည်။ဆောင်းရာသီရောက်ခါနီးတိုင်း အမြဲလိုလို နေမကောင်းဖြစ်တတ်တာမို့ ဂရုတစိုက်နေလည်း သိပ်တော့အရာမထင်။

အခုလည်း လွန်ခဲ့တဲ့တစ်နာရီလောက်ကတည်းက အခန်းထဲကိုဝင်လာပြီး ကျွန်တော့်Phoneနဲ့Gameဆော့နေသောသုသုကို အမြင်ကတ်လာတာကြောင့်

"သုသု ကျူရှင်မသွားသေးဘူးလား
Gameဆော့နေတာကြာပြီနော်"

"ကျူရှင်ချိန်ကစောသေးလို့ပါ ကိုကိုရယ်
ခဏတဖြုတ်ဆော့တာပါ"

"စောနေရင် စာကျက်ပါလား စာမေးပွဲကနီးနေပြီကို..
ပြီးမှစာတွေနဲ့နပန်းလုံးရတော့မယ်။သုသုနော်..မပြောချင်လို့ကြည့်နေတာ ကိုကိုကျူရှင်သွားနေတဲ့အချိန်တွေဆို သုသုမတို့လွတ်လပ်ရေးပဲ.. တစ်ချိန်လုံးGameဆော့နေမှာ ငါမသိဘူးမှတ်နေလား"

"အာ....အိမ်မှာကိုကိုရှိနေရင် သိသာသလားမမေးနဲ့
တော်ပြီ ကျူရှင်သွားတော့မယ်"

"ခုနကတော့ စောသေးတယ်ဆို"

"ကိုကိုဆူနေတာနဲ့ အချိန်ပြည့်သွားပြီ၊သွားရတော့မယ်"

"နေအုံး ငါလိုက်ပို့မယ်"

"ဟာ...လိုက်မပို့နဲ့..မပို့ပါနဲ့ နေကောင်းတာလည်းမဟုတ်ဘဲနဲ့
ပြီးရင် စက်ဘီးပေါ်ထိလိုက်ပွားအုံးမှာ စက်ဘီးစီးရင်းနားငြီးတာထက်စာရင် ကိုယ့်ဖာသာလမ်းလျှောက်ပြီးသွားတော့မယ်"

ပြောပြီးတာနဲ့ သုသုက လွယ်အိတ်ကိုဆွဲကာခြံထဲကိုပြေးဆင်းသွားသည်။ခမ်း ဘာမှတောင်ပြောချိန်မရလိုက်။ ဒီကောင်မလေး ဒီနှစ်ပိုင်းမှာ ပုံစံပြောင်းလာတာကို ခမ်းသတိထားမိပါသည်။
အရင်ကလို မိန်းကလေးဆန်ဆန်အနုအရွတွေသိပ်မတွေ့ရတော့ပေမဲ့ ယောက်ျားလေးလိုဖြစ်လာတာမျိုးလည်းမဟုတ်။
အပြောအဆို ပိုပြီး ပွင့်လင်းလာတာပင်။ကျွန်တော့်ကိုလည်း အရင်လိုချစ်ပေမဲ့ မောင်နှမဆိုတာထက် သူငယ်ချင်းလို ပိုပြီးပေါင်းလာတတ်၏။

အခုမှဟင်းချက်ပြီးပုံရတဲ့မားက အခန်းထဲကိုဝင်လာရင်း

"သုသုရော"

Other Side Of Diversity (Completed)Där berättelser lever. Upptäck nu